နိုင်လွန်ပုဇွန်
နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။ နိုင်လွန်ပုဇွန် လုပ်ပုံအဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ…
ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ
- Wheat Starch (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၈၀ ဂရမ်
- Tapioca Flour – ရ၀ ဂရမ်
- ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
- ရေနွေး – ၁၇၀ မီလီလီတာ
မှတ်ချက်။ Wheat Starch နှင့် Tapioca Flour ကို CityMart ဂျုံတန်းမှာ ၀ယ်ယူနိုင်ပါသည်။
အစားသွပ်ရန် အတွက် ပါဝင်သောပစ္စည်းများ
- ပုဇွန် ဘော်ကျိစ် – ၃၀၀ ဂရမ်
- ဆား- လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ခနောကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံ၁ပုံ
- နှမ်းဆီ – လက်က်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ကော်မှုန့် (corn flour) – စားပွဲတင်ဇွန်း ၁ဇွန်း
ပြုလုပ်နည်း
၁။ ဇလုံတစ်ခုထဲတွင် (Wheat Starch နဲ့ Tapioca ဂျုံ)ကို သမအောင် ရောမွှေလိုက်ပါ။
၂။ ပြီမှ ရေ(၁ရ၀ မီလီလီတာ)၊ ဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ထည့်ကာ တူ(တစ်စုံ)ဖြင့် ဒိုးကို နာနာနုယ်ပေးပါ။ ဒိုးအနေထားသည် ချောမွတ်သော အနေထားတွင် ရှိနေရမည်။
၃။ ပြီးလျှင် ဒိုးသားများကို ၁၀ ဂရမ် အလုံးသေးများ လုံးပေးပါ။
၎။ ထို့နောက် အလုံးများကို ဒလိမ့်တုံးဖြင့် အ၀ိုင်းသဏန် လိမ့်ပေးပါ။ ဒလိမ့်တုံးတွင် ဂျုံသားများ မကပ်အောင် ပလတ်စတစ် အကြည်ခင်းပြီမှ လိမ့်ပေးပါ။
၅။ ပုံတွင် ပြထားသည့်အတိုင်း ဒိုးပြားကို အဆင့်ဆင့် ပုံဖော်သွားပါ။
၆။ ထို့နောက် ပုဇွန်ကို (ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကော်မှုန့်) တို့ရောနုယ်ပြီ ထည့် အစားသွပ်ပေးပါ။
ရ။ အစားသွပ်ပြီလျှင် ဒိုးသားအပေါ်ကို လက်ဖြင့် ပိတ်လိုက်ပါ။
၈။ ထို့နည်းအတိုင်း ကျန်ပုဇွန်များကို ပုံဖော်ပြီ အစားသွပ်ပေးပါ။
၉။ ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့်ပေါင်းပေးပြီ နိုင်လွန်ပုဇွန်ကို ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ…
——————————————————————————————————–
မ၀တ်ရည် တအားတော်တယ် ကြိုက်တယ် လုပ်စားကြည့်မယ်
အမြဲလာဖတ်ပါတယ် ဒါပေမယ့်ကွန်မန့်မရေးဖြစ်တာ
Avocado ကိုလည်း ကျေးဇူးပါ.. လုပ်စားကြည့်ပါ.. လုပ်ရတာ အ၇မ်းမခက်ပါဘူးနော်.. ;P
Ma Wutyee, you are a great chef as well as a culinary teacher to me. One thing I want to request you is that please try to develop a channel on YouTube because seeing is better than reading in this art of cooking … I know you’re already a great chef … Reading your cooking recipe really help me a lot all the time, but I would like to see your channel on YouTube that is better for us, beginners in culinary skill 🙂
ဟုတ်ကဲ့ ၀တ်ရည် နောက်ပိုင်း Youtube ကနေ ဟင်းချက်နည်းတွေ လွှင့်ဖို့ အစီအစဉ်ရှိပါတယ်။ အားပေးတာ ကျေးဇူး အများကြီးတင်ပါတယ်.. 😀
အချိန်ရရင်တော့ လုပ်ကြည့်မယ်။ ကြိုက်တယ်။ ဒင်ဆန်း စားရင် အဲဒါ အမြဲမှာတယ်။ ဒီမှာကျတော့ ဈေးကြီးတယ်။ ကိုယ်တိုင်လုပ်စားမှ တွက်ခြေကိုက်မယ်.. ဟီးးး 😀
ဟားဟား… ဟုတ်ပ ၀ယ်စားရတာ ဈေးကြီးတယ်နော်.. 🙂
စားချင်စဖွယ်လေးပါလားအေ…
တကယ်ပါဘဲ.. လုပ်တော့ စားချင်တယ်..
