”Wutyee Food House ဟင်းလက်ရာ (၁၀၃)မျိုး စာအုပ်သစ်”
” Wutyee Food House ဟင်းချက်လက်ရာ(၁၀၃)မျိုး စာအုပ်သစ် ထွက်ပြီ”
– ချစ်ခင် လေးစားရပါသော အန်တီ၊ အန်ကယ်၊ ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Food House ဟင်းလက်ရာ(၁၀၃)မျိုး ဟင်းချက်စာအုပ်သစ် ထုတ်ဝေလိုက်ပြီ ဖြစ်တဲ့အကြောင်းကို သတင်းကောင်း ပါးပါရစေ။
– ဟင်းချက်စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Food House ဟင်းချက်လက်ရာ(၁၀၃)မျိုး ဟင်းချက်စာအုပ်” ကိုအားပေးကြပါနော်… <3
ဈေးနှုန်း – ၅၀၀၀ ကျပ်
ဟင်းချက်နည်း – ၁၀၃မျိုး
စာမျက်နှာ – ၁၃၂
ဝယ်ယူနိုင်သည့် နေရာ – စာအုပ်ဆိုင်တိုင်း၊ City Mart၊ Ocean Supermarket၊ Capital၊ Better Day Media Publication (၀၁-၂၄၀၁၅၁၊ ၀၉၅၀၃၃၉၁)
About Cookbook
ယခု ထုတ်ဝေသည့် ဟင်းချက်စာအုပ်တွင် အရသာထူးခြားပြီ ဆန်းသစ်သည့် ဟင်းချက်နည်း အသစ် အမျိုးပေါင်း (၁၀၃)မျိုးကို ချက်ပုံ အဆင့်ဆင့်နှင့် တကွ တွဲဖက် ဖော်ပြပေးထားသည်။
မြန်မာဟင်းလျာ ချက်ပြုတ်နည်းများ၊ တရုတ်ဟင်းလျာ ချက်ပြုတ်နည်းများ၊ တောင်ပိုင်း အိန္ဒိယဟင်းလျာ ချက်ပြုတ်နည်းများ၊ ဂျပန် ဟင်းလျာ ချက်ပြုတ်နည်းများ၊ နိုင်ငံတကာ ဟင်းလျာ ချက်ပြုတ်နည်းများ၊ Healthy & Diet ချက်ပြုတ်နည်းများ၊ သက်သက်လွတ် ဟင်းလျာ ချက်ပြုတ်နည်းများ နှင့် ကင်နည်းများ စုစုပေါင်း ဟင်းချက်နည်း (၁၀၃)မျိုးလုံးကို တစ်စုတစည်းတည်း စာအုပ် တစ်အုပ်တည်းမှာ ရေးသား ဖော်ပြထားခြင်းဖြစ်သည်။
ဟင်းချက်နည်းများကို လိုက်လံ ချက်ပြုတ်ရာမှာ လွယ်ကူစေရန်အတွက် ချက်ပုံ အဆင့်ဆင့်နဲ့ ပါဝင်တဲ့ ပစ္စည်း အချိန်အတွယ် အတိအကျကိုပါ ရေးသား ဖော်ပြထားသည်။ ဟင်းလျာများကို ချက်ပြုတ်ရင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံပါစေကြောင်း Wutyee Food House မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ချိုဝတ်ရည် (Wutyee Food House)
Cooking Book Contents
မြန်မာဟင်းလျာ ချက်ပြုတ်နည်းများ
- ၀က်သားနီချက်
- အမဲသားခါးပတ် အာလူးဟင်း
- ကြံသကာ နှင့် ငါးသလောက်ပေါင်း
- မွန်ချောကတဲ ငါးခြောက်ပဲကြီးဟင်း
