ဝက်သားတုတ်ထိုး ၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… ပါဝင်သောပစ္စည်းများ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ) ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်
သာကူ အုန်းနို့ဆမ်း
သာကူ အုန်းနို့ဆမ်း
ထိုင်းစတိုင် သာကူ အုန်းနို့ဆမ်း အချိုပွဲပါ။ ဒီချက်နည်းက သာကူ၊ အုန်းနို့၊ သကြားရည်တို့ကို သက်သက်စီ ကျိုပြီမှ တပွဲစာခြင်းပြင်ပြီ သုံးဆောင်ရတာပါ။ ပြီတော့ အာလူး၊ ငပျောသီးတို့နဲ့ ချိုစိမ့်စိမ်လေးမို့ အရမ်းစားကောင်းပါတယ်။
ပါဝင်ပစ္စည်းများ
- သာကူထုပ်(အစိမ်းထုပ်) – ၁ခွက် (measurement ချိန်ခွက်ဖြင့်)
- အုန်းနို့ခရင်မ် – ခွက် ၁ခွက်ခွဲ
- သကြား – ခွက် ၄ပုံ၃ပုံ
- ရေ – ခွက် ၃ခွက်ခွဲ
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
အီတလီစတိုင် ပုဇွန် ပါစတာ မရီယာရာ
အီတလီစတိုင် ပုဇွန် ပါစတာ Marinara
အီတလီစတိုင် ပါစတာ Marinara ချက်နည်းပါ။ ဆော့အတွက် ခရမ်းချဉ်သီး အနှစ်၊ ခရမ်းချဉ်သီး၊ တို့ဖြင့် ချဉ်ချိုလေး ချက်ထားတာပါ။ ပါစတာ ကြိုက်သူတွေ နှစ်သက်ကြမှာပါ။ ချက်နည်း ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပါစတာ – ၃၀၀ ဂရမ်
- ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီချန်အခွံနွှာ ကျောခွဲချေးထုတ်ထားပါ)
- ကြက်သွန်ဖြူ – ၃မွှာ
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
အမဲသား၊ sausage နှင့် သီးရွက်စုံ စတူး
ဖိလိပိုင်စတိုင် အမဲသား၊ sausage နှင့် သီးရွက်စုံ စတူး
Caldereta ဟင်းလျာက ဖိလိပိုင်မှာ နံမည်ကြီး ဟင်းလျာ တစ်ခုပါ။ အမဲသားကို ခရမ်းချဉ်သီးဆော့၊ အာလူး၊ မုန်လာဥနီ၊ သံလွင်သီး၊ ငရုတ်သီးပွစိမ်း၊ မီနီ ကြက်အူချောင်း၊ သံလွင်သီး တို့နဲ့ ရောချက်ထားတာပါ။ ပွဲတော်ရက်၊ မွေးနေ့၊ နေ့ထူးနေ့မြတ်တွေမှာ Caldereta အမဲသားစတူး ဟင်းလျာကို ချက်ပြုတ်ကြပါတယ်။ အမဲသား အစား ကြက်သား၊ ၀က်သားတို့နဲ့လည်း ချက်ပြုတ်နိုင်ပါတယ်။ ထမင်းပူပူလေးနဲ့ စားလို့လည်း အရမ်းကောင်းတာမို့ ခုပဲ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- အမဲသား – ၄၀၀ ဂရမ် (၂၅ကျပ်သား) (တကိုက်စာ အတုံးလေးများ တုံးပေးထားပါ)
- နတ်နတ်သီး စည်သွပ် – ဘူးဝက် (အတုံးများ တုံးပေးပါ)
- ခရမ်းချဉ်သီး – ၃လုံး (နူအိအောင် ပြုတ်ပြီ အခွံနွှာ နှုတ်နှုတ်စဉ်းပါ)
ချဉ်စပ် ငါးကောင်လုံးကြော်ဟင်း
ချဉ်စပ် ငါးကောင်လုံးကြော်ဟင်း
မြန်မာစတိုင် ချဉ်စပ် ငါးကောင်လုံးကြော်ဟင်းပါ။ ငါးကြော်လုံးကို အရိုးထုတ်ပြီမှ ဂျုံကပ်ကာ အကြွပ်ကြော်ထားတာပါ။ ပြီမှ အပေါ်မှ ခ၇မ်းချဉ်သီး ဟင်းရည်များကို ဆမ်းပြီ နံနံပင်အုပ်ကာ သုံးဆောင်ရတာပါ။ အရသာက၊ ချဉ်စပ် အရသာနဲ့ တကယ် ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါ။ ခုပဲ လုပ်စားကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ကကတစ်ငါး (သို့) ငါးပါးနီ – တစ်ကောင် (ကြေခွံဖယ်ပြီ သန့်စင်ထားပါ)
