Premium Recipes

<< >>

ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်

ဝက်သားတုတ်ထိုး ၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။ တုတ်ချိုးထားတာက ၂၀၀ကျပ်၊ တုတ်မချိုးထားတာ ၁၀၀ကျပ်ပါ၊ အားမနာပဲ အားပေးသွားနော်… 😛 ပါဝင်သောပစ္စည်းများ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ အူချို၊ အူပိတ်၊ ၀က်နားရွက်၊ ၀က်အရွတ်၊ လျှာ၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ ကြက်ဥ – ၂လုံး (ကျက်အောင် ပြုတ်ထားပါ) ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း

YKKO စတိုင် ကြေးအိုး

YKKO စတိုင် ကြေးအိုး (၄ယောက်စာ) YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်… ကြေးအိုးတွင် ပါဝင်ပစ္စည်းများ ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ) ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)

ကြက်သား ဒန်ပေါက်

ကြက်သား ဒန်ပေါက် (၈ယောက်စာ) မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်… ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ ဒန်ပေါက်ဆန် (basmati rice)            ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်) ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ

မြိတ်ကတ်ကြေးကိုက်

မြိတ်ကတ်ကြေးကိုက် ကတ်ကြေးကိုက်မှာဆိုရင် မြိတ်ကတ်ကြေးကိုက်က နံမည်ကြီးပြီ လူကြိုက်များပါတယ်။ မြိတ်ကတ်ကြေးကိုက်က တခြား ကတ်ကြေးကိုက်တွေထက် ပင်လယ်စာ ပိုများပါတယ်။ တချို့ဆို ကမာ၊ ရှပ်၊ ပုဇွန်ခြေထောက်တို့က အစထည့်ပြီ ချက်ကြပါတယ်။ ဒီချက်နည်းလေးက ၀တ်ရည်ရဲ့ အဒေါ်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ရအောင်… ပါဝင်သောပစ္စည်းများ ကတ်ကြေးကိုက် မုန့်ဖတ် – ၄၀ကျပ်သား ပုဇွန်ကျား – ၂၀ကျပ်သား (အမြှီးခံကာ အခွံနွာပြီ ကျောခွဲထားပေးပါ) ကင်ပွန်း (သို့) ပြည်ကြီးငါး – ၂၀ကျပ်သား (အညှိအခွဲတွေ စဉ်အောင် ရှာလကာရည်နဲ့ အရင်ဆေးပြီမှ ရေနဲ့ ပြန်ဆေးထားပါ။ ပြီလျှင် ကြက်ခြေခတ်ပုံ ဓားဖြင့် မွှန်းထားပေးထားပါ) ဂဏန်းချောင်း – ၇ချောင်း (အစောင်းပါးပါးလှီးပါ)

နိုင်လွန်ပုဇွန်

နိုင်လွန်ပုဇွန် နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။ နိုင်လွန်ပုဇွန် လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ… ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ Wheat Starch (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၈၀ ဂရမ် Tapioca Flour – ရ၀ ဂရမ် ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း ရေနွေး – ၁၇၀ မီလီလီတာ

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ) မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…

ကြက်ဆီထမင်း

ကြက်ဆီထမင်း ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်… ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု) ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက် ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က် ပဲငံပြာရည် အနောက်                            

တို့ဟူးသုပ်လေး လုပ်စားကြအောင်

တို့ဟူးသုပ်လေး လုပ်စားကြအောင် တို့ဟူးသုပ်လေးကို ချဉ်ငံ့စပ်လေး သုပ်ထားပါတယ်။ တို့ဟူး အိမ်မှာပါ ကျိုလို့ ရအောင်ပါ တို့ဟူးကျိုနည်းပါ တင်ပြလိုက်ပါတယ်။ ဒီတို့ဟူးကျိုနည်းလေးကိုတော့ ၀တ်ရည်အမွှာညီမ ၀တ်မှုံဆီက သိတာပါ။ အိမ်မှာ လုပ်စားသဖြင့် ၂၀၀ကျပ်ဖြင့် တစ်အိမ်လုံး သန့်ရှင်းလတ်ဆတ်စွာ စားသုံး နိုင်ပါတယ်။ တို့ဟူးကျိုချိန်ကလည်း ၂မိနစ်လောက်သာ ကြာ၍ အချိန်တိုအတွင်း လုပ်စားပါတယ်။ အိမ်မှာ လုပ်စားကြည့်မှ အရမ်းလွယ်ကူတာ တွေ့ရ၍ ပြန်မျှဝေပေးလိုက်ပါတယ်.. တို့ဟူးကျိုရန် ပါဝင်သောပစ္စည်းများ ၁။ ကုလားပဲ အစိမ်းမှုန့် – ၁ထုပ် (၁၅၀ ဂရမ်) ၂။ ရေအေး – ၆၀၀ မီလီလီတာ (ml) (သို့) လက်ဖက်ရည်ပန်းကန်လုံး ရခွက်

ကူဖီ မလိုင် (Kulfi)

ကူဖီ မလိုင် (Kulfi) ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ အိန္ဒိယ ရေခဲချောင်းဖြစ်တဲ့ ကူဖီမလိုင်မှာ ရေခဲမုန့်လို ခရင်(မ်)၊ ကြက်ဥတို့ မပါဝင်ပါဘူး။  ကူဖီမလိုင် လုပ်ရာမှ ပျစ်သွားအောင် ခရင်(မ်) မထည့်ပဲ ဆန်မှုန့်ကို ထည့်ထားပါတယ်။ ရန်ကုန်မှာ စားနေကျ ကူဖီမလိုင်နဲ့တော့ အရသာသိပ်မတူပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရန်ကုန်မှာ ၀ယ်စားနိုင်တဲ့ ကူဖီမလိုင်အများစုက နို့ဆီနဲ့ လုပ်ထားလို့ပါ။ ၀တ်ရည် ခုလုပ်တဲ့ အိန္ဒိယစတိုင် စစ်စစ် ကူဖီမလိုင်က နွားနို့ရယ်၊ သကြားရယ်၊ ဖာလာအနံ့လေးနဲ့လုပ်တာမို့ ချိုစိမ့်ပြီ အိန္ဒိယရနံပလေးပါ သင်းစေပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အချိန်တော့ ပေးပြီ လုပ်ဖို့ လိုအပ်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်… ပါဝင်ပစ္စည်းများ ၁။

တို့ဟူးနွေး (၃ယောက်စာ)

