ကိုရီယား ၀က်သားကင်
ကိုရီယား စတိုင် ၀က်သားကင် လေးပါ။ ကိုရီယား ရုပ်ရှင်ကားတွေမှာ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ စားတာ မြင်ပြီကတည်းက စားချင်နေတာ။ ခုမှ လုပ်စားဖြစ်တော့တယ်။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ၀က်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
- ၀က်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ)
- ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
- ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)