၂။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
မီနီ ခရမ်းသီး ဘာဂါ
မီနီ ခရမ်းသီး ဘာဂါ
နေ့လည် အစာပြေ လုပ်စားနိုင်ဖို့ အရှေ့လယ်ပိုင်း Mediterranean ခရမ်းသီး မီနီဘာဂါ လေးပါ။ အဓိကတော့ ဘာဂါ ဂျုံနေရာမှာ ကာဖိုဟိုက်ဒရိုက်နည်းတဲ့ ခရမ်းသီးကင်ကို အစားထိုးပြီ လုပ်ထားပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…
မီနီ ဘာဂါတွင် ပါဝင်ပစ္စည်းများ
- ခရမ်းသီး – ၁ခု (အ၀ိုင်း လှီးပါ)
- အမဲသား(သို့) ၀က်သား အသားပြားကြော် – ၃ခု
- ဆလတ်ရွက် – ၃ရွက် (ရေစင်အောင် ဆေးပါ)
- ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
- ခရမ်းချဉ်သီး – ၁လုံး (အ၀ိုင်း ပါးပါးလှီးပါ)
- ချိစ် – ၂ပြား (ခရမ်းသီးအရွယ် ပိုင်းဖြတ်ထားပါ)
တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်
တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်
တာရီယာကီ ကြက်သားကင် နှင့် ဖရဲသီးသုပ်လေးပါ။ ကြက်သားကို တာရီယာကီဆော့နဲ့ ၁နာရီလောက်နုပ်ပြီမှ ကင်ထားတာမို့ အသားကလည်း နူညံ့ပါတယ်။ ဖရဲသားကို ချိုချဉ်လေး သုပ်ထားတာမို့ တမူထူးခြားပြီ ကြက်သားကင်နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
တာရီယာကီ ကြက်သားကင်တွင် ပါဝင်ပစ္စည်းများ
- ကြက်ပေါင်၊ တောင်ပံ၊ ဆီဘူး – ၄၀၀ ဂရမ်
- ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
တူနာ၊ Wholemeal ဆမ်ဝေ့
တူနာ၊ Wholemeal ဆမ်ဝေ့
Wholemale ဂျုံကြမ်းပါမုန့်က အစာကြေရခက်တာမို့ အဆီပိုတွေ သိပ်မဖြစ်စေပါဘူး။ ဒါကြောင့် ဂျုံကြမ်းပါမုန့် သုံးထားတာပါ။ တူနာ၊ မရိုနိစ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်နီတို့နဲ့ စားချင်စဖွယ် မနက်၊ နေ့ခင်းစာကို လုပ်စားနိုင်မှာပါ။ လုပ်ရလည်း လွယ်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…
တူနာသုပ် ပါဝင်ပစ္စည်းများ
- တူနာ ဆီသွပ် – ၁ဘူး
- သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်သီးတောင့်ရှည်စိမ်း – ၁တောင့် (ပါးပါးလှီးပါ)
Tortilla အမဲသားလိပ်
Tortilla အမဲသားလိပ်
မက်ဆီကန်စတိုင် Tortilla အမဲသားလိပ် နည်းပါ။ ၀တ်ရည်က Tortilla ဂျုံပြားကို အိမ်မှာ ကိုယ်တိုင်ပဲ လုပ်စားတယ်။ ဈေးလည်း သက်သာပြီ လုပ်ရလည်း လွယ်ပါတယ်။ ပြီမှ Tortilla ထဲ အမဲသားချက်ထားတာကို အစာသွပ်၊ ဆလတ်ရွက်၊ ချိစ်နဲ့ လိပ်ပြီ သုံးဆောင်ရတာပါ။ အရမ်းလည်း စားလို့ ကောင်းတာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…
အမဲသားလိပ်အတွက် ပါဝင်ပစ္စည်းများ
- Tortilla – ၆ပြား
- ဆလတ်ရွက် – ၁၂ရွက် (ရေစင်အောင် ဆေးထားပါ)
- ချိစ် – ၁၀၀ ဂရမ် (ခြစ်တံဖြင့် ခြစ်ထားပါ)