- ရဲယိုရွက် နှင့် ငါးပေါင်းထုပ်
- မွန်ငါးကြင်းဆီပြန်
- ဌက်ပျောဖူးဟင်း
- မွန်ကြက်သောက်စမ်း
- မွန်တာလပေါ့ဟင်းချို
- အညာထမင်းသုပ် နှင့် ပုဇွန်ထုပ်ကြော်
- ပုန်းရည်ကြီးသုပ်
- ပုန်းရည်ကြီး ထမင်းကြော်
- ဆေးဘဲဥသုပ်
- မော်လမြိုင်မုန့်ဟင်းခါး
- မြင်းခြံကြက်သားပလတာ
- ပုဇွန် အစိမ်းသုပ်
တရုတ် ဟင်းလျာ ချက်ပြုတ်နည်းများ
- ဂျင်းဆင်း ကြက်ကောင်လုံးစွပ်ပြုတ်
- ရှန်ဟိုင်းစတိုင်လ် ကြက်သားမှိုဟင်းလျာ
- ဟောင်ကောင်စတိုင်လ် ဖက်ထုပ်ခေါက်ဆွဲ
- ကန်တုံစတိုင်လ် ၀က်သားကင်
- ခေါက်ဆွဲ နှင့် ၀က်အာပူလျှာပူ
- ကန်တုံစတိုင်လ် ပုဇွန်ချိုချဉ်ကြော်
- ကြက်သား ပဲပိစပ်
- ကြက်ကောက်ညှင်း
- ကြက်တောင်ပံ အစာသွပ်နှင့် ဂျင်းဆော့
- ဂဏန်းသား ထမင်းကြော်
- ၀က်ခြေထောက်စွပ်ပြုတ်
- ဟင်းနုနွယ်၊ ဆေးဘဲဥဟင်းချို
- ဂဏန်းသား ကော်ရည်ဟင်းချို
- တရုတ်စတိုင် ကောက်ညှင်း မြေပဲ အစာသွပ်မုန့်
တောင်ပိုင်း အိန္ဒိယဟင်းလျာ ချက်ပြုတ်နည်းများ
- ဆိတ်သား ဒိန်ချဉ် ဟင်းလျာ
- Adhra ကြက်သားဟင်း
- Apollo ငါးအစပ်ကြော်
- ရှးရှဲချဉ်စပ် ကြက်သားသုပ်
- အုန်းနို့ပုဇွန် ရနံ့သင်း ဟင်းလျာ
- ဂဏန်းလက်မ မဆလာချက်
- Saffron ထမင်း
- ကြက်ဥ ဟင်းလျာ(Egg Korma)
- ရုံးပတေသီးဆီပြန်
- အိန္ဒိယစတိုင် ပဲနီလေး ဟင်းချို
- အာလူးကတ်သလစ်ကြော်
- အာလူး၊ ချိစ် ဆမ်ဝေ့ကင်
ဂျပန်ဟင်းလျာ ချက်ပြုတ်နည်းများ
- ၀က်သားအကြွပ်ကြော် Tonkasu ဆော့စ်
- ဂျပန်စတိုင်လ် ကြက်သားမဆလာဟင်း
- Teriyaki စတိုင်လ် အမဲသားနှင့် ဟင်းရွက်စုံကြော်
- ကြက်သား Teriyaki ဆော့စ်
- ၀က်သားလုံး၊ ငုံးဥအစာသွပ်
- Soba ခေါက်ဆွဲ နှင့် တူနာ အရွက်စုံသုပ်
- Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်
- တန်ပူရာကြော်
- ဂျပန်စတိုင်လ် တို့ဟူးကြော်
- ဌက်ပျောသီး Crepe
နိုင်ငံတကာ ဟင်းလျာ ချက်ပြုတ်နည်းများ
- အင်ဒိုနီးရှားစတိုင်လ် ကြက်သားကြော်
- ဗီယက်နမ်စတိုင်လ် ငါးပေါင်း
- ကောက်ညှင်း ကြက်သားအစာသွပ်
- ဖိလိပိုင်စတိုင်လ် အမဲသား၊ sausage နှင့် သီးရွက်စုံစတူး
- Adobo ကြက်သား ငရုတ်ကောင်း
- အမဲသား Stroganoff
