အီတလီစတိုင် Spaghetti စပါ(ဂ်)တီ (၂ယောက်စာ)
အီတလီစတိုင် စပါ(ဂ်)တီ လုပ်နည်းလေးပါ။ စပါ(ဂ်)တီခေါက်ဆွဲနဲ့ Bolognese ဆော့လို့ ခေါ်တဲ့ အမဲသားဆော့လေးနဲ့ တွဲဖက်စားသုံးရတာပါ။ စပါဂ်တီက အရသာကလည်း အထူးကောင်းမွန်ပြီ အနံ့လေးကလည်း အနောက်တိုင်း အမွှေးအကြိုင်အနံ့လေးနဲ့မို့ ထူးခြားနေပါတယ်။ ဒီချက်နည်းလေးက ခက်လည်း မခက်ပဲ၊ လူတိုင်း အလွယ်တကူ လုပ်စားနိုင်မှာမို့ စပါ(ဂ်)တီ ချစ်သူတွေ ကြိုက်နှစ်သက်မှာ ကြိမ်းသေပါပဲ။ ခုပဲ တူတူလုပ်စားလိုက်ရအောင်…
စပါဂ်တီတွင် ပါဝင်ပစ္စည်များ
- စပါဂ်တီ ခေါက်ဆွဲထုပ် – တ၀က် (၁၅၀ ဂရမ်)
- ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ရေ – ၂လီတာ
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