- အမဲသား – ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပြီသား)
ဌက်ပျောဖူးဟင်း
ဌက်ပျောဖူးဟင်း
မွန်ဟင်းလျာ တစ်ခုဖြစ်တဲ့ ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ၀ယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။ ဟင်းကောင်းကြိုက်သူတွေ ချက်စားကြည့်ဖို့ ညွှန်လိုက်ပါရစေ…
ပါဝင်ပစ္စည်းများ
- ဌက်ပျောဖူး – ၁ဖူး
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
တို့ဟူး နှင့် ဟင်းရွက်စုံကြော်
တို့ဟူး နှင့် ဟင်းရွက်စုံကြော်
တို့ဟူးကို ပဲသီး၊ မုန်လာဥနီ တို့နဲ့ ချိုစပ်ချက်ထားတာပါ။ ဒီFusion ချက်နည်းက မဆလာအနံ့လေးနဲ့ ချိုစပ် အရသာလေးကို ရရှိမှာပါ။ ခုပဲ တူတူချက်ကြည့်၇အောင်…
ပါဝင်ပစ္စည်းများ
- တို့ဟူး – ၃၀၀ ဂရမ် (ဂျပန်ပဲပြား အဖြူ)
- ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
- မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မော်လမြိုင် မုန့်ဟင်းခါး
မော်လမြိုင် မုန့်ဟင်းခါး
သင်္ကြန် အကြိုနေ့အတွက် မော်လမြိုင် မုန့်ဟင်းခါးပါ။ မော်လမြိုင် မုန့်ဟင်းခါးက ဆီနည်းနည်း၊ ဟင်းရည် ခပ်ကျဲကျဲနဲ့မို့ ရန်ကုန်မုန့်ဟင်းခါးနဲ့တော့ မတူပေမယ့် တမျိုး စားလို့ ကောင်းပါတယ်။ ထူးထူးခြားခြား ငါးပြုတ်ရည်ထဲ ထန်းညက်ခဲ ထည့်ပြီ ပြုတ်ရတာပါ။ ဒီချက်နည်းကို ပေးတဲ့ အန်တီအေးမွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မော်လမြိုင်မုန့်ဟင်းခါးကို တူတူ ချက်ကြည့်ရအောင်…
မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၄၀ကျပ်သား
၂။ ငါးခူ – ၃၀ ကျပ်သား (ငါးခူကို ထန်းညက် ၃ခဲ၊ ငါးငံပြာရည်၊ ဆား၊ စပါးလင်တို့ဖြင့် ပြုတ်ရမည်)
Tikka ကြက်သားကင် နှင့် ချိစ်
Tikka ကြက်သားကင် နှင့် ချိစ်
ကြက်သား Tikaကင်ကို အိန္ဒိယစတိုင်နဲ့ အနောက်တိုင်းစတိုင်ကို Fusion လုပ်ထားတဲ့ ချက်နည်းပါ။ ကြက်သားကို နူအိအောင် အိန္ဒိယဟင်းခတ်အမွှေးအကြိုင်၊ ဒိန်ချဉ်နဲ့ နုပ်ပြီမှ ကင်ထားတာပါ။ အရသာက အီစိမ့်စိမ့်လေးဖြစ်အောင် ချိစ်ကို ထည့်နုယ်ထားပါတယ်။ အအီပြေအောင် သံပရာသီး၊ ကြက်သွန်နီတို့နှင့် တွဲဖက်သုံးဆောင်ရပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံ – ၂ခု (၄၀၀ ဂရမ်) (၁လက်မအရွယ် အတုံးများတုံးထားပါ)
- ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ)
- ဂျင်း – လက်တဆစ် (ညက်အောင် ထောင်းပြီ အရည်ညှစ်ထားပါ)
သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး
သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး
မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့ Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ သင်္ကြန်မှာ မုန့်တွေ တ၀ကြီး လုပ်စားနိုင်ဖို့ မုန့်လုပ်နည်း ၁၅မျိုးကို တင်ဆက်ပေးလိုက်ပါတယ်..