တို့ဟူးနွေး (၃ယောက်စာ) တို့ဟူးနွေးကို လုပ်ရလွယ်ပြီ စားလို့ကောင်းတဲ့နည်းလေးနဲ့ တင်ဆက်ထားပါတယ်။ နေ့လည်စာ အစာပြေလုပ်စားနိုင်ဖို့ပါ။ လုပ်နည်းလေး ကြည့်ရအောင်… တို့ဟူးနွေး ပြင်ဆင်ရာတွင် ပါဝင်သည့်ပစ္စည်းများ ၁။ ဆန်စီခေါက်ဆွဲထုပ် – တ၀က် ၂။ မြေပဲ – စားပွဲတင်ဇွန်း ၃ဇွန်း (မညက်တညက် ထောင်းထားပေးပါ) ၃။ နံနံပင် (သို့) ကြက်သွန်မြိတ် – ၂ပင် (ပါးပါးလှီးပါ)

အိမ်လုပ် အီကြာကွေ

အီကြာကွေ (ရခု) မနက်စာ၊ အစာပြေ ကော်ဖီပူပူလေး တွဲစားဖို့ အိမ်လုပ် အီကြာကွေလေးပါ။ အဝေးရောက် မြန်မာတွေ အလွမ်းပြေ အီကြာကွေလေး အိမ်မှာ ကိုယ်တိုင် လုပ်စားနိုင်ဖို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို ပုံနှင့် တကွဖော်ပြပေးထားတာမို့ လုပ်ရတာလည်း လွယ်ကူမှာပါ။ ခုပဲ အီကြာကွေ ကြွပ်ကြွပ်လေးကို လုပ်ကြည့်ရအောင်… preparation time: 4 hrs ၊ cooking time: 15 mins ပါဝင်ပစ္စည်းများ ရေ – ခွက် ၄ပုံ၃ပုံ ဂျုံ – ၂ခွက် (သို့) ၂၅၀ ဂရမ် yeast – လက်ဖက်ရည်ဇွန်း တ၀က်

အိမ်လုပ် ပဲပြုတ်

အိမ်လုပ် ပဲပြုတ် ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။ ပဲပြုတ်ကို လွမ်းတဲ့ နိုင်ငံခြား ရောက်မြန်မာတွေ အလွယ်တကူ လုပ်စားနိုင်အောင် ထိုချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းကို ၀တ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက ရရှိတာပါ။ ချက်နည်းလေးကို ကြည့်ကြည့်ရအောင်…

ကိုရီးယား ကင်ချီ

ကိုရီးယား ကင်ချီ ကင်ချီကို ကိုရီးယားမှာ လူကြိုက်အများဆုံး ဟင်းလျာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းရံအဖြစ်တွဲဖက်စားသုံးနိုင်သလို အဓိက ဟင်းလျာအဖြစ် စွတ်ပြုတ်၊ စတူး၊ ထမင်းကြော်များမှာပါ တွဲဖက် စားသုံး နိုင်ပါတယ်။ အဓိကအားဖြင့် ကင်ချီကို မုန်ညှင်း၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်(သို့) သခွာသီးတို့နှင့် ချဉ်ဖတ်ပြုလုပ်ကြတာ များပါတယ်။ ကျန်းမာလေးနှင့်လည်း ညီညွတ်တဲ့အပြင် ကင်ချီလုပ်နည်းတွေ ထဲမှ အလွယ်ဆုံး လုပ်နည်းဖြင့် ပြုလုပ်ထားမို့ အလွယ်တကူ လုပ်စားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချက်နည်းကို ကြည့်ကြည့်ရအောင်… ပါဝင်ပစ္စည်းများ [Ingredients] မုန့်ညှင်း                               ♦

ကြက်ကချင်ချက်

ကြက်ကချင်ချက် ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်… ပါဝင်ပစ္စည်များ ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ) မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ) ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

သီးစုံ ဂျယ်လီ ပူတင်း

သီးစုံ ဂျယ်လီ ပူတင်း (၈ယောက်စာ) အချိုပွဲတည်ခင်းဖို့ သီးစုံ ဂျယ်လီ ပူတင်းလေးပါ။ နေ့လည်စာ၊ ညနေစာ စားပြီ အချိုပွဲ တည်းဖို့အတွက်ပါ။ အရင်ဆုံး ပူတင်းကို ကြက်ဥ၊ နွားနို့၊ သကြားတို့နှင့် ပြုလုပ်ပါတယ်။ ၀တ်ရည်ကတော့ ဗီနီကာ အနံ့၊ အရသာ ရအောင် ပူတင်းမလုပ်ခင် vanilla essence လေးပါ ထည့်ထားတယ်။ ဂျယ်လီ ပူတင်းမှာ သီးစုံလည်း ပါတာမို့ အရမ်းချိုအီမနေပဲ၊ စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်.. ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ ကြက်ဥ အနှစ် – ၄လုံး နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅၀ မီလီလီတာ) သကြား –

ကိုရီးယား တော့ပူကီ

ကိုရီးယား တော့ပူကီ တော့ပူကီသည် ရေပန်းစားဆုံး ကိုရီးယားဟင်းလျာတွေထဲမှာ တမျိုးအပါအ၀င် ဖြစ်ပါတယ်။ ဆန်မှုန့်နဲ့လုပ်ထားတဲ့ တော့ပူကီကို ကိုရီယားရုပ်ရှင် ဇာတ်လမ်းတွဲ တော်တော်များများမှာ တွေ့ဖူးကြမှာပါ။ သို့ပေမယ့် ကိုရီးယားမှာပဲ ၀ယ်လို့ရတဲ့ ဆန်ကိတ်တွေကို ကိုယ်တိုင် အိမ်မှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ၀တ်ရည် အဆင့်ဆင့် လုပ်ပြပေးထားပါတယ်။ ဒါကြောင့် လုပ်ရတာလည်း ထင်သလို မခက်ပဲ၊ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အရသာကလည်း ချိုစပ်လေးနှင့် အလွန်မှ စားလို့ကောင်းပါတယ်။ လုပ်နည်းလေးကို ကြည့်ကြည့်ရအောင်… ဆန်ကိတ်အတွက် ပါဝင်ပစ္စည်းများ ဆန်မှုန့် (rice flour)     ♦ ၃၀၀ ဂရမ် ဆား (salt)               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း ရေနွေး(boil water)     ♦ ဆန်ချိန်ခွက် ၁ခွက်

