ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာ
ထိုင်းစတိုင် ပုဇွန်၊ ဘေကွန် မြေအိုးဟင်းလျာပါ။ ပဲကြာဇံက ဆော့ရည်နဲ့ ဘေကွန်ရဲ့ ချိုစိမ့်တဲ့ အရသာ အားလုံးကို စုတ်ယူထားတာမို့ တကယ်ကို အရသာ ထူးခြား ကောင်းမွန်တဲ့ ဟင်းလျာ တစ်မျိုးပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပုဇွန်ကျား – ၁၅ကောင် (ခေါင်းဖယ် အခွံချိန်ထားပါ)
- ပဲကြာဇံ – ၁၀၀ ဂရမ် (ရေ နာရီဝက်ခန့် စိမ်ထားပေးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
- ဘေကွန် – ၄ပြား (၁လက်မ အရွယ်များ ပိုင်းဖြတ်ပါ)
- ကြက်သွန်မြိတ် – စည်းဝက် (၁လက်မ အရွယ် ပိုင်းဖြတ်ပါ)
- တရုတ်နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
- မြေအိုး – ၁အိုး (ချက်ရန်)