ကြက်ခြေထောက်ပေါင်း
ကြက်ခြေထောက်ပေါင်း
တရုတ် ဒင်းဆမ်း ကြက်ခြေထောင်းပေါင်းကို မန်ထိုပေါက်စီနဲ့ တွဲဖက်ပြီ မနက်စာ၊ အစာပြေအဖြစ် သုံးဆောင်လို့ရပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ကြက်ခြေထောက်တွင် ပါဝင်ပစ္စည်းများ
- ကြက်ခြေထောက် – ၄၀၀ ဂရမ် (သန့်စင်ပြီသား)
- သကြား – စားပွဲတင်ဇွန်း ၄ဇွန်း
- ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
- ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
- နတ်နတ်ပွင့် – ၃ခု
အာလူး၊ ချိစ် ဆမ်ဝေ့ကင်
အာလူး၊ ချိစ် ဆမ်ဝေ့ကင်
ဆမ်ဝေ့ အသစ်အဆန်း စားချင်သူများအတွက် အာလူး၊ ချိစ် ဆမ်ဝေ့ကင်ပါ။ အစာပြေအဖြစ် အနောက်တိုင်း ချက်နည်းနဲ့ အိန္ဒိယချက်နည်း fusion ပေါင်းစပ်ထားပါ။ ပါမုန့်ကင် ကြွပ်ကြွပ်လေးကို ၀ါးလိုက်ရင် အထဲက အာလူး၊ ချိစ် အရသာနဲ့ မဆလာနံ့လေး သင်းပြီ စားလို့ အရမ်းကောင်းပါတယ်။ ခုပဲ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- အာလူး – ၄လုံး (အာလူးကို နူအောင် ပြုတ်ထားပြီ အခွံနွှာ၊ ပါးပါးလှီးပါ)
- ကြက်သွန်နီ – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
- ချိစ် – ခွက်တ၀က် (ခြစ်တံဖြင့် ခြစ်ထားပါ)
ကင်ချီ ထမင်းကြော်
ကင်ချီ ထမင်းကြော်
လက်တင် နှင့် ကိုရီယားစတိုင် fusion ကင်ချီထမင်းကြော် ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ အရမ်းလည်း စားလို့ ကောင်းပါတယ်။ ခုပဲ တူတူ ကြော်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ချက်ပြီသား ထမင်း – ၄ယောက်စာ
- ၀က်သားသုံးထပ်သား – ၂၀၀ ဂရမ်
- ကင်ချီ – ခွက်တ၀က် (ပါးပါးလှီးပါ)
ကြက်သား လက်ဖက်ဟင်း
ကြက်သား လက်ဖက်ဟင်း
ကြက်သားကို လက်ဖက်ရွက်ကို ပြုတ်ပြီ ရတဲ့ အရည်နဲ့ ချက်ထားတာမို့ လက်ဖက်နံ့လေး သင်းနေပါတယ်။ အရသာက အီ၊ ချဉ်၊ စိမ့်စိမ့်လေးနဲ့ တမူထူးခြား ကောင်းမွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ပေါင် – ၄ခု (အရေခွံဖယ်ပြီ ထက်ခြမ်းခြမ်းထားပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းထားပါ)
သင်္ကြန်ထမင်း
သင်္ကြန်ထမင်း
မွန်ရိုးရာ သင်္ကြန်ထမင်းပါ။ သင်္ကြန်မှာ မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ တချို့ကတော့ ဖယောင်းအနံ့ကို မကြိုက်တာမို့ ထည့်မချက်ထားပါဘူး။ သင်္ကြန်ထမင်းကို ငါးခြောက်ကို သရက်သီးစိမ်းနဲ့ ကြော်ရယ်၊ ရေအေးထည့်ပြီ သုံးဆောင်ကြပါတယ်။ ၀တ်ရည်က တမျိုးဆန်းသွားအောင် သရက်ချဉ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ရယ် နှစ်မျိုးခွဲထားလိုက်တာပါ။ ဒီနည်းလေးလည်း စားလို့ ကောင်းတာမို့ လုပ်စားကြည့်ကြရအောင်..