KFC ကြက်ကြော်

KFC ကြက်ကြော် KFC ကြက်ကြော်က ကမ္ဘာမှာ နံမည်အကြီးဆုံး ကြက်ကြော်တစ်မျိုးပါ။ KFC ကြက်ကြော် ချက်နည်းအတိုင်း ပထမဆုံးအကြိမ် ကြော်ဖူးတာပါ။ KFC ကြက်ကြော်နဲ့ အရသာရော၊ ပုံပါ တော်တော်ကို တူတာမို့ ချက်နည်းကို အားလုံးကို မျှဝေပေးချင်လို့ပါ။ လုပ်ရတာလည်း လွယ်ပါတယ်၊ ဒါပေမယ့် ကြက်သားနှပ်ထားချိန်ကတော့ ၁ရက်နီးပါးတော့ အချိန်ပေးရပါတယ်။ ချက်နည်းကို ကြည့်ရအောင်… ကြက်သားကို နုပ်ထားရန် ပါဝင်ပစ္စည်းများ ကြက်ပေါင်နဲ့ ရင်ဗုံ – ၄ခု ပိုတက်စီယမ်ဆား- စားပွဲတင်ဇွန်း ၂ဇွန်း (ထည့်ချင်က ထည့်နိုင်သည်၊) အချိုမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း ဆား – စားပွဲတင်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူမှုန့် – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ ကြက်ပြုတ်ရေ –

ဟောင်ကောင် ဘဲကင်

‘ဟောင်ကောင် ဘဲကင်’   ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်… ပါဝင်ပစ္စည်းများ [Ingredients] ဘဲ [duck]                            ♦ ၁ကောင်( ၅-၆ပေါင် ) ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း

“Wutyee Food House မှ ကြိုဆိုပါသည်” Email Subscription : လုပ်ခြင်းဖြင့် ဒီဘလောက်မှာ ဟင်းလျာအသစ်တင်တိုင်း  တင်ထားသော ဟင်းလျာများကို အီးမေးက တဆင့်အကြောင်းကြားပေးပါတယ်။ Categories : အောက်မှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပီဇာ၊ လာအို၊ အနောက်တိုင်း ဟင်းချက်နည်းခွဲ တားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ချက်နည်းများကို အလွယ်တကူရှာဖွေ နိုင်ပါသည်။ Cooking Method : ၀တ်ရည် ချက်နည်း အဆင့်အဆင့်ကို ပုံတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။ Blog : ဒီဘလောက်ကို တခေါက်ဝင်ကြည့်ပြီးတိုင်း နောက်တခါဝင်ကြည့်ဖို့ရယ်၊ နီးစပ်ရာ သူငယ်ချင်းတွေကို share လုပ်ပေးဖို့ မမေ့ကြနဲ့နော်။ ၀တ်ရည်ဘလောက်ကို ၀င်ကြည့်သူတိုင်း အရှေ့တိုင်း၊ အနောက်တိုင်း ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ရင်း

သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး

သင်္ကြန် မုန့်လုပ်နည်း ၁၅မျိုး မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့  Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ သင်္ကြန်မှာ မုန့်တွေ တ၀ကြီး လုပ်စားနိုင်ဖို့ မုန့်လုပ်နည်း ၁၅မျိုးကို တင်ဆက်ပေးလိုက်ပါတယ်..

မာလာဟင်း

မာလာဟင်း ချစ် ညီအစ်မတွေက မာလာဟင်း ချက်နည်းလေး တင်ပေးပါအုန်းဆိုလို့ တင်ဖြစ်သွားတဲ့ မာလာဟင်း ချက်နည်းလေးပါ။ ရွှေလီ အသားကင်ဆိုင်သွားစားတိုင်း မှာစားဖြစ်တယ်။ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နာရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီ မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့အရော အရသာ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်နော်… မာလာဟင်း အနှစ်ချက်ရန် ပါဝင်ပစ္စည်းများ မာလဟင်းနှစ်ထုပ် – ၁ထုပ် ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ) ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)

ခရမ်းချဉ်သီးဖြင့် နှင်းဆီပွင့် ပုံဖော်နည်း

ခရမ်းချဉ်သီးဖြင့် နှင်းဆီပွင့် ပုံဖော်နည်း ဟင်းလျာကို ကောင်းအောင် ချက်တတ်ရုံနဲ့ မပြီသေးပဲ၊ စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်တတ်ဖို့ကလည်း အရေးပါပါတယ်။ ဒါကြောင့် ဟင်းလျာကို ပြင်ဆင်တဲ့အခါမှာ အလှဖော်နည်းတွေထဲက ခရမ်းချဉ်သီးနဲ့ နှင်းဆီပွင့်ဖော်တဲ့ နည်းကို အိမ်မှာ အလွယ်တကူ လုပ်နိုင်ဖို့ အဆင့်ဆင့် ပြသသွားမှာပါ။

ဘဲသား ကော်ရည်ခေါက်ဆွဲ

ဘဲသား ကော်ရည်ခေါက်ဆွဲ (၁၀ယောက်စာ) ဒါကတော့ ဘဲသား ကော်ရည်ခေါက်ဆွဲလေးပါ။ အရင်က ၀တ်ရည် အဒေါ်ချက်တဲ့ ဘဲသား ကော်ရည်ခေါက်ဆွဲက အရမ်းကောင်းလို့ နံမည်ကြီးပဲ။ ဒါကြောင့် ခုအဒေါ်ဆီက ချက်နည်းတောင်းပြီ ၀တ်ရည် ကိုယ်တိုင် ချက်ထားတာပါ။ လုပ်ပုံအဆင့်ဆင့်လည်း သေချာရေးပေးထားပါတယ်။ နွေရာသီ အားလပ်ရက်များ မိသားစုနဲ့တူတူ လုပ်စားနိုင်အောင်ပါ။ ချက်နည်းကို ကြည့်ရအောင်… ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား) မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ) ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ) ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ)

ငါးထမင်းချဉ်

ငါးထမင်းချဉ် (ရှမ်းထမင်းချဉ်) ရှမ်းအစားအစာဖြစ်တဲ့ ငါးထမင်းချဉ် လုပ်နည်းလေးပါ။ ရေချိုငါးကို ပြုတ်ပြီ ငါးအသားနဲ့ ထမင်းကို နုယ်ထားတဲ့ ငါးထမင်းချဉ်လေးပါ။ ငရုတ်ပွနီတောင့်ကြော်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူတို့ နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။ မနက်စာ၊ ညနေစာ၊ အစာပြေ မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။ အိမ်လုပ် ငါးထမင်းချဉ်ကို ဆိုင်မှာထက် ငါးအသားများများထည့်ထားပါတယ်။ အချိန်တိုတွင်းမှာပဲ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်… ပါဝင်ပစ္စည်းများ ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်သား (အတုံးကြီးများ တုံးထားပါ) ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ) ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ)

