ဘေဂျင်း (Beijing) ထမင်းကြော် (၄ယောက်စာ)
ဒါကတော့ Beijing ထမင်းကြော်လေးပါ။ မနက်စာ စားရန် ထမင်းကြော် အသစ်အဆန်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ စားလို့လည်း အရသာကောင်းပါတယ်။ နှမ်းဆီနံ့လေးမွှေးပြီ အရသာက သာမန် ထမင်းကြော်တွေနဲ့ မတူပဲ ထူးခြားမူလေးတွေ ရှိပါတယ်။ ချက်နည်းလေးကို တူတူကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ချက်ပြီးသား ထမင်း – ၄၀၀ဂရမ်
၂။ ကြက်ဥ – ၃လုံး ( ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပြီ ခလောက်ပေးပါ)
၃။ မြေပဲဆီ ( groundnut oil) – စားပွဲတင်ဇွန်း ၂ဇွန်း
၎။ ကြက်ရင်ဗုံသား – ၂၀ ကျပ်သား (အတုံးသေးများ လှီးပါ)
၅။ ခရမ်းချဉ်သီး (tomato) – ၂လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
၆။ မုန်လာဥနီ (carrot) – ၁ဥ (အတုံးသေးလေးများ တုံးလိုက်ပါ)
ရ။ ဘိုစားပဲ (French Bean) – ရခု (အတုံးသေးလေးများ တုံးလိုက်ပါ)
၈။ ပဲငံပြာရည် အကြည် (Light soy sauce) – စားပွဲတင်ဇွန်း ၃ဇွန်း
၉။ နှမ်းဆီ (sesame oil) – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁၁။ ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
ပြင်ဆင်နည်း
၁။ အရင်ဆုံး ကြက်သားတုံးလေးများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် ရောနုယ်လိုက်ပါ။
၂။ ပြီးနောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်၍ ကြက်သားတုံးလေးများကို ကျက်သည်အထိ မွှေပေးပါ။ ပြီးလျှင် ပန်းကန်တစ်ခုထဲ ကြက်သားများကို ပြန်ဖယ်ထားပေးပါ။
၃။ မုန်လာဥနီ နှင့် ဘိုစားပဲများကို ရေနွေး ၂မိနစ်ခန့် ဖျော်ထားပေးပြီ ရေအေးပြန်စိမ်ထားပါ။ နောက်မှ ဇကာဖြင့် ရေပြန်စစ်ထားပါ။
ချက်ပြုတ်နည်း
၁။ ထမင်းကြော် စကြော်ပါတော့မည်။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥများကို ထည့်ပြီ ကြေမွအောင် မိနစ်အနည်းငယ် မွှေလိုက်ပါ။
၂။ ထို့နောက် ထမင်းများကို ထည့်ပြီ အသာလေး မွှေပေးပါ။ (ထမင်းများ မကြေမွသွားပါစေနှင့်)
၃။ ပြီးလျှင် မုန်လာဥနီ၊ ဘိုစားပဲ၊ ခရမ်းချဉ်သီး၊ ကြော်ထားသော ကြက်သားများကို ထည့်ပြီး ၁မိနစ်ခန့် ရောမွှေလိုက်ပါ။
၎။ ပြီးမှ ပဲငံပြာရည်(အကြည်)၊ နှမ်းဆီ၊ င၇ုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ် အားလုံး ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ ပူပူနွေးနွေးလေး Beijing ထမင်းကြော်ကို မနက်စာအဖြစ် စားသုံးနိုင်ပါပြီ….
အင်း ဒါလေးကလည်း မဆိုးဘူး လွယ်လဲလွယ်တယ်
လုပ်စားချင်စရာလေး
ထမင်းကြော်တော့ ဘယ်လိုကြော်ကြော်ကြိုက်တယ်
ဟုတ်တယ် မချော လုပ်ရတာလွယ်လည်း လွယ်တယ်။ စားလို့လည်းကောင်းတယ်..
tal tal ko sar kaung mae pone lay bae…yummy…..
မနက်စာ အဖြစ် လုပ်စားကြည့်လေ မှုံကြီးရဲ့..
ပထမဆုံးအကြိမ်ရောက်လာပါတယ်။ ယာကူဇာကိုတော့ မကြာမကြာရောက်ပါတယ်။
ဟင်းချက်နည်းလေးတွေ စိတ်ဝင်စားလို့ နောက်လဲ လာကြည့်ပါဦးမယ်။ ဘ၀ဆိုတာ ပြောလို့ရတာဟုတ်ဘူး။ ချက်ကျွေးချင် ချက်ကျွေးနေရမှာ။း)))))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကိုကိုမောင်ရေ လာလည်သွားလို့ ကျေးဇူးပါ…. ဟားဟား… ဘာပဲဖြစ်ဖြစ် လုပ်တတ် ထားတော့ ပိုကောင်းတာပေါ့နော်… နောက်လည်း လာလည်ပါနော်…
ခင်မင်လျှက်
ဝတ်ရည် (ဂျူးလိယက်)
လင့်ခ်ပါ တစ်ခါတည်း ယူသွားလိုက်တယ်နော်။
လင့်ပေးလို့ ထပ်ရှဲရှဲပါ…
ကော်ရည် ခေါက်ဆွဲ စားချင်တယ်..လုပ်နည်းသိရင် ပြောပြပါ…..