သင်္ကြန်ထမင်း ပါဝင်ပစ္စည်းများ
- ဆန် – ၂ခွက်
- ဖယောင်းချက် – အနည်းငယ် (Optional)
- ငရုတ်သီးခြောက်နီ – ၄ခု (ဆီဖြင့် အနည်းလှော်ပေးပါ)
ဆေးဘဲဥသုပ်
ဆေးဘဲဥသုပ်
ထမင်းမြိန်စေမယ့် ဆေးဘဲသုပ်ပါ။ ဆေးဘဲဥကို ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲ၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး နှင့် သံပရာသီးတို့ဖြင့် ချဉ်ငံ့စပ် သုပ်ထားတာပါ။ စားလို့ ကောင်းတာမို့ ခုပဲ တူတူ သုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ဆေးဘဲဥ – ၃လုံး (အခွံနွှာပြီ ဆေးဘဲဥ ၈ပိုင်ပိုင်းထားပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ကာ ပါးပါးလှီးပါ)
ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်
ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်
နေ့လည်စာ အဆာပြေအဖြစ် လုပ်စားနိုင်အောင်ပါ။ အရသာလည်း ရှိပြီ စားလို့ ကောင်းတဲ့ ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်လေးပါ။ ချက်နည်း တူတူ ကြည့်ရအောင်..
ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ – ၃လုံး (ခလောက်ပေးပါ)
၂။ ငါးဖယ် – ၁၀ကျပ်သား (ညက်အောင် ထောင်းပါ)
၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
အညာ ထမင်းသုပ်
အညာ ထမင်းသုပ်
အညာစတိုင် ပဲမှုန့် များများနဲ့ ထမင်းအချိုသုပ်လေးပါ။ ထမင်းသုပ်ကို ပုဇွန်ထုပ်ကြော်လေးနဲ့ တွဲဖက် ထားပါတယ်။ လုပ်ရတာလည်း လွယ်ပြီ အရသာရှိတာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ထမင်းသုပ်တွင် ပါဝင်ပစ္စည်းများ
- ချက်ပြီသား ထမင်း – ၃ယောက်စာ
- ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၃ဇွန်း (ကြက်သွန်နီ ၂လုံး ပါးပါးလှီးပြီ ဆီဖြင့် ကြော်ပါ)
ရွှေညောင်ပင် ကြက်သားသုပ်
ရွှေညောင်ပင် ကြက်သားသုပ်
ရွှေညောင်ပင် ကြက်သားသုပ်လို ချဉ်စပ် ကြက်သားသုပ်လေးပါ။ ရွှေညောင်ပင် ကြက်သားသုပ်မှာ အရိုးသုပ်၊ ကြက်ရေပြားသုပ်၊ အစုံသုပ်၊ အသားသုပ်ဆိုပြီ ရှိပါတယ်။ ခု ၀တ်ရည် လုပ်ထားတာက အစုံသုပ်လေးပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
- ကြက်ရိုး၊ ကြက်တောင်ပံ၊ ကြက်ပေါင် – ၅၀ကျပ်သား (အသဲအမြစ်အစုံ ထည့်လိုက ထည့်နိုင်သည်)
- ပဲမှုန့် (အစိမ်းမှုန့်)- ၃၅ ဂရမ် (ရေ ၂၀၀မီလီလီတာဖြင့် ရောဖျော်ထားပါ)
- အုန်းနို့နှစ် – ၁ဘူး (၁၆၀ မီလီလီတာ)
ဝက်သားနီချက်
ဝက်သားနီချက်
