ဝက်သားတုတ်ထိုး ၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… 😛 ပါဝင်သောပစ္စည်းများ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ) ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
YKKO စတိုင် ကြေးအိုး
YKKO စတိုင် ကြေးအိုး (၄ယောက်စာ) YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်… ကြေးအိုးတွင် ပါဝင်ပစ္စည်းများ ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ) ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
ကြက်သား ဒန်ပေါက်
ကြက်သား ဒန်ပေါက် (၈ယောက်စာ) မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်… ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ ဒန်ပေါက်ဆန် (basmati rice) ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်) ဇီယာစေ့ ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
မြိတ်ကတ်ကြေးကိုက်
မြိတ်ကတ်ကြေးကိုက် ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်… ပါဝင်သောပစ္စည်းများ ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ) ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ) ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)
နိုင်လွန်ပုဇွန်
နိုင်လွန်ပုဇွန် နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။ နိုင်လွန်ပုဇွန် လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ… ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ Wheat Starch (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၈၀ ဂရမ် Tapioca Flour – ရ၀ ဂရမ် ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း ရေနွေး – ၁၇၀ မီလီလီတာ
ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ) မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…
ကြက်ဆီထမင်း
ကြက်ဆီထမင်း ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်… ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု) ရိုးရိုးဆန် ♦ နို့ဆီခွက် ၃ခွက် ဆား ♦ လက်ဖက်ရည်ဇွန်း တ၀က် ပဲငံပြာရည် အနောက်
တို့ဟူးသုပ်လေး လုပ်စားကြအောင်
တို့ဟူးသုပ်လေး လုပ်စားကြအောင် တို့ဟူးသုပ်လေးကို ချဉ်ငံ့စပ်လေး သုပ်ထားပါတယ်။ တို့ဟူး အိမ်မှာပါ ကျိုလို့ ရအောင်ပါ တို့ဟူးကျိုနည်းပါ တင်ပြလိုက်ပါတယ်။ ဒီတို့ဟူးကျိုနည်းလေးကိုတော့ ၀တ်ရည်အမွှာညီမ ၀တ်မှုံဆီက သိတာပါ။ အိမ်မှာ လုပ်စားသဖြင့် ၂၀၀ကျပ်ဖြင့် တစ်အိမ်လုံး သန့်ရှင်းလတ်ဆတ်စွာ စားသုံး နိုင်ပါတယ်။ တို့ဟူးကျိုချိန်ကလည်း ၂မိနစ်လောက်သာ ကြာ၍ အချိန်တိုအတွင်း လုပ်စားပါတယ်။ အိမ်မှာ လုပ်စားကြည့်မှ အရမ်းလွယ်ကူတာ တွေ့ရ၍ ပြန်မျှဝေပေးလိုက်ပါတယ်.. တို့ဟူးကျိုရန် ပါဝင်သောပစ္စည်းများ ၁။ ကုလားပဲ အစိမ်းမှုန့် – ၁ထုပ် (၁၅၀ ဂရမ်) ၂။ ရေအေး – ၆၀၀ မီလီလီတာ (ml) (သို့) လက်ဖက်ရည်ပန်းကန်လုံး ရခွက်
ကူဖီ မလိုင် (Kulfi)
ကူဖီ မလိုင် (Kulfi) ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ အိန္ဒိယ ရေခဲချောင်းဖြစ်တဲ့ ကူဖီမလိုင်မှာ ရေခဲမုန့်လို ခရင်(မ်)၊ ကြက်ဥတို့ မပါဝင်ပါဘူး။ ကူဖီမလိုင် လုပ်ရာမှ ပျစ်သွားအောင် ခရင်(မ်) မထည့်ပဲ ဆန်မှုန့်ကို ထည့်ထားပါတယ်။ ရန်ကုန်မှာ စားနေကျ ကူဖီမလိုင်နဲ့တော့ အရသာသိပ်မတူပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရန်ကုန်မှာ ၀ယ်စားနိုင်တဲ့ ကူဖီမလိုင်အများစုက နို့ဆီနဲ့ လုပ်ထားလို့ပါ။ ၀တ်ရည် ခုလုပ်တဲ့ အိန္ဒိယစတိုင် စစ်စစ် ကူဖီမလိုင်က နွားနို့ရယ်၊ သကြားရယ်၊ ဖာလာအနံ့လေးနဲ့လုပ်တာမို့ ချိုစိမ့်ပြီ အိန္ဒိယရနံပလေးပါ သင်းစေပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အချိန်တော့ ပေးပြီ လုပ်ဖို့ လိုအပ်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်… ပါဝင်ပစ္စည်းများ ၁။
တို့ဟူးနွေး (၃ယောက်စာ)
တို့ဟူးနွေး (၃ယောက်စာ) တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်… တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ ၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က် ၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ) ၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)
အိမ်လုပ် အီကြာကွေ
အီကြာကွေ (ရခု) မနက်စာ၊ အစာပြေ ကော်ဖီပူပူလေး တွဲစားဖို့ အိမ်လုပ် အီကြာကွေလေးပါ။ အဝေးရောက် မြန်မာတွေ အလွမ်းပြေ အီကြာကွေလေး အိမ်မှာ ကိုယ်တိုင် လုပ်စားနိုင်ဖို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို ပုံနှင့် တကွဖော်ပြပေးထားတာမို့ လုပ်ရတာလည်း လွယ်ကူမှာပါ။ ခုပဲ အီကြာကွေ ကြွပ်ကြွပ်လေးကို လုပ်ကြည့်ရအောင်… preparation time: 4 hrs ၊ cooking time: 15 mins ပါဝင်ပစ္စည်းများ ရေ – ခွက် ၄ပုံ၃ပုံ ဂျုံ – ၂ခွက် (သို့) ၂၅၀ ဂရမ် yeast – လက်ဖက်ရည်ဇွန်း တ၀က်
အိမ်လုပ် ပဲပြုတ်
