ဒိန်ချဉ် ကြက်ကင်
အကင်ကို ကြိုက်နှစ်သက်သူ ဆိုရင် တကယ်အကြိုက်တွေ့မယ့် ဒိန်ချဉ် ကြက်ကင်လေးပါ။ ကြက်တစ်ကောင်လုံးမဟုတ်ပဲ ကြက်အစိတ်အပိုင်းတွေကို ကင်တဲ့နည်းလေးပါ။ ဒိန်ချဉ်နဲ့ နှပ်ထားတာမို့ ကြက်သား အရေခွံက ကြွပ်ရွနေပေမယ့် အတွင်းက ကြက်သားက အရမ်းကို နူညံ့နေတာကို တွေ့ရမှာပါ။ ချဉ်ပြုံးပြုံးအရသာနေနဲ့ မီးခိုရနံ့လေးပါ တွဲဖက်ရရှိပါတယ်။ တူတူလုပ် ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingrdients]
- ကြက် [chicken] ♦ ပေါင် နဲ့ ရင်ဗုံ (၂စုံ)
- လီမွန်ရည် [lemon juice] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- ဒိန်ချဉ် [yogurt] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- သံလွင်ဆီ [olive oil] ♦ စားပွဲတင်ဇွန်း ၃ဇွန်း