မြန်မာဟင်းလက်ရာ ၀က်သားနီးချက်ပါ။ ၀က်သားနီချက်မှာ သကြားကို ဆီသပ်တာက အဓိက ကြပါတယ်။ သကြားနီညှိရောင်သန်းသွားမှ ၀က်သားထည့်ကာ ၀က်သားနီသည်အထိ လုံးချက်ရတာမို့ ၀က်သားနီချက်လို့ ခေါ်ကြတာပါ။ အရသာ ချိုချဉ် အရသာလေးနဲ့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းတခွက်ဖြစ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ၀က်အဆီနဲ့အသား (သို့) ၀က်သားသုံးထပ်သား – ၅၆၀ ဂရမ် (၃၅ကျပ်သား) (အတုံးကြီးများ တုံးထားပေးပါ)
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
ငါးသလောက်ပေါင်း
ငါးသလောက်ပေါင်း
ငါးသလောက်ပေါင်း ကြိုက်သူတွေ ပေါင်းအိုးလိုက်သာ အားပေးသွားကြပါနော်။ ကြံခင်းပြီ ငါးသလောက်ကို ပေါင်းထားတာပါ။ ကြံကြိတ်ကို ခင်းသလို၊ ကြံကို ထပ်ခြမ်းခြမ်းပြီ ခင်း(သို့) စပါးလင်ကို ထုချည်ပြီခင်းကာ ငါးသလောက်ကို ပေါင်းလို့ရပါတယ်။ အဓိက ငါးသလောက် အိုးအောက်ခြေနဲ့ မကပ်ဖို့အတွက်ပါ။ ဒီ ငါးသလောက်ကို Slow cooker နဲ့ချက်ထားတာမို့၊ အရိုးပါ စားလို့ရတဲ့အထိ အရမ်းနူးအိပြီ အရမ်းစားကောင်းပါတယ်။ အလျှူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ အိမ်မှာ လုပ်စားဖို့ပဲဖြစ်ဖြစ် ချက်နည်း ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ငါးသလောက် – ၁ကောင် (၄၅၀ ဂရမ်) (ငါးကို ကြေခွံဖယ်ပြီ သန့်စင်ထားပေးပါ) (အကောင်ကြီး ၁ကောင်၊ အကောင်သေး ၂ကောင်)
- ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပေးပါ)
ပုန်းရည်ကြီးသုပ်
ပုန်းရည်ကြီးသုပ်
အညာစတိုင် ပုန်းရည်ကြီးသုပ်ပါ။ ပုန်းရည်ကြီးကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း၊ ဆီ တို့ဖြင့် ရောနုယ်သုပ်ထားတာပါ။ ထမင်းမြိန်စေမယ့် ဟင်းအရံတမျိုးပါ…
ပါဝင်ပစ္စည်းများ
- ပုန်းရည်ကြီး – ၃ထုပ်
- ကြက်သွန်နီ – ၃လုံး (ပါးပါးလှီပါ)
- ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
အမဲသားခပတ်၊ အာလူးဟင်း
အမဲသားခပတ်၊ အာလူးဟင်း
အမဲသားခပတ်၊ အာလူးဟင်း ချက်နည်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ စားလို့ အရမ်းကောင်းပါတယ်။ အာလူးကို ကြော်ပြီ အမဲသားခပတ်ဟင်းနဲ့ တွဲရောချက်ထားတာပါ။ ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
- အမဲသား – ၃၂၀ဂရမ်(၂၀ကျပ်သား) (နုပ်နုပ်စဉ်းပါ)
- အာလူး (အလုံးသေး) – ၅လုံး (နူအောင် ပြုတ်ထားပေးပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီး ၈စိပ်လှီးပါ)
- ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သောက်ဆမ်း