အိမ်လုပ် ပဲပြုတ် ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။ ပဲပြုတ်ကို လွမ်းတဲ့ နိုင်ငံခြား ရောက်မြန်မာတွေ အလွယ်တကူ လုပ်စားနိုင်အောင် ထိုချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းကို ၀တ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ကြည့်ရအောင်…
ကိုရီးယား ကင်ချီ
ကိုရီးယား ကင်ချီ ကင်ချီကို ကိုရီးယားမှာ လူကြိုက်အများဆုံး ဟင်းလျာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းရံအဖြစ်တွဲဖက်စားသုံးနိုင်သလို အဓိက ဟင်းလျာအဖြစ် စွတ်ပြုတ်၊ စတူး၊ ထမင်းကြော်များမှာပါ တွဲဖက် စားသုံး နိုင်ပါတယ်။ အဓိကအားဖြင့် ကင်ချီကို မုန်ညှင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်(သို့) သခွာသီးတို့နှင့် ချဉ်ဖတ်ပြုလုပ်ကြတာ များပါတယ်။ ကျန်းမာလေးနှင့်လည်း ညီညွတ်တဲ့အပြင် ကင်ချီလုပ်နည်းတွေ ထဲမှ အလွယ်ဆုံး လုပ်နည်းဖြင့် ပြုလုပ်ထားမို့ အလွယ်တကူ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်နည်းကို ကြည့်ကြည့်ရအောင်… ပါဝင်ပစ္စည်းများ [Ingredients] မုန့်ညှင်း ♦
ကြက်ကချင်ချက်
ကြက်ကချင်ချက် ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်… ပါဝင်ပစ္စည်များ ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ) မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ) ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
သီးစုံ ဂျယ်လီ ပူတင်း
သီးစုံ ဂျယ်လီ ပူတင်း (၈ယောက်စာ) အချိုပွဲတည်ခင်းဖို့ သီးစုံ ဂျယ်လီ ပူတင်းလေးပါ။ နေ့လည်စာ၊ ညနေစာ စားပြီ အချိုပွဲ တည်းဖို့အတွက်ပါ။ အရင်ဆုံး ပူတင်းကို ကြက်ဥ၊ နွားနို့၊ သကြားတို့နှင့် ပြုလုပ်ပါတယ်။ ၀တ်ရည်ကတော့ ဗီနီကာ အနံ့၊ အရသာ ရအောင် ပူတင်းမလုပ်ခင် vanilla essence လေးပါ ထည့်ထားတယ်။ ဂျယ်လီ ပူတင်းမှာ သီးစုံလည်း ပါတာမို့ အရမ်းချိုအီမနေပဲ၊ စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်.. ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ ကြက်ဥ အနှစ် – ၄လုံး နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅၀ မီလီလီတာ) သကြား –
ကိုရီးယား တော့ပူကီ
ကိုရီးယား တော့ပူကီ တော့ပူကီသည် ရေပန်းစားဆုံး ကိုရီးယားဟင်းလျာတွေထဲမှာ တမျိုးအပါအ၀င် ဖြစ်ပါတယ်။ ဆန်မှုန့်နဲ့လုပ်ထားတဲ့ တော့ပူကီကို ကိုရီယားရုပ်ရှင် ဇာတ်လမ်းတွဲ တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ သို့ပေမယ့် ကိုရီးယားမှာပဲ ၀ယ်လို့ရတဲ့ ဆန်ကိတ်တွေကို ကိုယ်တိုင် အိမ်မှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ၀တ်ရည် အဆင့်ဆင့် လုပ်ပြပေးထားပါတယ်။ ဒါကြောင့် လုပ်ရတာလည်း ထင်သလို မခက်ပဲ၊ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အရသာကလည်း ချိုစပ်လေးနှင့် အလွန်မှ စားလို့ကောင်းပါတယ်။ လုပ်နည်းလေးကို ကြည့်ကြည့်ရအောင်… ဆန်ကိတ်အတွက် ပါဝင်ပစ္စည်းများ ဆန်မှုန့် (rice flour) ♦ ၃၀၀ ဂရမ် ဆား (salt) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း ရေနွေး(boil water) ♦ ဆန်ချိန်ခွက် ၁ခွက်
KFC ကြက်ကြော်
KFC ကြက်ကြော် KFC ကြက်ကြော်က ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော် ချက်နည်းအတိုင်း ပထမဆုံးအကြိမ် ကြော်ဖူးတာပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။ ချက်နည်းကို ကြည့်ရအောင်… ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု ပိုတက်စီယမ်ဆား- စားပွဲတင်ဇွန်း ၂ဇွန်း (ထည့်ချင်က ထည့်နိုင်သည်၊) အချိုမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း ဆား – စားပွဲတင်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ ကြက်ပြုတ်ရေ –
ဟောင်ကောင် ဘဲကင်
‘ဟောင်ကောင် ဘဲကင်’ ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်… ပါဝင်ပစ္စည်းများ [Ingredients] ဘဲ [duck] ♦ ၁ကောင်( ၅-၆ပေါင် ) ပျားရည် [honey] ♦ စားပွဲတင်ဇွန်း ၆ဇွန်း ရှာလကာရည် [vinegar] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
“Wutyee Food House မှ ကြိုဆိုပါသည်” Email Subscription : လုပ်ခြင်းဖြင့် ဒီဘလောက်မှာ ဟင်းလျာအသစ်တင်တိုင်း တင်ထားသော ဟင်းလျာများကို အီးမေးက တဆင့်အကြောင်းကြားပေးပါတယ်။ Categories : အောက်မှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပီဇာ၊ လာအို၊ အနောက်တိုင်း ဟင်းချက်နည်းခွဲ တားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ချက်နည်းများကို အလွယ်တကူရှာဖွေ နိုင်ပါသည်။ Cooking Method : ၀တ်ရည် ချက်နည်း အဆင့်အဆင့်ကို ပုံတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။ Blog : ဒီဘလောက်ကို တခေါက်ဝင်ကြည့်ပြီးတိုင်း နောက်တခါဝင်ကြည့်ဖို့ရယ်၊ နီးစပ်ရာ သူငယ်ချင်းတွေကို share လုပ်ပေးဖို့ မမေ့ကြနဲ့နော်။ ၀တ်ရည်ဘလောက်ကို ၀င်ကြည့်သူတိုင်း အရှေ့တိုင်း၊ အနောက်တိုင်း ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ရင်း
သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး
သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ သင်္ကြန်မှာ မုန့်တွေ တ၀ကြီး လုပ်စားနိုင်ဖို့ မုန့်လုပ်နည်း ၁၅မျိုးကို တင်ဆက်ပေးလိုက်ပါတယ်..