သာကူ အစာသွပ်

သာကူ အစာသွပ် ထိုင်းစတိုင် သာကူ အစာသွပ်ပါ။ သာကူထဲကို ၀က်သား(သို့)ကြက်သားနဲ့ မြေပဲကို အစာသွပ်ထားတာပါ။ အစာပြေအဖြစ် သုံးဆောင်မယ်ဆိုရင် အရမ်းကောင်းတဲ့ ချက်နည်းသစ်တမျိုးမို့ ခုပဲ လုပ်စားကြည့်ရအောင်… သာကူတွင် ပါဝင်ပစ္စည်းများ သာကူ – ၁ခွက်ခွဲ ရေနွေး – ၁ခွက် ကြက်သွန်ဖြူဆီချက်

နန်းကြီးသုပ်

နန်းကြီးသုပ် (၄ယောက်စာ) မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။ ပါဝင်ပစ္စည်းများ နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား ကြက်သား – ၂၀ကျပ်သား ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)

ရခိုင်မုန့်တီ

ရခိုင်မုန့်တီ (၁၀ယောက်စာ) နေ့လည်စာ လုပ်စားနိုင်ဖို့ ရခိုင် မုန့်တီပါ။ ဒီနေ့ ရခိုင်မုန့်တီချက်ဖို့ ငါးရွှေ လိုက်ရှာတာ ရှာမလို့ ဈေး၃ခုလောက် ပတ်ခဲ့ရတယ်။ ပတ်ခဲ့ရကြိုးနပ်ပါတယ်၊ အိမ်သားတွေက အားပေးကြတယ်။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်… မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်) ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)

ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲ (၅ယောက်စာ) ဒါကတော့ ရှမ်းခေါက်ဆွဲလေးပါ။ မနက်စာ၊ နေ့လည်စာအဖြစ် အစားများတဲ့ ရှမ်းခေါက်ဆွဲက ကို သင်္ကြန်ပိတ်ရက်တွေမှာ လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ ထည့်သွင်းပေးထားတာပါ။ လုပ်ရတာလည်း လွယ်ပြီ စားကောင်းသည်မို့ တူတူ ချက်ကြည့်ရအောင်… ပါဝင်သောပစ္စည်းများ ၁။ ကြက်သား (သို့) ၀က်သား – ၁၅ကျပ်သား (နှုတ်နှုတ်ဆင်းပါ) ၂။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ) ၃။ ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နှုတ်နှုတ်ဆင်းပါ)

ကိုရီယား ၀က်သားကင်

ကိုရီယား ၀က်သားကင် ကိုရီယား စတိုင် ၀က်သားကင် လေးပါ။ ကိုရီယား ရုပ်ရှင်ကားတွေမှာ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ စားတာ မြင်ပြီကတည်းက စားချင်နေတာ။ ခုမှ လုပ်စားဖြစ်တော့တယ်။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ၀က်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင် ပါဝင်ပစ္စည်းများ ၀က်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ) ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ) ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ) ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)

ရေမုန့်

ရေမုန့် ဒီနေ့တော့ နေ့လည်စာ ရေမုန့်ကို အစာပြေလုပ်စားဖြစ်ပါတယ်။ လုပ်ရတာ ထင်သလို မခက်ပဲ၊ အရမ်းလွယ်တာမို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်… ပါဝင်ပစ္စည်းများ ၁။ ဆန်မှုန့် – နို့ဆီဗူး ၂ဗူး ၂။ ရေ – နို့ဆီဗူး ၅ဗူး ၃။ ပဲပြုတ် – ၅ကျပ်သား

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော်

Fried_Brown_Rice4

ဆန်လုံးညှိ၊ ဟင်းရွက်စုံ ထမင်းကြော် ချက်နည်းပါ။ ဆန်လုံးညှိမှာ ရိုးရိုး ဆန်ဖြူထက် ဗီတာမင် ဘီ၊ သံဓာတ် တွေ ပိုပြီ ပါဝင်တဲ့အပြင် ဆီချိုရောဂါရှိသူတွေအတွက် အလွန် သင့်လျော်ပါတယ်။ ဆန်လုံးညှိက ဖွယ်ပြီ ကစီဓာတ်နည်းတာမို့ ၀ိတ်ချချင်သူတွေ စားမယ်ဆိုလည်း သင့်လျော်ပါတယ်။ ဆန်လုံးညှိကို ဒီအတိုင်း ထမင်းချက်သလို၊ ချက်စားနိုင်ပြီ။ ဆန်လုံးညှိက ဆန်ကြမ်းဆိုပေမယ့် ဆန်လုံးညှိကို ထမင်းကြော် အနေနဲ့ အရမ်းစားကောင်းတာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန်လုံးညှိ (ချက်ပြီသား) – ၂ခွက်စာ (ရိုးရိုးထမင်းချက်သလို Rice cooker နဲ့ချက်ပေးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

အမဲသား Stroganoff

အမဲသား Stroganoff

Beef_Strongoff4

အနောက်တိုင်း စတိုင် အမဲသား Stroganoff သည် အရသာအလွန်စိမ့်သဖြင့် ထမင်းနှင့် တွဲစားလျှင် အလွန်သင့်လျော်ပါသည်။ Brandy နဲ့ ချက်ထား၍ အမဲသားက နူအိပြီး စားလို့ကောင်းပါသည်။ အားပေးသွားကြပါအုန်း..

