ခရမ်းချဉ်သီးသုပ်
ပုဇွန် ဟင်းလျာ၊ ခရမ်းချဉ်သီးသုပ်၊ တာလပေါဟင်းချို ဟင်းတွဲလေး တင်ပေးလိုက်ပါတယ်။ အချိန်တိုအတွင်းမှာပဲ သုပ်စားနိုင်တဲ့ ခရမ်းချဉ်သီးသုပ်ပါ။ အရသာလည်း ကောင်းမွန်တာမို့ ခုပဲ တူတူသုပ်ကြည့်ရအောင်..
ခရမ်းချဉ်သီးသုပ်တွင် ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး – ၅လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
- ပုဇွန်ခြာက် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ညက်အောင် ထောင်းထားပါ)
- မြေပဲ – စားပွဲတင်ဇွန်း၁ဇွန်းခွဲ (မညက်တညက် ထောင်းပါ)
- ဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း
- ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- သကြား – စားပွဲတင်ဇွန်း တ၀က်
- နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
သုပ်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် ပါဝင်ပစ္စည်းများ ဖြစ်သော (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပုဇွန်ခြောက်မှုန့်၊ မြေပဲ၊ ငံပြာရည်၊ ဆား၊ သကြား၊ ဆီချက်၊ နံနံပင်) တို့ကို ထည့်လိုက်ပါ။
၂။ အားလုံး သမအောင် ရောမွှေလိုက်ပါ။ အရသာရှိသော ခရမ်းချဉ်သီးသုပ်ကို သုံးဆောင်လို့ရပါပြီ…
၃။ ဟင်းအစပ်အဟပ် တွဲလေး ချက်စားချင်ရင်တော့ ပုဇွန်ဟင်းလျာ၊ ခရမ်းချဉ်သီးသုပ်၊ ကရင် တာလပေါ ဟင်းချို သုံးဆောင်လို့ရပါတယ်…
thanks a lot
Welcome!
[…] ဟင်းလျာ၊ ခရမ်းချဉ်သီးသုပ်၊ တာလပေါဟင်းချို ဟင်းတွဲလေး […]
this is a good page ,it is good for people who are interested in cooking.thanks .
Thanks also par
ခရမ်းချဉ်သီးသုပ်ကြိုက်တယ်အခုလို့တင်ပြပေးတဲ့အတွက်မမကိုကျေးဇူးတင်ပါတယ် ရှိသေးရင်လဲတင်ပေးဦးနော်မမ Gmail ထဲလဲပို့ပေးနော်မမ
ဟုတ်ကဲ sis.. Email subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း ပို့ပေးပါတယ်…
Thz u so much