မာလာဟင်း
မာလာဟင်း ချစ် ညီအစ်မတွေက မာလာဟင်း ချက်နည်းလေး တင်ပေးပါအုန်းဆိုလို့ တင်ဖြစ်သွားတဲ့ မာလာဟင်း ချက်နည်းလေးပါ။ ရွှေလီ အသားကင်ဆိုင်သွားစားတိုင်း မှာစားဖြစ်တယ်။ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နာရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီ မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့အရော အရသာ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်နော်… မာလာဟင်း အနှစ်ချက်ရန် ပါဝင်ပစ္စည်းများ မာလဟင်းနှစ်ထုပ် – ၁ထုပ် ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ) ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)
ခရမ်းချဉ်သီးဖြင့် နှင်းဆီပွင့် ပုံဖော်နည်း
ခရမ်းချဉ်သီးဖြင့် နှင်းဆီပွင့် ပုံဖော်နည်း ဟင်းလျာကို ကောင်းအောင် ချက်တတ်ရုံနဲ့ မပြီသေးပဲ၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်တတ်ဖို့ကလည်း အရေးပါပါတယ်။ ဒါကြောင့် ဟင်းလျာကို ပြင်ဆင်တဲ့အခါမှာ အလှဖော်နည်းတွေထဲက ခရမ်းချဉ်သီးနဲ့ နှင်းဆီပွင့်ဖော်တဲ့ နည်းကို အိမ်မှာ အလွယ်တကူ လုပ်နိုင်ဖို့ အဆင့်ဆင့် ပြသသွားမှာပါ။
ဘဲသား ကော်ရည်ခေါက်ဆွဲ
ဘဲသား ကော်ရည်ခေါက်ဆွဲ (၁၀ယောက်စာ) ဒါကတော့ ဘဲသား ကော်ရည်ခေါက်ဆွဲလေးပါ။ အရင်က ၀တ်ရည် အဒေါ်ချက်တဲ့ ဘဲသား ကော်ရည်ခေါက်ဆွဲက အရမ်းကောင်းလို့ နံမည်ကြီးပဲ။ ဒါကြောင့် ခုအဒေါ်ဆီက ချက်နည်းတောင်းပြီ ၀တ်ရည် ကိုယ်တိုင် ချက်ထားတာပါ။ လုပ်ပုံအဆင့်ဆင့်လည်း သေချာရေးပေးထားပါတယ်။ နွေရာသီ အားလပ်ရက်များ မိသားစုနဲ့တူတူ လုပ်စားနိုင်အောင်ပါ။ ချက်နည်းကို ကြည့်ရအောင်… ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား) မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ) ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ) ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ)
ငါးထမင်းချဉ်
ငါးထမင်းချဉ် (ရှမ်းထမင်းချဉ်) ရှမ်းအစားအစာဖြစ်တဲ့ ငါးထမင်းချဉ် လုပ်နည်းလေးပါ။ ရေချိုငါးကို ပြုတ်ပြီ ငါးအသားနဲ့ ထမင်းကို နုယ်ထားတဲ့ ငါးထမင်းချဉ်လေးပါ။ ငရုတ်ပွနီတောင့်ကြော်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူတို့ နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။ မနက်စာ၊ ညနေစာ၊ အစာပြေ မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။ အိမ်လုပ် ငါးထမင်းချဉ်ကို ဆိုင်မှာထက် ငါးအသားများများထည့်ထားပါတယ်။ အချိန်တိုတွင်းမှာပဲ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်… ပါဝင်ပစ္စည်းများ ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်သား (အတုံးကြီးများ တုံးထားပါ) ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ) ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ)
သာကူ အစာသွပ်
သာကူ အစာသွပ် ထိုင်းစတိုင် သာကူ အစာသွပ်ပါ။ သာကူထဲကို ၀က်သား(သို့)ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားတာပါ။ အစာပြေအဖြစ် သုံးဆောင်မယ်ဆိုရင် အရမ်းကောင်းတဲ့ ချက်နည်းသစ်တမျိုးမို့ ခုပဲ လုပ်စားကြည့်ရအောင်… သာကူတွင် ပါဝင်ပစ္စည်းများ သာကူ – ၁ခွက်ခွဲ ရေနွေး – ၁ခွက် ကြက်သွန်ဖြူဆီချက်
နန်းကြီးသုပ်
နန်းကြီးသုပ် (၄ယောက်စာ) မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။ ပါဝင်ပစ္စည်းများ နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား ကြက်သား – ၂၀ကျပ်သား ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)
ရခိုင်မုန့်တီ
ရခိုင်မုန့်တီ (၁၀ယောက်စာ) နေ့လည်စာ လုပ်စားနိုင်ဖို့ ရခိုင် မုန့်တီပါ။ ဒီနေ့ ရခိုင်မုန့်တီချက်ဖို့ ငါးရွှေ လိုက်ရှာတာ ရှာမလို့ ဈေး၃ခုလောက် ပတ်ခဲ့ရတယ်။ ပတ်ခဲ့ရကြိုးနပ်ပါတယ်၊ အိမ်သားတွေက အားပေးကြတယ်။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်… မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်) ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)
ရှမ်းခေါက်ဆွဲ
ရှမ်းခေါက်ဆွဲ (၅ယောက်စာ) ဒါကတော့ ရှမ်းခေါက်ဆွဲလေးပါ။ မနက်စာ၊ နေ့လည်စာအဖြစ် အစားများတဲ့ ရှမ်းခေါက်ဆွဲက ကို သင်္ကြန်ပိတ်ရက်တွေမှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ထည့်သွင်းပေးထားတာပါ။ လုပ်ရတာလည်း လွယ်ပြီ စားကောင်းသည်မို့ တူတူ ချက်ကြည့်ရအောင်… ပါဝင်သောပစ္စည်းများ ၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ) ၂။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ) ၃။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)