ပါဝင်သောပစ္စည်းများ

  • အမဲသား(သို့) ၀က်သား – ၂၀ကျပ်သား (အရှည်လိုက် ပါးပါး လေးများလှီးပါ)
  • ကြက်သွန်နီ – ၃လုံး ( အ၀ိုင်းပါးပါးလှီးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

Read more

ဝက်သား နှင့် ခရုဆီကြော်

ဝက်သား နှင့် ခရုဆီကြော်

Pork_Oyster7

တရုတ်စတိုင် ၀က်သားနဲ့ ခရုဆီ ကြော်ပါ။ အချိန်တိုအတွင်းမှာပဲ အလွယ်တကူ ချက်စားနိုင်ပါတယ်။ ခုပဲ တူတူ ချက်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ၀က်သား – ၂၀ကျပ်သား (အစောင်း ပါးပါးလှီးပါ)
  • ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်သီးပွစိမ်း – အကြီး ၁ခု (အစေ့ထုတ်ပြီ ၄စိပ်စိပ်ပါ)

Read more

ဘူးသီးကြော် ပူပူလေး

ဘူးသီးကြော် ပူပူလေး

ButhiKyaw_Fried_Calabash

ဘူးသီးကြော် ပူပူလေးသုံးဆောင် ကြပါအုန်းနော်။ လုပ်နည်းကတော့ လွယ်ပါတယ်။ နှစ်သစ်ကူးနေ့က အိမ်မှာ မိသားစုနဲ့ အတူ အကင်တွေ အကြော်တွေ အစုံလုပ်စားဖြစ်တယ်။

ပါဝင်ပစ္စည်းများ

  • ဘူးသီး – တစိတ်  (၃လက်မ အရှည်များ လှီးပေးပါ)
  • ရွှေလိပ်စာ အကြော်မှုန့် – ၁၅၀ ဂရမ် (သို့) ဂျုံမှုန့် – ရ၀ ဂရမ် +ကောက်ညှင်းမှုန့် – ၄၅ ဂရမ် + ဆန်မှုန့် – ၃၅ ဂရမ်
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ရေ – ၁ခွက် (၂၀၀ မီလီလီတာ)
  • ဆလက်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)

Read more

Wutyee Food House ဟင်းလက်ရာ (၁၀၂)မျိုး စာအုပ်သစ်

”Wutyee Food House ဟင်းလက်ရာ (၁၀၂)မျိုး စာအုပ်သစ်”

Untitled-1a

ချစ်ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Food House ဟင်းချက်လက်ရာ ၁၀၂မျိုး ဟင်းချက်စာအုပ် ထုတ်ဝေလိုက်ပြီ ဆိုတဲ့ သတင်းကောင်းလေး ပါးပါရစေ။ ဟင်းချက်စာအုပ်တွင် ပါဝင်တဲ့ ဟင်းချက်နည်း ၁၀၂မျိုး ချက်နည်းများကိုလည်း ၀က်ဆိုက်ပေါ်မှာ အခမဲ့ ကြည့်ရူနိုင်ပါတယ်။ စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Food House ဟင်းချက်လက်ရာ ၁၀၂ မျိုး ဟင်းချက်စာအုပ်” ကိုအားပေးကြပါနော်…

Read more

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

မှို ခရင်(မ်) ဟင်းချို (Mushroom Cream Soup)

Mushroom_Cream_Soup3

အနောက်တိုင်းစတိုင် မှို ခရင်(မ်) ဟင်းချို ပါ။ အရသာစိမ့်စိမ့်လေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကောက်ရိုး မှို – ၂၀ ကျပ်သား (ပါးပါးလှီးထားပါ)
  • Shimeji မှို – ၅ခု (ရေဖြင့် နူအောင် ပြုတ်ပြီ ရေပြန်စစ်ကာ ပါးပါးလှီထားပါ)
  • ထောပတ် (သို့) သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်သားနှင့် မှို စတူး

တရုတ်စတိုင် ကြက်သားနှင့် မှို စတူး

Stew_Chicken6

တရုတ်စတိုင် ကြက်သား နှင့် မှို စတူးပါ။ Slow cooker နဲ့ ချက်ထားတာမို့ ကြက်သား၊ မှို နှင့် ဟင်းရွက် အားလုံး အရမ်းနူးအိပြီ စားလို့ ကောင်းပါတယ်။ အရသာက ချိုစိမ့်ပြီ ထမင်းပူပူလေးနဲ့ တွဲဖက်သုံးဆောင်ဖို့ အရမ်းလိုက်ဖက်ပါတယ်။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ရင်ဗုံတွဲယှက် – ၂စုံ (အတုံးကြီးများ တုံးပါ)
  • ပြောင်းဖူး – ၁ဖူး (ရေဖြင့် ကျက်အောင် အရင်ပြုတ်ပြီ ၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မုန်လာဥနီ – ၂ခု (အတုံးများ တုံးပါ)

Read more

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့

တရုတ်စတိုင် ကြက်တောင်ပံ အစာသွပ် နှင့် ဂျင်းဆော့ ဟင်းပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်အဆင့်ကိုပါ သေသေချာချာ ဓာတ်ပုံနဲ့ တကွ တင်ပေးထားတဲ့ အတွက် ချက်ပြုတ်ရမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…

ကြက်တောင်ပံ အစာသွပ် ပါဝင်သောပစ္စည်းများ

  • ကြက်တောင်ပံ – ၁၀ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

Read more

ကြက်ကောက်ညှင်း အစာသွပ်

ကြက်ကောက်ညှင်း 

ကြက်ကောက်ညှင်းကို ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ လုပ်စားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကြက်သားကို တညသိပ် (သို့) အနည်းဆုံး ၂နာရီနုပ်ပြီ ပေါင်းထားမို့ အသားကလည်း အရမ်းနူးအိနေပါတယ်။ ပြီလျှင် ကြက်ပေါင်းထားတဲ့ အရည်နဲ့ ကောက်ညှင်းကို ချက်တာမို့ အရသာ ပျော်ဖွယ်ရာ မရှိပါဘူး။ ဒီကြက်ကောက်ညှင်း အစာသွပ်ဟင်းလျာကို စားသောက်ဆိုင်ကြီးများမှာ မှာယူစားသုံးနိုင်ပါတယ်။ ခုပဲ သူငယ်ချင်းတွေနဲ့ တပျော်တပါး ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

  • ကြက်၁ကောင် – ၈၀၀ ဂရမ်
  • ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)
  • မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တ၀က်ကို ပါးပါးလှီးထားပါ)

Read more

ဂျပန်စတိုင် တို့ဟူးကြော်

ဂျပန်စတိုင် တို့ဟူးကြော်

ဂျပန်စတိုင် တို့ဟူးကြော်ပါ။ တို့ဟူးကို ဆန်ဝိုင်း၊ ပဲငံပြာရည်၊ နှမ်းဆီ တို့နှင့် နုပ်ထားပြီမှ ကြော်ထားတာပါ။ အဆာပြေ လုပ်စားမယ်ဆိုရင်လည်း အလွယ်တကူ လုပ်စားလို့ရပါတယ်… ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

တို့ဟူးကြော်တွင် ပါဝင်ပစ္စည်းများ

  • ၃၀၀ ဂရမ် (ဂျပန်တို့ဟူး အဖြူ)
  • ကြက်သွန်မြိတ် – စည်းဝက် (အစောင်း ပါးပါးလှီးပါ)

