မြေအိုး ကြက်သားထမင်း
မလေးရှားစတိုင် မြေအိုး ကြက်သားထမင်း ချက်နည်းပါ။ မြေအိုးနဲ့ ချက်ထားတာမို့ စားတဲ့အခါ ပူပူလေးနဲ့ အရသာ အရမ်းကောင်းမွန်ပါတယ်။ အရင်ဆုံး မြေအိုးထဲကို ထမင်းထည့်၊ ပြီမှ ကြက်သား၊ မှို၊ ကြက်အူချောင်း ထည့်ပြီ မီးနည်းနည်းဖြင့် မြေအိုးဖြင့်ပေါင်းချက်ထားလို့လည်း ပြောလို့ရပါတယ်။ လုပ်စားရလည်း လွယ်ပြီ နေ့လည်စာ၊ ညနေစာအဖြစ်နဲ့ လုပ်စားနိုင်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ဆန် – ၂ခွက် (ရေစင်အောင် ဆေးထားပါ)
- ကြက်အူချောင်း – ၂ချောင်း (အပါးအစောင်းလှီးပြီ ဆီဖြင့် ၁မိနစ်ခန့် ကြော်ပေးထားပါ)
- ကြက်ပေါင် – ၂ခု (အတုံးများ တုံးထားပါ)