ကိုရီယား ၀က်သားကင်
ကိုရီယား ၀က်သားကင် ကိုရီယား စတိုင် ၀က်သားကင် လေးပါ။ ကိုရီယား ရုပ်ရှင်ကားတွေမှာ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ စားတာ မြင်ပြီကတည်းက စားချင်နေတာ။ ခုမှ လုပ်စားဖြစ်တော့တယ်။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ၀က်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင် ပါဝင်ပစ္စည်းများ ၀က်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ) ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ) ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ) ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)
ရေမုန့်
ရေမုန့် ဒီနေ့တော့ နေ့လည်စာ ရေမုန့်ကို အစာပြေလုပ်စားဖြစ်ပါတယ်။ လုပ်ရတာ ထင်သလို မခက်ပဲ၊ အရမ်းလွယ်တာမို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်… ပါဝင်ပစ္စည်းများ ၁။ ဆန်မှုန့် – နို့ဆီဗူး ၂ဗူး ၂။ ရေ – နို့ဆီဗူး ၅ဗူး ၃။ ပဲပြုတ် – ၅ကျပ်သား
တူနာ ပန်ကိတ်
တူနာ ပန်ကိတ်
ကိုရီးယား ဟင်းရံဖြစ်သော တူနာပန်ကိတ်ကို အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ၀တ်ရည်ကတော့ နေလည်စာအစာပြေ အဖြစ် လုပ်စားဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ ကျန်းမာရေးလည်း ညီညွှတ်ပြီ ထမင်းနဲ့ပဲတွဲစား၊ အစာပြေပဲ စားစား ကောင်းမွန်ပါသည်။ တူနာပန်ကိတ် ချက်နည်လေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- တူနာစည်သွပ်ဘူး (tuna can) ♦ ၂ဗူး
- ကြက်သွန်နီ (onion) ♦ ၄ဥ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ (gralic) ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
အီတလီစတိုင် Lasagna ခေါက်ဆွဲ
အီတလီစတိုင် Lasagna ခေါက်ဆွဲ
အီတလီ စတိုင် Lasagna ခေါက်ဆွဲက အရသာအရမ်းကောင်းမွန်ပါတယ်။ ခေါက်ဆွဲအလွှာ ၄လွှာကနေ ၅လွှာထိ ပြုလုပ်ကြပါတယ်။ ခေါက်ဆွဲတထပ်ခင်းပြီတိုင်း အမဲသားဆော့ရယ်၊ ချိစ်ရယ်၊ အထပ်ထပ် ခင်းထားတာမို့ အရသာ အရမ်းကောင်းပေမယ့် ချိစ်ကြောင့် အီတာနဲ့ Lasagna တခုလုံးကုန်အောင် မနည်းအားယူ စားရမှာပါ။ Garfield ကာတွန်းကား ကြည့်ဖူးသူတိုင်း Garfield အကြိုက် Lasagna ခေါက်ဆွဲကို သိကြမှာပါ။ ခုတော့ ၇န်ကုန်မှာလည်း ဆိုင်တွေမှာ Lasagna တစ်ခုကို ၄၈၀၀- ၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ပေမယ့် အိမ်မှာ လုပ်စားတာပိုပြီ ဈေးသက်သာပြီ ပိုလည်း စားလို့ကောင်းတာမို့ အားလပ်ရက်တွေမှာ လုပ်စားနိုင်ဖို့ပါ။ ၀တ်ရည်ကတော့ Lasagna ၆ယောက်စာ လုပ်ထားပါတယ်။ လုပ်နည်းလေးကို ကြည့်ရအောင်…
Lasagna တွင် ပါဝင်ပစ္စည်းများ
၁။ Lasagna ခေါက်ဆွဲ- ၁ဗူး (၅၀၀ ဂရမ်)
(Lasagna ခေါက်ဆွဲMartket Place (ဓမ္မစေတီလမ်း CityMart) တွင် ၀ယ်ယူနိုင်ပါသည်)
ဂဏန်း မာဆလာဟင်း
ဂဏန်း မာဆလာဟင်း
ဂဏန်းကို အရသာကောင်းကောင်းနဲ့ စားချင်သူတွေအတွက် ဂဏန် မာဆလာချက်ဟင်း လေးပါ။ ဒီတစ်ခါတော့ တခြား ထိုင်းဟင်းတွေလို အစပ်မပါပဲ အချိုချက်နည်းလေးပါ။ ချက်နည်းကို တူတူကြည့်ရအောင်
ပါဝင်ပစ္စည်းများ
၁။ ဂဏန်း – ၆ကောင် (အခွံဖယ်ပြီ သန့်စင်အောင် လုပ်ထားပါ)
၂။ ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ထိုင်းစတိုင် ငါးဖယ်ကြော်
ထိုင်းစတိုင် ငါးဖယ်ကြော်
ထိုင်းဟင်းအနှစ်နဲ့ ငါးဖယ်ကို ရောနုယ်ပြီ ကြော်ထားတဲ့ ငါးဖယ်ကြော်လေးပါ။ ချိုချိုစပ်စပ် အရသာရှိတဲ့ ငါးဖယ်ကြော်က အစားပြေအဖြစ် စားဖို့ရော၊ ထမင်းနဲ့တွဲဖက် စားသုံးဖို့ပါ အလွန် သင့်တော်ပါတယ်။ စားနေကျ ငါးဖယ်ကြော် အရသာနဲ့ မတူပဲ တမူထူးခြားတဲ့ အရသာကိုပါ ရရှိမှာပါ။ ချက်နည်းလေး ကြည့်လိုက်ရအောင်…
ထိုင်းဟင်းအနှစ် အတွက် ပါဝင်ပစ္စည်းများ
၁။ ဇီယာစေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (လှောင်ပြီသား)
၂။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ ငရုတ်သီးခြောက် – ၄ခု (ရေစိမ်ပြီ နှုတ်နှုတ်စဉ်းပါ)
၎။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)
ဘဲပေါင်း ဆီချက် ခေါက်ဆွဲ
ဘဲပေါင်း ဆီချက် ခေါက်ဆွဲ (၄ယောက်စာ)
မနက်စာ၊ နေ့လည်စာ အစာပြေအဖြစ် လုပ်စားနိုင်အောင် ဘဲပေါင်း ဆီချက်ခေါက်ဆွဲလေးပါ။ ဘဲသားကို နူးအိအောင် ၀တ်ရည်ကတော့ အရင်ဆုံး ဆန်ဝိုင်၊ တရုတ်ဟင်းခတ်တွေနဲ့ နုပ်ပြီမှ pressure cooker နဲ့ပေါင်းထားပါတယ်။ ဆီချက်ခေါက်ဆွဲ အအီပြေ ကြက်သွန်နီ၊ ငရုတ်သီးဆော့ချဉ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ တူတူချက်ကြည့်ရအောင်…