Read more

Soba ခေါက်ဆွဲ နှင့် တူနာ၊ အရွက်စုံသုပ်

Soba ခေါက်ဆွဲ နှင့် တူနာ၊ အရွက်စုံသုပ်

ဂျပန် soba ခေါက်ဆွဲကို တူနာ နှင့် အရွက်စုံသုပ်ထားတာပါ။ အရသာက ချိုချဉ်လေးနဲ့ အရမ်းစားလို့ကောင်းပါတယ်။ soba ခေါက်ဆွဲတွေကိုလည်း Supermarket တွေမှာ ၀ယ်ယူနိုင်ပြီမို့ အလုပ်တကူနဲ့ နေ့လည်စာ၊ ညနေစာအတွက် လုပ်စားနိုင်မှာပါ။ ခုပဲ တူတူသုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • Soba ခေါက်ဆွဲ – ၃၀၀ ဂရမ်
  • တူနာ ဆီသွပ်ဗူး – ၁ဗူး (ဆီသွပ်ဗူးမှ အရည်များကို သွန်လိုက်ပါ)
  • သခွားသီး – ၁ခွက် (အခွံနွှာပြီ အတုံးသေးများ တုံးပါ)

Read more

ဝက်သားလုံး ငုန်းဥ အစာသွပ်

ဝက်သားလုံး ငုန်းဥ အစာသွပ်

ဝက်သားလုံး ငုန်းဥ အစာသွပ် လုပ်နည်းလေးပါ။ ၀က်သားလုံးကို တာကီယာကီဆော့နဲ့ ချက်ထားမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်ပြီ စားလို့ ကောင်းပါတယ်။ ထမင်းနဲ့ တွဲဖက် စားသုံးမယ်ဆိုလည်း အရမ်းလိုက်ဖက်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်…

ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၃၂၀ ဂရမ် (၂၀ကျပ်သား) (နှုတ်နုတ်စဉ်းထား ပါ)
  • ငုန်းဥ – အလုံး ၂၀ (ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပေးပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)

Read more

ဂျပန်စတိုင် ကြက်သား မာဆလာဟင်း

 

ဂျပန်စတိုင် ကြက်သား မာဆလာဟင်း

ဂျပန်မှာ လူကြိုက် အများဆုံး ကြက်သား မာဆလာဟင်း (ခေါ်) Japanese curry။ ဟင်းအနှစ်နဲ့ ကြက်သားအပြင် အမဲသား၊ ၀က်သား၊ ပုဇွန် နှင့် ဟင်းရွက်စုံတို့ဖြင့် လည်း ဒီမာဆလာဟင်းကို ချက်လို့ရပါသေးတယ်။ ကြက်သား မာဆလာဟင်းကို ထမင်းနှင့် တွဲဖက် သုံးဆောင်ရတာပါ။ ခုပဲ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၄၀၀ ဂရမ် (၂၅ ကျပ်သား)
  • မုန်လာဥနီ – ၂ဥ (အတုံးလတ်လေးများ တုံးပေးပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပေးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်သား အကြွပ်ကြာ် နှင့် tonkatsu ဆော့

ဝက်သား အကြွပ်ကြာ် နှင့် tonkatsu ဆော့

ဂျပန်စတိုင် Tonkatsu လို့ခေါ်တဲ့ ၀က်သား အကြွပ်ကြော်ပါ။ ၀က်သား အကြွပ်ကြော်ကို ပါးပါးလှီးပြီ အပေါ်က Worcestershire ဆော့ဆမ်းကာ ဂေါ်ဖီတွေနဲ့ တွဲဖက်သုံးဆောင်ရပါတယ်။ ဒီဝက်သား အကြွပ်ကို ဆမ်ဝေ့ထဲမှာ အစားသွပ်ပြီလည်း သုံးဆောင်လို့ရသလို၊ ဂျပန်ဟင်းလျာတွေနဲ့လည်း တွဲဖက် စားသုံးလို့ရပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား (လိုင်းသား) – ၂ခု (၂၅၀ ဂရမ် (သို့) ၁၅ကျပ်သား)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးပေးရန်)

Read more

ကြက်ဆာတေးကင်

ကြက်ဆာတေးကင်

လူကြိုက်ပြီ အရသာကောင်းမွန်တဲ့ ကြက်သား ဆာတေးကင်လေးပါ။ အင်ဒိုနီးရှား ရိုးရာ အစားအသောက်တစ်ခု ဖြစ်တဲ့ဆာတေးကို  ခုချိန်မှာ တရုတ်၊ ထိုင်း၊ မလေး စားသောက်ဆိုင်၊ ဟိုတယ်တိုင်းလိုမှာပင် မှာယူစားသောက်နိုင်ပါပြီ။ သူရဲ့ ထူခြားချက်က မြေပဲစပ်ဆော့နှင့် တွဲဖက်စားသုံးရတာပါပဲ။ အရသာကတော့ အုန်းနို့နှင့်နှပ်ထားသည်မို့ ချိုမွှေးပြီ စားလို့ကောင်းပါတယ်။ အချိန်တို အတွင်းမှာပဲ အိမ်မှာ လွယ်လင့်တကူ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ကြက်ရင်ဗုံသား [skinless breast]               ♦ ၂၀ ကျပ်သား
  • သကြား [sugar]                                     ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ [garlic]                               ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ဝက်နံရိုးကင်

ဝက်နံရိုးကင်

အနောက်တိုင်းစတိုင် ၀က်နံရိုးကင်ပါ။ လီမွန်ရည်၊ အမွှေးအကြိုင်တွေနဲ့ ရောပြီ ကင်ထားမို့ အရသာရော အနံ့ပါ အရမ်းကောင်းမွန်ပါတယ်။ ခုပဲ တူတူကင်ကြည့်ရောအင်..