- Chicken Ala King ဟင်း
- အီတလီစတိုင်လ် ပုဇွန်ပါစတာ မာရီနာရာ
- အီတလီယျံခေါက်ဆွဲ နှင့် ကြက်သားမှို့ဆော့စ်
- မှိုခရင်(မ်) ဟင်းချို
- ကင်ချီ ထမင်းကြော်
- ၀က်အူချောင်း နှင့် ပဲကြာဇံ အစပ်သုပ်
- ထိုင်းစတိုင်လ် ကြက်အူချောင်း နှင့် သခွာသီးသုပ်
- အဆာပြေ ပုဇွန်၊ သီးရွက်စုံသုပ်
Healthy & Diet ချက်ပြုတ်နည်းများ
- အမဲသား broccoli ကြော်
- ဆန်လုံးညို ဟင်းရွက်စုံ ထမင်းကြော်
- အရသာစုံ ပုဇွန်၊ နာနတ်သီး ဆလတ်သုပ်
- ဆယ်လ်မွန်ငါး နှင့် သစ်သီး ဆလတ်သုပ်
- ဆယ်လ်မွန်ငါ်းခရင်မ်ဆော့စ် နှင့် ဟင်းနုနွယ်
- ကြက်ရင်ဗုံသား၊ ကညွှတ် နှင့် မှိုကြော်
- ရွှေဖရုံသီး ဟင်းချို
- အာလူး ဆလတ်သုပ်
- Tortilla နှင့် တူနာဒိန်ချဉ် ဆလတ်သုပ်
- တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်
- တူနာ၊ ဂျုံကြမ်းပါမုန့် နှင့် ဆမ်ဝေ့
- မီနီခရမ်းသီး ဘာဂါ
- သီးစုံ ဒိန်ချဉ်အချိုပွဲ
သက်သက်လွတ် ဟင်းလျာ ချက်ပြုတ်နည်းများ
- သက်သက်လွတ် ပိန်းဉ်အစာသွပ်ကြော်
- အသားတုနှင့် ဟင်းရွက်စုံကြော်
- ဗုံလုံးသီးနှင့် ကြက်ဥအစပ်မွှေကြော်
- ကညွှတ်နှင့် တို့ဟူးအချိုကြော်
- အာလူး ခရမ်းသီး အချိုချက်
- ခရမ်းသီး ပါမုန့်ခြောက်ကပ် အကြွပ်ကြော်
- မှိုခရင်မ်နှင့် စပါဂတီခေါက်ဆွဲ
- ဂေါ်ရခါးသီး နှင့် မှိုဟင်းချို
- တရုတ် မုန့်ညှင်း အချိုကြော်
- ပန်းသစ်တော်သီး နှင့် ပျားရည်ပေါင်း
အကင် လုပ်နည်းများ
- အမဲသား အစပ်ကင်
- ၀က်နံရိုးကင်
- ကြက်ရင်ဗုံ နှင့် ပေါင်ကင်
- အိန္ဒိယစတိုင်လ် ကြက်သားတီကာ
- Summer စတိုင်လ် ကြက်ကင်
- မက်ဆီကန်စတိုင်လ် ကြက်ကောင်လုံးကင်
- စာနှိုက်ကင်
- ၀က်အူချောင်းကင်နှင့် Garlic Bread
- Tortilla ချိစ် နှင့် ခရမ်းချဉ်သီးကင်
- ဂဏန်းကင်ဘာဂါ
- ကိုရီးယား အမဲသားကင်
- ကိုရီးယား ၀က်သားကင်
- ဟင်းရွက်စုံ သတ္တုပြားကင်
စာပေလောကဆိုင်တွေမှာ ရနေပြီလားရှင့်
ဒီနေ့မှ နယ်တွေက စဖြန့်တာပါ sis။ ရန်ကုန်မှာတော့ စာအုပ်ဆိုင်တော်တော်များများမှာ ရောက်နေပါပြီ။ အားပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်နော် <3
where can I buy this book? I am in India.