ဘဲပေါင်းတွင် ပါဝင်ပစ္စည်းများ
၁။ ဘဲပေါင်ရင်သား – ၄၀ကျပ်သား (သန့်စင်ပြီးသား)
၂။ တရုတ်မာဆလာ – စားပွဲတင်ဇွန်း တ၀က်
၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်
ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်
ကြက်တောင်ပံကို အရိုးထုပ်ပြီ ၀က်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်တောင်ပံ – ၄ခု
၂။ နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
၃။ ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)
သာခွေယိုင်
သာခွေယိုင်
ဝတ်ရည် အမေလက်ရာ သင်္ကြန်အတက်နေ့ အတွက် သာခွေယိုင်လေးပါ။ ကောက်ညှင်းချိတ်(အမဲ)ရယ် အုန်းနို့ရယ် တွဲစားရတဲ့ မြိတ်ရိုးရာမုန့်လေးပါ။ ချိုစိမ့်နေမို့ စားလို့ အရမ်းကောငးပါတယ်။
ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်းချိတ် (အမဲ) – နို့ဆီဗူး ၃ဗူး
၂။ ဓနိပျား – ၂ခွက်
မှတ်ချက် ။ ။ ဓနိပျားဆိုတာ ထန်းလျက်လိုမျိုးပဲ။ ဒါပေမယ့် မြိတ်မှာတော့ ဓနိရည်နဲ့ လုပ်ထားတဲ့ ထန်းလျက်ကို ဓနိပျားလို့ ခေါ်တာပါ
၃။ သကြား – ၃၀ ကျပ်သား
သင်္ကြန် မုန့်လုပ်နည်းများ
မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်…
- သင်္ကြန်တွင်း မုန့်တွေ စိတ်ကြိုက် လုပ်စားနိုင်အောင် ရည်ရွယ်၍ ၀တ်ရည် တင်ပြီသား မုန့်လုပ်နည်းများကို ပြန်လည်း ဝေမျှပေးလိုက်ပါတယ်။ သင်္ကြန်တွင်းမှာလည်း မုန့်လုပ်နည်းသစ်များကို တင်ဆက်ပေးသွားမှာပါ။
- ထို့ပြင် ဟင်းချက်ပြုတ်ရာမှာ လွယ်ကူစေရန် မြန်မာ၊ အင်္ဂလိပ် (ဟင်းသီးဟင်းရွက် အခေါ်အဝေါ်) နှင့် (ရေသတ္တ၀ါ အခေါ်အဝေါ်)အခေါ်အဝေါ်များကိုလည်း ထပ်ဖြည့်စွက်ပေးထားပါတယ်။
သင်္ကြန် အတွက် ရွှေရင်အေး
သင်္ကြန် အတွက် ရွှေရင်အေး
သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်…
– ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်
ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ
၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)
၂။ သကြား – ၂၅ကျပ်သား
၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တ၀က်
နာနတ်သီး ထမင်းကြော်
နာနတ်သီး ထမင်းကြော်
ထိုင်းစတိုင် နာနတ်သီး ထမင်းကြော်လေးပါ။ နာနတ်သီးရဲ့ အချိုအရသာနဲ့ ကြက်သား၊ ပုဇွန်ရဲ့ အရသာပေါင်းစပ်မှုကြောင့် အလွန်စားလို့ကောင်းပါတယ်။ စားချင်စဖွယ်လည်း ကောင်းပြီ လုပ်ရတာလည်း လွယ်တာမို့၊ လုပ်နည်းကို ကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ထမင်း – ၃ယောက်စာ
၂။ နာနတ်သီး – ၁လုံး (မှည့်ရမည်)
၃။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အတုံးသေးလေးများ တုံးပါ)
၎။ ပုဇွန် ဘော်ကျိဒ် – ၁၀ကျပ်သား ( အခွံနွှာပြီ အတုံးသေးများ တုံးပါ)
ပသျှူးသာကူ
ပသျှူးသာကူ
မြန်မာ နှစ်ကူး သင်္ကြန်အခါ နီးလာပြီမို့။ သင်္ကြန်တွင်း လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ သင်္ကြန်မုန့်လုပ်နည်းတွေကို အထူးတင်ဆက်ပေးသွားပါ့မယ်။ အရင်နှစ်က တင်ဆက်ပြီသား သင်္ကြန်မုန့်လုပ်နည်းတွေကိုလည်း ပိုမိုလွယ်ကူပြီ စားလို့ကောင်းတဲ့နည်းတွေနဲ့ ပြန်အသစ် မိတ်ဆက်ပေးသွားပါ့မယ်။ သင်္ကြန်တွင်း သင်္ကြန် မုန့်တွေလုပ်စားရင်း စိတ်ဧ။် ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Wutyee Food House မှ ဆုတောင်းပေးလိုက်ပါတယ်…
ဒါကေတော့ ပသျှူးသာကူးလေးပါ။ ပသျှူးသာကူက ရိုးရိုးသာကူလိုပဲ လုပ်ရတာပါ။ တချို့က ကန်စွန်းဥကိုပြုတ်ပြီ ထည့်တဲ့အတွက် ပိုပြီ ချိုပြီ စားလို့ကောင်းပါတယ်။ ၀တ်ရည်ကတော့ ကန်စွန်းဥအစား အာလူးကို ပြုတ်ပြီ ထည့်ထားပါတယ်။ ပသျှူးသာကူရဲ့ ထူးခြားချက်က ရိုးရိုးသာကူထက် ပိုချိုတဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းလေးကို တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ သာကူစေ့ – ၄၀၀ ဂရမ် (သာကူ အစိမ်းရောင်ထုပ်)
ဘဲသား ကော်ရည်ခေါက်ဆွဲ
ဘဲသား ကော်ရည်ခေါက်ဆွဲ (၁၀ယောက်စာ)
ဒါကတော့ ဘဲသား ကော်ရည်ခေါက်ဆွဲလေးပါ။ အရင်က ၀တ်ရည် အဒေါ်ချက်တဲ့ ဘဲသား ကော်ရည်ခေါက်ဆွဲက အရမ်းကောင်းလို့ နံမည်ကြီးပဲ။ ဒါကြောင့် ခုအဒေါ်ဆီက ချက်နည်းတောင်းပြီ ၀တ်ရည် ကိုယ်တိုင် ချက်ထားတာပါ။ လုပ်ပုံအဆင့်ဆင့်လည်း သေချာရေးပေးထားပါတယ်။ နွေရာသီ အားလပ်ရက်များ မိသားစုနဲ့တူတူ လုပ်စားနိုင်အောင်ပါ။ ချက်နည်းကို ကြည့်ရအောင်…
ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ
- ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား)
- မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ)
- ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ)
- ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ) Read more
ကူဖီ မလိုင် (Kulfi)
ကူဖီ မလိုင် (Kulfi)
ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ အိန္ဒိယ ရေခဲချောင်းဖြစ်တဲ့ ကူဖီမလိုင်မှာ ရေခဲမုန့်လို ခရင်(မ်)၊ ကြက်ဥတို့ မပါဝင်ပါဘူး။ ကူဖီမလိုင် လုပ်ရာမှ ပျစ်သွားအောင် ခရင်(မ်) မထည့်ပဲ ဆန်မှုန့်ကို ထည့်ထားပါတယ်။ ရန်ကုန်မှာ စားနေကျ ကူဖီမလိုင်နဲ့တော့ အရသာသိပ်မတူပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရန်ကုန်မှာ ၀ယ်စားနိုင်တဲ့ ကူဖီမလိုင်အများစုက နို့ဆီနဲ့ လုပ်ထားလို့ပါ။ ၀တ်ရည် ခုလုပ်တဲ့ အိန္ဒိယစတိုင် စစ်စစ် ကူဖီမလိုင်က နွားနို့ရယ်၊ သကြားရယ်၊ ဖာလာအနံ့လေးနဲ့လုပ်တာမို့ ချိုစိမ့်ပြီ အိန္ဒိယရနံပလေးပါ သင်းစေပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အချိန်တော့ ပေးပြီ လုပ်ဖို့ လိုအပ်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ နွားနို့ (full fat milk) – ၁ လီတာ
၂။ သီဟိုဌ်စေ့ (သို့) ဗန်ဒါသီး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (မညက်တညက် ထောင်းထားပေးပါ)
၃။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငါးပုတ်ခြောက် ထမင်းကြော်
ငါးပုတ်ခြောက် ထမင်းကြော် (၂ယောက်စာ)
ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ဆန် – နို့ဆီဗူး ၁လုံး (အနည်းငယ် မွထားပေးပါ)
၂။ ငါးပုတ်ခြောက် – ၂လက်မအရွယ်
၃။ မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပေးထားပါ)
၎။ ဘိုစားပဲ – ရခု ( အတုံးသေးများ လှီးပေးပါ)
၅။ ပြောင်းဖူးသေး – ၅ခု ( အတုံးသေးများ တုံးပေးပါ)
ဂေါ်ဖီ ကြော်
ဂေါ်ဖီ ကြော်
ခရီးရက်ရှည် သွားနေတာနဲ့ ဟင်းသစ် မတင်ဖြစ်တာတောင် ကြာသွားပြီ။
ဒါကတော့ အိန္ဒိယစတိုင် ဂေါ်ဖီကြော်လေးပါ။ အမြင်သာ သိပ်မလှတာရယ် စားလို့တော့ အရမ်းကောင်းပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူပြီ အချိန်တိုအတွင်းမှာပဲ ချက်စားနိုင်ပါတယ်။ နေ့လည်စာ၊ အစာပြေ အတွက် စားမယ်ဆိုလည်း အဆင်ပြေပါတယ်။ ချက်တဲ့အခါ Roast လုပ်ထားတဲ့ မြေပဲ အစား ရိုးရိုးမြေပဲနဲ့ ကြော်တာက ပိုမိုကောင်းမွန်ပါတယ်။ ထို့ပြင် ပျဉ်တော်သိမ်း၊ ငရုတ်သီးခြောက် လှော်ထားမို့ အနံ့ကတော့ အလွန် သင်းပျံ့နေပါတယ်။ တူတူချက်ကြည့် ရအောင်…
ပါဝင်ပစ္စည်းများ
- ဂေါ်ဖီ (cabbage) ♦ တ၀က် ( အရှည်လေးများ လှီးထားပါ)
- ဟင်းရွက်ဆီ (vegetable oil) ♦ စားပွဲတင်ဇွန်း ၁ဇွန်း
- မုန်ညှင်းစေ့ (mustard seeds) ♦ လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်သီးခြောက် (dried red chillies) ♦ ၂ခု
Tandoori ကြက်သားကင်
Tandoori ကြက်သားကင်
အိန္ဒိယစတိုင် ကြက်ကင်တွေထဲမှာ နံမည်ကြီးတဲ့ Tandoori ကြက်သားကင်လေးပါ။ Tandoori ကြက်ကင်ဆိုတာနဲ့ အရသာကောင်းတဲ့ ကြက်ကင်ဆိုတာကိုတော့ လူသိများပါတယ်။ သူမှာ ပါဝင်တဲ့ ဟင်းချက်ပစ္စည်းတွေနှင့် ဒိန်ချဉ်နှင့် ၁ညခန့်သိပ်ထားတာမို့ ကြက်သားရဲ့ နူးညံ့မှုက ပြောဖွယ်ရာ မရှိပါဘူး။ ဂစ်ကင်ပြားနဲ့ ကင်နိုင်သလို၊ Grill Oven နဲ့လည်း အလွယ်တကူ ကင်စားနိုင်ပါတယ်။ ဟင်းတွေပဲ စားနေရမှာ ငြီးငွေ့နေရင်တော့ ဒီအကင်လေးကို စမ်းကြည့်ဖို့ အကြံပေးလိုက်ပါရစေ။ တူတူ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်သား ရင်ဗုံနှင့် ပေါင်သား (chicken) ♦ ၂ခု
- ဆား (salt) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ခနော ကြက်သားမှုန့် (chicken powder) ♦ လက်ဖက်ရည်ဇွန်း တ၀က်
- သံပရာသီး (lime) ♦ ၁လုံး
- ဒိန်ချဉ် (yoghurt) ♦ ၁ခွက်ခွဲ (နို့ဆီဗူး)
ဝက်သား တောက်တောက်ကြော်
ဝက်သား တောက်တောက်ကြော်
တရုတ်စားသောက်ဆိုင်တိုင်း လိုလိုမှာ မှာယူစားသာက်နိုင်သော ၀က်သား တောက်တောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ချက်စားကြည့်ကြရအောင်။
ဝက်သားပြားတွင် ပါဝင်သော ပစ္စည်းများ
၁။ ၀က်သား (အဆီမပါ) – ၂၀ကျပ်သား (နှုတ်နှုတ်စင်းပါ)
၂။ ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်ဆင်းပါ)
၃။ ဘဲဥ – ၁လုံး (ခလောက်ပါ)
၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကမာကင်
ကမာကင်
ပင်လယ်စာချစ်သူများအတွက် ကမာကို ကြော်တဲ့နည်းမဟုတ်ပဲ၊ ထူးထူးခြားခြား ကင်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကတော့ ၀တ်ရည် အမြဲလိုလို ကမာကို ကြောပြီပဲစားဖြစ်တယ်။ ကင်တာကို ၀ိုင်နဲ့နုပ်ပြီမှ ကင်တာမို့ ပိုပြီ အရသာကောင်းတာ တွေ့ရလို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်..