ကြက်သောက်ဆမ်း (မွန်စတိုင်)
ကြက်သောက်ဆမ်း ချက်နည်းလေးပါ။ ကြက်သောက်ဆမ်း ချက်နည်းက မြန်မာစတိုင်ဆိုရင် ကြက်ကာလသဟင်းလို့ ခေါ်ပါတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းလည်း ရှိပါသေးတယ်။ ရခိုင်စတိုင် ကြက်သောက်ဆမ်းက ပိုစပ်ပြီ ငပိပါ ထည့်ချက်ပါတယ်။ ခုမွန်စတိုင် ချက်နည်းက ငရုတ်သီး ဓားပြရိုက်ထည့်၊ ပင်စိမ်းအုပ်၊ မဆလာ လေးနဲ့ အရသာက စားလို့အရမ်းကောင်းပါတယ်။ ကြက်သောက်ဆမ်းအရည်ကို ထမင်းပေါ် ဆမ်းလည်း စား၊ ဟင်းချို အနေနဲ့လည်း သောက်လို့ရပါတယ်။ ၀တ်ရည်က ပိုထူးခြားသွားအောင် ကြက်သား အရင်နုပ်ထားပြီမှ ချက်ထားတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
- ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
- ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
- ငရုတ်သီးစိမ်း – ၄တောင့် (ဓားပြရိုက်(သို့) ထက်ခြမ်းခြမ်းပါ)
အမဲသား နှင့် Broccoli ကြော်
အမဲသား နှင့် Broccoli ကြော်
တရုတ်စတိုင် အမဲသား နှင့် Broccoli ပန်းကော်ဖီစိမ်း ကြော်လေးပါ။ အမဲသားက ဆန်ဝိုင်ဖြင့် နုပ်ထားပြီမှ ချက်ထားမို့ အမဲသားက နူးအိပါတယ်။ လွယ်လွယ်ကူကူပဲ ချက်လို့ရပြီ ဟင်းသီဟင်းရွက်တွေနဲ့ ရောကြော်ထားတာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- အမဲသား(သို့) ၀က်သား – ၄၀၀ ဂရမ် (အရှည် ပါးပါးလှီးပေးပါ)
- ပန်းကော်ဖီစိမ်း (Broccoli) – ၂ခွက်စာ (အတုံးများ တုံးထားပါ)
- ငရုတ်သီးပွနီ – ၁ခု (အစေ့ထုတ်ပြီ ပါးပါးလှီးထားပါ)
ရွှေဖရုံသီး ဟင်းချို
ရွှေဖရုံသီး ဟင်းချို
အရသာက ချိုစိမ့်ပြီ သောက်လို့ကောင်းတဲ့ ရွှေဖရုံသီး ဟင်းချိုပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ရွှေဖရုံသီး – ၁စိတ်(၁၀၀၀ ဂရမ်) (ပေါင်းအိုးပြီ မိနစ် ၂၀ ပေါင်းပေးထားပါ)
- အာလူး – ၁လုံး (ပြဲအောင် ပြုထားပေးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်
ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်
ဆယ်မွန်ငါးကင် နှင့် သစ်သီးဆလတ်သုပ်ပါ။ ဆယ်မွန်ကို တာရီယာကီဆော့နဲ့ ကင်ထားတာမို့ အရမ်းစားလို့ ကောင်းပါတယ်။ ဆယ်မွန်ငါးကင် နှင့် သစ်သီး ဆလတ်သုပ်က ကျန်မာရေးနဲ့ ညီညွှတ်ပြီ လုပ်ရလည်း လွယ်ပါတယ်။ ခုပဲ တူတူလုပ်စားကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
- ဆယ်မွန်ငါး – ၄၀၀ ဂရမ် (အလယ်အရိုးကနေ ထက်ခြမ်းခြမ်းထားပေးပါ)
- ပန်းသီး – ၁လုံး (အခွံနွှာပြီ အတုံးများ တုံးပါ)
- စပျစ်သီး – ၁၀လုံး