YKKO စတိုင် ကြေးအိုး (၄ယောက်စာ)
YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်…
ကြေးအိုးတွင် ပါဝင်ပစ္စည်းများ
- ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
- ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
- ၀က်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)
Read more