ပါဝင်ပစ္စည်းများ
၁။ ကမာ – ၁၂ကောင် (၉၀၀ ဂရမ်) (ကမာကို မင်းလမ်းမှာ ရနိုင်သလို၊ တချို့ SuperMarket တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်)
၂။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်မြိတ် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
ထမင်းပေါင်း
ထမင်းပေါင်း (၃ယာက်စာ)
ပါဝင်သောပစ္စည်းများ
၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)
၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)
၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)
ကြက်သားကင် ဆလတ်သုတ်
ကြက်သားကင် ဆလတ်သုတ်
ဒါကတော့ ထိုင်းစတိုင် ကြက်သားကင် ဆလတ်သုတ်လေးပါ။ ကြက်ရင်ဗုံသားကို ကင်ပြီမှ ထိုင်းစတိုင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပရာရည်၊ ငရုတ်သီးမှုန့်လေးနှင့် ရောစားရတာပါ။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ ကြက်ရင်ဗုံသား – ၂ခု (တကိုက်စာ အတုံးလေးများ တုံးထားပေးပါ)
၂။ မကျည်းရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၃။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
၎။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
နှင်းဆီ ပုဇွန်
နှင်းဆီ ပုဇွန်
ဟိုတယ်စတိုင် နှင်းဆီ ပုဇွန်ကို စားသုံးသူတိုင်း နှစ်သက်ကြ ပါလိမ့်မည်။ တရုတ်စတိုင် ဟင်းလျာတစ်ခု ဖြစ်ပါတယ်… စားသုံးသွားကြပါအုန်းရှင်
ပါဝင်သော ပစ္စည်းများ
၁။ ပုဇွန်တုတ် – ၃၀ကျပ်သား (အခွံမခွာပါနှင့်)
၂။ ပန်းကော်ဖီပွင့် (သို့) broccoli – တစိပ် (အတုံးလေးများ လှီးပါ)
၃။ mustard – စားပွဲတင်ဇွန်း တ၀က် (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)
ဘဲသားအချိုကြော်
ဘဲသားအချိုကြော်
ဘဲသားအချိုကြော်ကို ဒီနေ့ ညနေစာအဖြစ်လုပ်စားဖြစ်တာနဲ့ တင်လိုက်တာ… အိမ်သားတွေတော့ တော်တော်ကြိုက်ကြတယ်။ ပြင်ဆင်ထားတာ လေးကလည်း စားချင်စဖွယ်လေး၊ ငရုတ်ကောင်းနံလေးကလည်း မွှေးနေတာမို့ မစားသေးခင်ကပင် စားချင်နေမယ့် ဘဲသား အချိုကြော်ကို သုံးဆောင်သွားကြပါအုန်းနော်….
ပါဝင်သောပစ္စည်းများ
၁။ ဘဲ – ၃၀ကျပ်သား (တခြမ်း)
၂။ ငရုတ်ကောင်း – စားပွဲတင်ဇွန်း တ၀က် (ထောင်းပါ)
၃။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း တ၀က်
ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…
ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ
၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)
ချစ်သူများနေ့အတွက် မုန့်လက်ဆောင်း
မုန့်လက်ဆောင်း
ချစ်သူများနေ့ အတွက် အထူးစပရှယ်ကတော့ မုန့်လက်ဆောင်း အေးအေးလေးပါပဲ။ ပူပြင်းတဲ့ ရာသီမှာ ရင်အေးချမ်းအောင် မုန့်လက်ဆောင်လေး မြည်းသွားကြပါအုန်းနော်။ မုန့်လက်ဆောင်ကို ထန်းလျက်ရည်နဲ့ လုပ်သလို အုန်းနို့ရည်နဲ့လည်း တွဲစားကြပါတယ်။ ၀တ်ရည်ကတော့ ၂မျိုးလုံးကြိုက်တာမို့ လုပ်နည်း၂ခုလုံး မျှဝေပေးထားပါတယ်…
မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
၁။ မုန့်လက်ဆောင်းဖက် – ၁ပြည်
ထန်းလျက် မုန့်လက်ဆောင်း ပါဝင်သောပစ္စည်းများ
၂။ ထန်းညက် – ၄၀၀ ဂရမ်
၃။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
Valentine Day လက်ဆောင် ဟင်းလျာ
Valentine Day လက်ဆောင် ဟင်းလျာ
Valentine Day ရောက်တော့မှာ ဟုတ်လို့ ချစ်သူအတွက် ဆိုတဲ့ ဟင်းလျာကို အထူးရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။ Valentine Day မှာ ချစ်သူကို ဘာလက်ဆောင် ပေးရမလဲ စဉ်းစားလို့ ခေါင်းရှုပ်နေကြပါသလား။ ချစ်သူအတွက် အထူးလက်ဆောာင် အနေနဲ့ ဒီဟင်းလျာလေးကို ချက်ကျွေးလိုက်ကြပါ။
အုန်းနို့ ငါးအကြွပ်ကြော်
အုန်းနို့ ငါးအကြွပ်ကြော်
ငါးကို ဟင်းလို ချက်တာမဟုတ်ပဲ အုန်းနို့မှုန့်နဲ့ဂျုံရော ကပ်ကြော်ထားတဲ့ ငါးအကြွပ်ကြော်လေးပါ။ သူနဲ့ တွဲစားတဲ့ ဆလတ်သုတ်လေးနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။ ဆလတ်သုတ်အတွက် မုန့်ညှင်းစေ့၊ ပျဉ်တော်သိမ်းရွက်ကို ဆီသပ်ပြီမှ ခရမ်းချဉ်သီး၊ ငရုတ်ပွစိမ်း၊ ကြက်သွန်နီ အတုံးလေးတွေရယ်၊ မြေပဲမညက်တညက် ထောင်းလေးကို ရောပြီကြော်ထားတဲ့ အသုတ်လေးပါ။ ပြီမှ အသုတ်အတွက် အပေါ့အငံ့ သံပရာရည်နဲ့ဆား အနည်းငယ် ထည့်ရုံပါပဲ။ ဒီအသုတ်လေးနဲ့ ငါးကြော်လေးကို ထမင်းနဲ့တွဲစားရင်လည်း လိုက်ဖက်ပါတယ်။ ချက်နည်းကို ကြည့်လိုက်ရအောင်…
ပါဝင်ပစ္စည်းများ
- ငါးတန် (butter fish) ♦ ၂ပိုင်း