ပါဝင်ပစ္စည်းများ

  • ၀က်နံရိုး – ၈၀၀ ဂရမ် (၀က်နံရိုးနု သုံးလျှင် ပိုမိုကောင်းမွန်သည်)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • လီမွန်ရည် – စားပွဲတင်ဇွန်း ၂ဇွန်း

Read more

Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်

Udon ခေါက်ဆွဲပြုတ်နှင့် တန်ပူရာကြော်

ဂျပန်စတိုင် Udon ခေါက်ဆွဲ နှင့် တန်ပူရာကြော်ကို တွဲဖက်စားသုံးရတာပါ။ Udon ခေါက်ဆွဲပြုတ်ကို ပူပူနွေး သုံးဆောင်ရတာပါ။ Udon ခေါက်ဆွဲ၊ ငါးပြုတ်ရည်၊ ကြက်သွန်မြိတ်၊ တန်ပူရာကြော် တို့ဖြင့် သုံးဆောင်ရတာမို့ အရသာက အရမ်းကောင်းမွန်ပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • Udon ခေါက်ဆွဲ – ၃ထုပ်
  • တန်ပူရာကြော် မုန့်ကြွပ် – အပေါ်မှ ဖြူးရန် (တန်ပူရာကြော်လျှင် ရလာသော  မုန့်နှစ်ကြော် အတိုအထွာများကို ပြောခြင်းဖြစ်သည်)
  • ကြက်သွန်မြိတ် – စည်းဝက် (ပါးပါးလှီးပါ)
  • ရေညှိ – အနည်းငယ် (တွဲဖက်သုံးဆောင်ရန်)

Read more

ဝက်အူချောင်းကင် နှင့် Garlic bread

ဝက်အူချောင်းကင် နှင့် garlic bread

ဝက်အူချောင်းကင် နှင့် garlic bread ပါ။ ၀က်အူချောင်းကို ဘီယာနဲ့ ပြုတ်ပြီမှ ကင်ထားမို့ တမူထူးခြားတဲ့ ကင်နည်း တမျိုးပါ။ ဒီကင်နည်းအတိုင်း ကြက်အူချောင်းကိုလည်း ကင်လို့ရပါတယ်။ လုပ်ရလွယ်ပြီ အချိန်တွင်းပဲ ကင်နိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်အူချောင်း – ၂၀၀ ဂရမ်
  • ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဘီယာ – ၂ခွက်
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • Mustard – တွဲဖက်စားရန်

Read more

Tortilla ချိစ်၊ ခရမ်းချဉ်သီးကင်

Tortilla ချိစ်၊ ခရမ်းချဉ်သီးကင် (၆ခုစာ)

မက်ဆီကန်စတိုင် Tortilla ချိစ်၊ ခရမ်းချဉ်သီး ကင်လေးပါ။ Tortilla ဂျုံပြားထဲ ချိစ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး ထည့်ပြီ ရောကင်ထားပါ။ ကင်တဲ့အခါ မီးသွေးနဲ့ ကင်နိုင်သလို၊ Oven နဲ့လည်း ကင်လို့ရပါတယ်။ ကင်လိုက်တဲ့အခါ အထဲကချိစ်က အရည်ပျော်သွားပြီ၊ Tortilla ကြွပ်ကြွပ်ရွရွနဲ့လေး အရမ်းကို စားလို့ကောင်းပါတယ်။ အရသာကတော့ ငရုတ်သီးပါတာမို့ ခပ်စပ်စပ်အရသာပါ ရရှိမှာပါ။ Tortilla ပြားလုပ်နည်းလေးပါ ထည့်သွင်းပေးတာမို့ အလွယ်တကူ လုပ်စားနိုင်မှာပါ။ အစာပြေပဲဖြစ်ဖြစ်၊ လုပ်စားနိုင်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

ကင်ရန် ပါဝင်ပစ္စည်းများ

  • Tortilla ပြား – ၆ချပ်
  • ချိစ်ပြား – ၉ချပ်
  • ခရမ်းချဉ်သီး – ၃လုံး (အ၀ိုင်းပါးပါးလှီးပါ)

Read more

အမဲသား အစပ်ကင်

အမဲသား အစပ်ကင်

Texas စတိုင် အမဲသားကင်၊ ပါမုန့်၊ Baked bean နဲ့ တွဲဖက် သုံးဆောင်ရတာပါ။ ဘီယာ၊ ရှာလကာ ဆော့ရည်ကို အသုံးပြုပြီ ကင်ထားတာပါ။ အရသာက ခပ်စပ်စပ် အရသာရှိတာမို့ အစပ်မကြိုက်သူများ ငရုတ်သီးအရောင်တင်မှုန့် လျှော့ထည့်ဖို့ မမေ့ပါနဲ့။ အမဲကင်တဲ့အခါ အသားက နူးညံ့ဖို့ လိုအပ်တာမို့ မိုးခိုသားကို အသုံးပြုပြီ ကင်ထားပါတယ်။ ခုပဲ ကင်ကြည့်ရအောင်…

အမဲသားကင်ရန် ပါဝင်ပစ္စည်းများ

  • အမဲ မိုးခိုသား – ၈၀၀ ဂရမ်
  • ငရုတ်သီး အရောင်တင်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – စားပွဲတင်ဇွန်း တ၀က်

Read more

စာနှိုက်ကင်

စာနှိုက်ကင်

အမေရိကန် စတိုင် စာနှိုက်ကင်။ အရသာလည်း ရှိပြီ လုပ်ရလည်းလွယ်တဲ့ စာနှိုက်ကင်ပါ။ ခုပဲ တူတူလုပ်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • စာနှိုက် – ၄ကောင်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Read more

ကြက်ဆီထမင်း

ကြက်ဆီထမင်း

ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
  • ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက်
  • ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် အနောက်                                 ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • Read more

ဝက်သား ပုံးရည်ကြီးချက်

ဝက်သား ပုံးရည်ကြီးချက်

မြန်မာ အရသာစစ်စစ် ၀က်သား ပုံးရည်ကြီးချက်လေးပါ။ ၀က်သားကို အရင်ဆုံး ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် တို့ဖြင့် နှပ်ထားပြီမှ ချက်ထားတာမို့ နူအိပြီ စားလို့ကောင်းပါတယ်။ ပုံးရည်ကြီး ကြိုက်သူတွေ ထမင်းမြိန်မှာ သေချာပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ၀က်သား ၃ထပ်သား – ၄၀၀ ဂရမ်
  • ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Read more

ထိုင်းစတိုင် ကြက်အူချောင်းနှင့် သခွာသီးသုပ်

ထိုင်းစတိုင် ကြက်အူချောင်းနှင့် သခွာသီးသုပ်

ဒီဟင်းက အရသာထူးခြားပြီ စားလို့ကောင်းတာမို့ ဟင်းသစ်တစ်မျိုးအနေနဲ့ တင်လိုက်တာပါ။ ကြက်အူချောင်းသုပ် ဆိုလို့ မအီပဲ ချဉ်ချိုလေးမို့ ထမင်းနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပြီ အသုပ်သစ် တစ်မျိုးမို့ ကြိုက်နှစ်သက်ကြမှာပါ…
Read more

ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်

ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်

ထိုင်းစတိုင် ပင်လယ်စာ နှင့် ကန်စွန်းရွက် တန်ပူရာကြော်ပါ။ ကန်စွန်းရွက်ကို တန်ပူရာနဲ့ ကပ်ပြီ ကြော်ထားတာမို့ ကြွပ်ကြွပ်ရွရွနဲ့ ပင်လယ်စာ ငရုတ်သီးဆော့နဲ့ အရမ်းလိုက်ဖက်ပါတယ်။ ချက်စားရလည်း လွယ်ကူတာမို့ ခုပဲ ချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • တရုတ်ကန်းစွန်းရွက် – ၁စည်း (အရိုးပိုင်းကို ဓားဖြင့် ဖယ်ပြီ ရေစင်အောင် ဆေးထားပါ)
  • ပုဇွန်ကျား – ၁၀၀ ဂရမ် (ခေါင်း၊ အခွံနွှာထားပေးပါ)

Read more

ဂဏန်းကင် ဘာဂါ

ဂဏန်းကင် ဘာဂါ

အရသာဆန်းပြီ စားလို့ကောင်းတဲ့ ဂဏန်းကင် ဘာဂါပါ။ ဂဏန်းပျော့ကို ထောပတ်နဲ့ ကင်ထားတာမို့ အနံ့ကလည်း သင်းနေပါတယ်။ စားနေကျဘာဂါတွေနဲ့လည်း မတူပဲ တမူထူးခြားနေတာမို့ ဒီဘာဂါလေးကို တူတူလုပ်စားကြည့်ရအောင်…

ဘာဂါ ပါဝင်ပစ္စည်းများ

  • ဟမ်ဘာဂါ ပါမုန့် – ၃လုံး (ထပ်ပိုင်း ဓားဖြင့် ပိုင်းဖြတ်ထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးပြီ ပါးပါးလှီးထားပါ)

Read more

ကြက်သား ကုန်းဘောင်ကြီးကြော်

ကြက်သား ကုန်းဘောင်ကြီးကြော်

လူကြိုက်များတဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်ပါ။ စီချွမ့်စတိုင် ကြက်သား ကုန်းဘောင်ကြီးကြော်က ငရုတ်သီးများများနဲ့ စပ်ရှိန်ရှိန် အရသာကို ရရှိမှာပါ။ သီဟိုဌ်စေ့ (သို့) မြေပဲ ထည့်ချက်ထားသည်မို့ ကြွပ်ရွရွနဲ့ စီချွမ့်ငရုတ်ကောင်း ရနံ့လေး သင်းနေတာမို့ အရမ်းစားလို့ကောင်းပါတယ်….

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံ – ၂ခု (အတုံးလတ်များ တုံးပါ)
  • ငရုတ်သီးခြောက်နီ – ၈ခု (အစေ့ထုတ်ပြီ ထပ်ခြမ်းခြမ်းပါ)
  • သီဟိုဌ်စေ့ – ခွက်တ၀က်

Read more

ငပျောသီး Crepe

ငပျောသီး Crepe (၁၀ယာက်စာ)

ဂျပန်မှာ လူကြိုက်များတဲ့ ငပျောသီး crepe ပါ။ အရသာလည်း အရမ်းကောင်းမွန်ပြီ လုပ်ရတာလည်း ပျော်ဖို့ ကောင်းပါတယ်။ ငပျောသီး crepeမှာ ငပျောသီး၊ ချောကလက်ရည်၊ Almond၊ whipped cream အပြင် ရေခဲမုန့်ပင် ပါပါသေးတယ်။ တချို့ကလည်း ဒီ crepe ကိုပဲ စတော်ဘယ်ရီနဲ့ လုပ်ကြပါတယ်။ ဂျပန်မှာ ၀ယ်စားရင် တစ်ခုကို ယမ် ရ၀၀ ဆိုတော့ မြန်မာငွေ ရ၀၀၀လောက် ရှိပါတယ်။ အိမ်မှာ ကိုယ်တိုင်လုပ်ရင် တစ်ခုကို ၁၅၀၀လောက်ပဲ ကုန်ကျတာမို့ အရသာလည်း ရှိပြီ စားလို့ ကောင်းတယ့် ငပျောသီး crepe ကို ခုပဲလုပ်စားရအောင်….

ပန်ကိတ် လုပ်ရန် ပါဝင်ပစ္စည်းများ

  • ထောပတ် – ၁၅၀ ဂရမ်(အတုံး သေးများတုံးထားပါ)
  • နွားနို့ – ၆၀၀ ဂရမ်
  • ကြက်ဥ – ၈လုံး

Read more

နန်းကြီးသုပ်

နန်းကြီးသုပ် (၄ယောက်စာ)

မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။

ပါဝင်ပစ္စည်းများ

  • နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား
  • ကြက်သား – ၂၀ကျပ်သား
  • ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)

Read more

အီတလီစတိုင် စပါ(ဂ်)တီ

အီတလီစတိုင် Spaghetti စပါ(ဂ်)တီ (၂ယောက်စာ)

အီတလီစတိုင် စပါ(ဂ်)တီ လုပ်နည်းလေးပါ။ စပါ(ဂ်)တီခေါက်ဆွဲနဲ့ Bolognese ဆော့လို့ ခေါ်တဲ့ အမဲသားဆော့လေးနဲ့ တွဲဖက်စားသုံးရတာပါ။ စပါဂ်တီက အရသာကလည်း အထူးကောင်းမွန်ပြီ  အနံ့လေးကလည်း အနောက်တိုင်း အမွှေးအကြိုင်အနံ့လေးနဲ့မို့ ထူးခြားနေပါတယ်။ ဒီချက်နည်းလေးက ခက်လည်း မခက်ပဲ၊ လူတိုင်း အလွယ်တကူ လုပ်စားနိုင်မှာမို့ စပါ(ဂ်)တီ ချစ်သူတွေ ကြိုက်နှစ်သက်မှာ ကြိမ်းသေပါပဲ။ ခုပဲ တူတူလုပ်စားလိုက်ရအောင်…

စပါဂ်တီတွင် ပါဝင်ပစ္စည်များ

  • စပါဂ်တီ ခေါက်ဆွဲထုပ် – တ၀က် (၁၅၀ ဂရမ်)
  • ထောပတ် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ရေ – ၂လီတာ
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

Read more