French Crepe ပန်ကိတ်
အရသာထူးခြားကောင်းမွန်တဲ့ ပြင်သစ်စတိုင် Crepe ပန်ကိတ် လုပ်နည်းပါ။ အားလပ်ရက်မှာ မိသားစုနဲ့ တူတူ ပျော်ပျော်ပါးပါး လုပ်စားနိုင်ဖို့အတွက်ပါ။ ပန်ကိတ်ထဲမှာ ဟမ်(သို့)ဘေကွန်၊ ချိစန်ရယ်၊ ကြက်ဥရယ်ထဲပြီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…
ပန်ကိတ်ရည်တွင် ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၄လုံး
- ဂျုံမှုန့် – ၁ခွက်ခွဲ
- နွားနို့ – ၃၀၀ မီလီလီတာ
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
အစာပလာ ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၄လုံး
- ဟမ် – ၁၅ချပ် (ထပ်ခြမ်းခြမ်းထားပါ)
- ချိစ် – ၁၂ ချပ် (ထပ်ခြမ်းခြမ်းထားပါ)
- ပင်စိမ်း – စည်းဝက် (ခပ်ပါးပါးလှီးပါ)
ပန်ကိတ် ပြင်ဆင်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲမှာ (ကြက်ဥ ၄လုံး) ထည့်ပြီ နာနာလေး ခလောက်ပေးပါ။
၂။ ပြီမှ ဂျုံမှုန့်၊ ဆားထည့်ပြီ ကြက်ဥနဲ့ ဂျုံမှုန့် ရောမွှေ ရောမွှေပါ။
၃။ ပြီနောက် နွားနို့(၃၀၀ မီလီလီတာ) နည်းနည်းစီလောင်းထည့်ပေးပြီ ပန်ကိတ်အရည် ခပ်နာနာလေး ရောမွှေပါ။
၎။ ပန်ကိတ်အရည်ရပြီဆိုရင် ဒါကို ၁၅မိနစ်ခန့် ခဏနုပ်ထားလိုက်မယ်။
ပန်ကိတ် ပြုလုပ်နည်း
၁။ အရင်ဆုံး ပန်ကိတ်လုပ်မယ် Non-stick ဒယ်ပြားထဲကို ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ပါ။
၂။ ပြီနောက် ဒယ်ပူလာလျှင် မီးလျှော့လိုက်ပြီ ပန်ကိတ်အရည် (ယောက်ချိုဇွန်း ၂ဇွန်း) ထည့်ပြီ ဒယ်ဘေးပတ်ပတ်ထိ ရောက်အောင် အ၀ိုင်းပြားပြုလုပ်ပေးရမှာပါ။
၃။ ပြီလျှင် ကြက်ဥတစ်လုံးကို ပန်ကိတ်အလယ်မှ ဖောက်ထည့်ပြီ ပန်ကိတ်ပတ်ပတ်လည်ထိ ပြန့်အောင် ဇွန်းပြားဖြင့် ဖြန့်ပေးပါ။
၎။ ထို့နောက် အစာပလာဖြစ်တဲ့ ချိစ်၃ပြား၊ ဟမ် ၄ပြားကို ပန်ကိတ်တခြမ်းမှ ခမ်းပေးပါ။
၅။ အပေါ်မှ ဆား၊ ပင်စိမ်း နည်းနည်း ဖြူးပေးပြီ ပန်ကိတ် တခြမ်းကို ခေါက်လိုက်ပါ။
၆။ ပန်ကိတ်တဖက် ကြွပ်သွားလျှင် နောက်တဖက်သို့လှန်ပေးပြီ မီးနည်းနည်းဖြင့် တည်ထားလိုက်ပါ။
ရ။ ချိစ်၊ ဟမ်လည်း ကျက်ပြီဆိုရင် ပန်ကိတ်ကို စဉ့်နီတုံးပေါ်တင်ပြီ ၄ပိုင်းပိုင်းလှီးပေးပါ။
၈။ ခုဆိုရင် အရသာရှိတဲ့ ပြစ်သစ်စတိုင် ပန်ကိတ်ကို သုံးဆောင်နိုင်ပါပြီ…
ဟမ်က ဘာလဲဟင် အစ်မ။ အသားပြားကိုပြောတာလား။
ဟုတ်ပါတယ်။ ၀က်သားပြားကို ပြောတာပါ 🙂
အရမ်းကြိုက်ပါတယ်
ဂျုံမှုန့် – ၁ခွက်ခွဲ ကဘယ်ခွက်နဲ့လည်းဆိုတာ ပြောပြပေးပါလား
Arigatou:))