You just can buy at Myanmar. Thanks a lot
How do you make ngan bya ye kyaw? pleas can I have the recipe?
Why no online marketing? That’s why Myanmar is very small business in the world.
အရင်က (၁၀၁) (၁၀၂) စာအုပ်တွေ နဲ့ တူလားအစ်မ..
အဲ့ဒီသုံးအုပ်က တစ်အုပ်နဲ့ တစ်အုပ် နည်းတွေက မတူကြဘူးလားအစ်မ..
တစ်အုပ်နဲ့ တစ်အုပ် ဘာများကွာခြားလဲဆိုတာ သိချင်ပါတယ်ရှင့်..
ဝယ်ယူအားပေးဖို့လည်း အဆင်သင့်ပါပဲ အစ်မ <3 <3
ဟုတ်ကဲ့ sis။ အရင်(၁၀၁)မျိုး၊ (၁၀၂)မျိုး စာအုပ်တွေနဲ့ ဟင်းချက်နည်းတွေ မတူပါဘူး။ ဟင်းလက်ရာ(၁၀၃)မျိုးစာအုပ်က ဟင်းချက်နည်း အသစ်(၁၀၃)မျိုးကို စုစည်းပြီ ထုတ်ထားတာပါ။ အားပေးမယ်ဆိုလို့ ကျေးဇူး အများကြီးတင်ပါတယ်..
Good news!! ဒီတစ်ခါတော့ဝယ်ဖြစ်အောင်ဝယ်မယ်အစ်မရေ
ကျေးဇူးတင်ပါတယ် sis <3 <3
မန်းလေးမှာဘယ်ဆိုင်ဝယ်လို့ရပါလဲဝယ်ချင်လို့ပါ
ဒီနေ့မှ နယ်တွေ စဖြန့်တာမို့ တနင်္လာနေ့ဆိုရင် မန်းလေး စာအုပ်ဆိုင်တွေမှာ ၀ယ်ယူလို့ရပါပြီ Thanks a lot
ညီမလေးချက်နည်းလေးတွေကလွယ်ပြီးနာလယ်လွယ်တယ်
ကျေးဇူ
methods are easy to follow, I’ll try …
Thanks Wutyee
သေချာပေါက်ကိုဝယ်မှာပါ
How can i get that book from United States
ပသျူးထမင်းကြော်နည်းနဲ့ ၁၂မျိုးဟင်းချို
လေးပါတင်ပေးပါ အုန်းအစ်မ
်မမဝတ်ရည်ရှင့်ရောင်စုံကျောက်ကျောလုပ်နည်းတင်ပေးပါ မမ။
ဝတ်ရည်စာအုပ်ထဲကနေ လက်တွေ့ကြိုးစားခွင့်လေးတွေရလို့ ကျေးဇူးပါကွယ် ♥♥♥
အစိမ်းကြော်ကြော်နည်းနဲ့ပါဝင်ပစ္စည်းကို
စားသောက်ဆိုင်တွေမှာကြော်တဲ့နည်း
လေးသိချင်ပါတယ်မ၀တ်ရည်
မ၀တ်ရည်ရဲ့ပရိတ်သတ်ပါ
I wanna this Book.How can i down load.Please send download link in my mail ThankYou.
Ma Wut Yee,
Would like to buy your cook book series. Can buy online?
စာအုပ်ဝယ်ရင်ဟင်းပွဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုဘယ်မှာဝယ်ရမလဲဆိုတာ
လမ်းညွှန်ပေးနိုင်မလား
စာအုပ်ဝယ်ရင်ဟင်းပွဲထဲမှာထည်းတဲ့ပစ္စည်းတွေကိုလမ်းညွှန်ပေးနိုင်မလား
ကျွန်တော်ပညာသင်တယောက်ပါ အစ်မ
အားပေးနေပါတယ်
စာအုပ်ကို online ကနေ ဝယ်လို့မရဘူလား?