ဘဲကင် နှင့် တရုတ်စတိုင် ခေါက်ဆွဲပြုတ်
တရုတ်စတိုင် ဘဲကင် ခေါက်ဆွဲပြုတ်လေးပါ။ ဘဲသားကို ၁ရက်အချိန်ကြာကြာ နုပ်ပြီမှ ကင်ထားတာမို့ အရသာက ပျော်ဖွယ်ရာ မရှိအောင် ကောင်းပါတယ်။ ခေါက်ဆွဲပြုတ်ကလည်း ပဲပင်ပေါက်၊ မုန့်ညှင်စိမ်း၊ မှိုပွင့်တို့နှင့် အလွန်လိုက်ဖက်ပါတယ်။ ခေါက်ဆွဲပြုတ် ဆန်းဆန်းလေး စားချင်သူတွေအတွက် အကြိုက်တွေ့မယ့် ချက်နည်းလေးပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ဘဲကင်ရန် ပါဝင်ပစ္စည်းများ
- ဘဲရင်ဗုံ၊ ပေါင်တွဲယှက် – ၂ခု(အရေခွံပါ) (ရင်ဗုံသားကို အသား သက်သက်ဓားဖြင့် နွင်းထားပါ)
- တရုတ်မဆလာ (Five-spice powder) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း