- အုန်းနို့မှုန့် (coconut powder) ♦ စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
- ဂျုံ (flour) ♦ စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
- ဟင်းရွက်ဆီ (vegetable oil) ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- သံပရာသီး (lime) ♦ တ၀က်
အမဲကင် ဆူရှီလိပ်
အမဲကင် ဆူရှီလိပ်
ဒီ အမဲကင် ဆူရှီလိပ်လေးလို အရောင်စုံနှင့် အရသာပေါင်းစုံဖြင့် စားချင်စဖွယ်လေးပါ။ အမဲသားကို ကင်မှ ကြိုက်နှစ်သက်သူများ အတွက်တော့ တကယ်ကို ကောင်းမွန်တဲ့ ဟင်းလျာမို့ မိတ်ဆက်ပေးပါရစေ။ သူကို တောင်အာဖရိအခေါ်အဝေါ်အရ ဆိုလျှင် မာတန်ဘီ ဟင်းလျာလို့ ခေါ်ပါတယ်။ မာတန်ဘီရဲ့ အဓိပ္ပါယ်က စားလောင်မှုတွေကို အဆုံးသတ်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာလို့ စာလောင်မှုကို အဆုံးသတ်ပေးနိုင်သလဲ ပြောရရင် သူရဲ့ ထူးခြားတဲ့ အရသာတွေ ကြောင့်ပါပဲ။ သူရဲ့ ပထမဆုံး အမဲကင်လိပ်ပေါ်မှ ၀က်ပေါင်ခြောက် အရသာကြောင့် ချိုတဲ့အရသာရယ်၊ အမဲသားရဲ့ အရသာရယ်၊ အစားသွပ်ထားတဲ့ ချိစ်အရသာရယ်၊ ဟင်းရွက်များကြောင့် လတ်ဆတ်တဲ့ အရသာရယ်၊ ငရုတ်ပွစိမ်းကြောင့် စူးရှရှ အရသာစုံကို တလုပ်စားရုံနဲ့ ရရှိမှာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်ကူတာမို့ ချက်နည်းလေး တူတူကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
- အမဲသား [beef steak] ♦ ၁ပေါင်ခွဲ
- ၀က်ပေါင်ခြောက် [bacon] ♦ ၄ခု
ငရုတ်သီး နှင့် ချိစ် ပါမုန့်ကင်
ငရုတ်သီး နှင့် ချိစ် ပါမုန့်ကင်
ချိစ်ပါမုန့်လို့ ရိုးရိုး ပါမုန့်ကင်တွေနဲ့ မတူပဲ၊ အိန္ဒိယစတိုင် ငရုတ်သီး၊ နံနံပင်၊ တို့ကို ထူးထူးခြားခြား ထည့်ထားပါတယ်။ အရသာက ကြွပ်ရွရွနဲ့ ပီဇာလိုပဲ တမျိုး စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်း အချိန်မကြာတမို့ နေ့လည်စာ အစာပြေစားဖို့ အလွန်သင့်တော်ပါတယ်။
ပါဝင်ပစ္စည်းများ
- ချိစ် (cheddar cheese) ♦ ၁၀၀ ဂရမ် (ခြစ်တံဖြင့် ခြစ်ထားပါ)
- ကြက်သွန်နီ (onion) ♦ ၂လုံး (နှုတ်နှုတ်စဉ်းထားပါ)
- ခရမ်းချဉ်သီး (tomato) ♦ ၂လုံး ( အစေ့ထုတ် အတုံးလေးများ တုံးပေးပါ)
- ငရုတ်သီးစိမ်း (green chillies) ♦ လက်ဖက်ရည်ဇွန်း တ၀က်
- နံနံပင် (coriander leave) ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ပါမုန့် (slice of bread) ♦ ၅ချပ်
ငါးအုန်းနို့ဟင်း
ငါးအုန်းနို့ဟင်း
တရားစခန်းဝင်နေတာနဲ့ ဟင်းသစ်တွေ မတင်ရတာ ကြာသွားပြီ။ 🙂
ခု တဖန် ငါးအုန်းနို့ဟင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်းမှာ လူကြိုက်များတဲ့ ငါးအုန်းနို့ဟင်းကို အုန်းနို့၊ မန်းကျည်းရည်၊ တို့နှင့် အရသာ ချိုစိမ့်ပြီ ထူးကဲအောင် ချက်ပြုတ်ထားတာပါ။ ငါးဟင်းကောင်းကောင်း စားချင်သူများအတွက်ဆို အလွန် ခံတွင်းတွေ့မှာ အသေချာပါပဲ။ သူမှာ တခြားပါဝင်တဲ့ အိန္ဒိယ ဟင်းခတ်အမွှေးကြိုင်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ အနှစ်တွေကြောင့် စားသုံးတွေကို စိတ်ကျေနပ်စေမှာပါ။ ဒါကြောင့် ဒီဟင်းလေးကိုလည်း လက်တွေ့စမ်းကြည့်ဖို့ ပြောချင်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ငါးတန် (butter fish) ♦ ၄၅၀ ဂရမ် (အတုံးလေးများ တုံးပေးပါ)
- ဟင်းရွက်ဆီ (vegetable oil) ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- ဇီယာစေ့ (cumin seed) ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပျဉ်တော်သိမ်းရွက် (curry leaves) ♦ ၁၀ ရွက်
- ကြက်သွန်နီ (onion) ♦ ၂ဥ (နှုတ်နှုတ်စဉ်းပါ)
Food မဂ္ဂဇင်းမှ Wutyee Food House ပုံရိပ်များ
Wutyee Food House ကိုစဉ်ဆက်မပြတ်အားပေး နေကြသော ညီအစ်ကို မောင်နှမ များအားလုံးကို ၂၀၁၂ နှစ်ကူးမှသည် ပျော်ရွှင်ချမ်းမြှေ့ပါစေကြောင်း ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။
ဆုမွန်ကောင်း ပို့သရင်း Food Magazine ပထမအကြိမ်ထုတ်စာအုပ်မှာ Wutyee Food House မှ ကင်နည်း ၁၃မျိုးအပြင် တခြားဆောင်းပါး၊ restaurant review တွေပါ ပါဝင်တဲ့ အကြောင်းလေး သတင်းကောင်းပါး ပါရစေ။
ဒီစာအုပ်ကို အားပေးချင်သူ ညီအစ်ကို မောင်နှမများ အတွက် စာအုပ်ဆိုင်တိုင်းမှာ ၀ယ်ယူနိုင်သလို။ အိမ်အရောက် ပို့ပေးတဲ့ စနစ်နဲ့ မှာယူချင်တယ်ဆိုရင် ဖုန်းနံပါတ်-၃၉၁၁၈၆၆၊ ၀၉၅၀၈၀၈၅၀ (Novel Light Express) နဲ့ဆက်သွယ်မှာယူနိုင်တဲ့ အကြောင်းပါ တခါတည်း သတင်းကောင်းပါး ပါရစေ။