ဟုတ်ကဲ့.. ၀တ်ရည်တော့ သေချာ မသိပေမယ့် မေးပေးပါ့မယ်..
email subcription လုပ်ထားတာ တစ်ခါမှလည်း မပို့ပေးဘူး

ညနေစာချက်ခါနီးတိုင်း ဘာချက်ရရင်ကောင်းမလဲဆိုပြီး လာ လာ ချောင်းရတယ်
သူများတိုင်းပြည်မှာနေတုန်း ကရိယာတန်စာပလာ အပြည့်အစုံရှိတဲ့ သူများ kitchen က ကိုယ့်ရဲ့လေ့ကျင့်ရေးကွင်းကြီးပေါ့
thanks alot
မမိုးရေ email subcription လုပ်ရင်တော့ အမှန်ဆို ဟင်းသစ်တင်တိုင်း ပို့ပေးရမှာပါ။ တချို့ကတော့ တလတခါမှ ပေါင်းပို့ပေးဖို့ ရွေးထားလို့ တလတစ်ခါမှ အီးမေးကနေ အကြောင်းကြားပေးပါတယ်။ မမိုး အီးမေးကို ၀တ်ရည် အီးမေး chowutyee(at)googlemail(dot)com ကိုပို့ပေးလိုက်ပါ။ ၀တ်ရည် ပြန်အီးမေး subcription ထပ်စမ်းလုပ်ကြည့်ပေးပါ့မယ်.. ကျေးဇူးပါ။
i like to cook
i wan try do tonight…..for dinner:Dhaha
အင်း အဲလိုတော့
ကျွန်တော် တို့အတိအကျမပြနိုင်ဘူး
Video တွေ ရိုက်ထားတာတွေတော့ ရှိပါတယ်
လိုက်ကြည့်တာ တော် တော် စုံတယ်ဗျာ
လေးစားပါတယ် နောက်နှစ်လောက်မှ
Online ပြန်တက်လာမှဘဲ ဖိတ်ခေါ်ပါအုံးမယ်
ကျွန်တော့ရဲ့ နိုင်ကွင်းလေးပါ
http://futuredream.ning.com ပါ
ခုတော့ ဆူရှိလိပ်နေပါတယ်ဗျာ
စာသောက်ဆိုင်ဖွင့်ရင် ရှယ်ယာပေးမယ်ဗျာ
မြန်မာ အစားအစာတွေ ချက်တတ်ချင်တာဗျာ
ဒါပေမဲ့ မီးအေးအေး လေးနဲ့ မချက်တတ်တော့
မကောင်းဘူး မီးလုံးကြီးကြီး တွေနဲ့မှ ချက်တတ်ပြုတ်တတ်တော့
မမိုက်ဘူး နောက်ဘဲ ထပ်လာလည်အုံးမယ်ဗျာ
လေးစားပါတယ်ဗျာ
ကောင်းသောနေ့လေးပါ
အရာအားလုံးကံကောင်းပါစေ
ညီကိုမောင်နှမလေးများအား
ထာဝ၇လေးစားချစ်ခင်လျှက်
Xman_နတ်လူမုန်း
ကျွ
ဟုတ်ကဲ့ နောက်လည်း လာလည်ပါအုန်း…
မမ၀တ်၇ည်ေ၇..ခိုင်တော့လာလည်သွားတယ်မမတင်တဲ့ အစးစာတွေလုပ်စားတယ်..အိမ်ထောင်ကျ၇င်တော့ဆင်သင့်ဖြစ်အောင်ပေါ့…ဟိဟိ
ဟုတ်ကဲ့ ညီမ… အိမ်ထောင်ကျရင် ဟင်းချက်တတ်ထားတာ အဆင်ပြေတာပေါ့…
စားကောင်းမှာပါ … ဟင်းမစားချင်တဲ့အခါ ချက်ကြည့်ရမယ် … ကျေးဇူးနော် …
ဟုတ်၊ လုပ်ရလွယ်ပြီ စားလို့ကောင်းတယ်
ကျေးဇူးပါဝတ်ရည်ရေ။သားတွေ(အမွာ)ကစိတ်ဝင်စားလို့ အမြဲရောက်ဖြစ်ပါတယ်။အသစ်တွေတင်ပေးပါအုန်း။
ဟုတ်ကဲ့။ ကြိုးစားပြီ အသစ်တွေ များများ တင်ပေးပါ့မယ်နော်
နှစ်သစ်မှာ ပျော်ရွင်မှု့တွေနဲ့ ပြည့်စုံပြီ ဟင်းချက်နည်းကောင်းကောင်းလေတွေကို များများ တင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်.
်
ပေးတဲ့ဆုနဲ့ပြည့်ရပါစေ။
ကောင်းသော အသိပညာများ များ၂ပေးနိုင်ပါစေ
ွှကျေးဇူးပါနော်
ထမင်းကြော်ဆိုကြိုက်ပြီးသားဂျ
Please try! It is simple and good one!
နှမ်းဆီက အညာဒေသမှာသုံးတဲ့ ဆီကိုပြောတာလားဗျ။ဒါမှမဟုတ် ဆိုင်တွေမှာသုံးတဲ့ ဆီမွှေးမျိုးပါလား?ဖြေပေးပါအုံး အစ်မရေ ။
နှမ်းဆီမွှေး (season oil)ကို ပြောတာပါ…
Clanek je dobry, ale doporucuji autorovi, aby si jej priste po sobe radeji precetl. Chci verit, ze to jsou jen preklepy, videl jsem tam 2 hrubky :-(. Za chvili zde zacne poucovat soudruh Nejedly a ten pravopis rozhodne neni dobrou viztkou.
အမေရိကန်ထမင်းကြော်လုပ်နည်းလေးတင်ပြပေးပါ
ဟုတ်ကဲ့ ကြိုးစားပြီ တင်ပေးပါ့မယ်..
မိုက်တယ် ဒါလည်း လွယ်တယ် .. လုပ်စားဦးမယ်. .
Plz try naw sis