နည်းနည်းပျင်း သလိုဘဲ ဟိဟိ..
တစ်ရက်တော့ လုပ်စားဦးမယ်
လုပ်ပုံ အဆင့်အဆင့် သေချာ ပုံတွေ အများကြီးတင်ထားလို့ပါ မချော။ လုပ်ရတာ နည်းနည်းတော့ လက်ဝင်ပေမယ့် လုပ်ရတာ ဆိုလို့ ဒိုး ပုံဖော်တာလေး တစ်ခုပဲ ရှိတာပါ။ အားရင်တော့ လုပ်စားကြည့်ပါနော်.. ;P
Wheat Starch (or) Wheat Flour ကဘယ်မှာဝယ်လို့ရလဲ ဝတ်ရည်…
အိမ်ရောက်ရင်လုပ်ကြည့်မလို့…
ကျေးဇူးတင်တယ်ဝက်ရည်ကို..အဲလေ ဝတ်ရည်ကို..
ခင်တဲ့
m
m ရေ CityMart ဆိုင်မှာ ၀ယ်လို့ရတယ်.. plz try it!! 🙂
အရမ်းစားလို့ ကောင်းပါတယ်။ အာမထိ ရှာမထိ မျိုနိုင်ရင် ပိုကောင်းတယ် 😛
Warning to Fatty!!! Dont’ make food for you anymore…
wow that one is yummy but seem quite difficult to do…ko lote kyae ma bae eat ya top mal hee 😉
ဟားဟား.. ကိုယ်ရန်ကုန်လာရင် နေ့တိုင်း နိုင်လွန်ပုဇွန်ပဲ ကျွေးတော့မယ်…. ဟီးဟီး 🙂
အရမ်းစားချင်တာပဲ.. အရမ်းကြိုက်တာ… လုပ်စားကြည့်ဦးမယ်.. ဒိုးပြားက Ready Made ဝယ်လို့ရလားဟင်?
ဒိုးပြားက Ready Made တော့ မရောင်းဘူးနဲ့တူတယ်..
i like u cook and i try all the time after i visit your web site. u r so talent
Many Thanks Ma Moe Moe Hlaing!!! 🙂
ဒိုးပြားလုပ်တဲ.wheat flour ကဘာအမျိုးအစားဖြစ်ဖြစ်၇ပါသလား၇ှင်
Jewel ရေ wheat flour ဖြစ်ရင် ရပါပြီ ဘယ်အမျိုးစားဖြစ်ဖြစ်ပါ… 😛
is wheat flour the same as all purpose flour or not?
wheat flour က ရိုးရိုးဂျုံနဲ့ မတူပါဘူး…. ပိုပြီ နူးညံ့ပါတယ်… Supermarket တွေမှာ wheat flour ကို အလွယ်တကူ မေးပြီ ၀ယ်နိုင်ပါတယ်…
အိုး .. သိပ်စားကောင်းမှာပဲ ..
အဆင်ပြေတဲ့ တရက်လုပ်စားဖြစ်အောင်လုပ်စားမယ် ..
yes plz try it
အရမ်းကြိုက်တယ်…ကြိုးစားပြီးစမ်းလုပ်ကြည့် မယ်.thank you!
ဟုတ်တယ် လုပ်ကြည့်ပါ… စားလို့ အရမ်းကောင်းပါတယ်
အတော်ပဲ wheat flour ၀ယ်လုပ်ကြည့်ပါ့မယ်။
Plz try it!! 🙂
thanks wutyee ,I everyday arrive to your food house. sometime I didn’t left some message for you .now very easy for me what I want to cook no need thinking so much just see to your side only,
I very like deamsam but I eat very seldom hear coz of too much expensive now I can try to cook
do you know other deamsam ? I would like to cook it.I will try tomorrw I already have whear flour and shrimps .
တခြား ဒင်းဆမ်း လုပ်နည်းတွေလည်း ကြိုးစားတင်ပေးထားပါတယ်.. ချက်ပြုတ်နည်းများမှာ ရှာကြည့်လိုက်ပါနော်
ချိုက သိပ်တော်တာပဲ။ လုပ်စားကြည့်အုံးမယ်
Thanks 🙂
superlike……..;)
😀
i know wheat flour. IsTopical Flour the same as Tapioca flour?
ဟုတ်ကဲ့ တူတူပါပဲ
မ၀တ်ရည်ရေ……wheat flour ကို super market တွေမှာ ရှာတာ ရှာမရဘူးဖြစ်နေလို့ plain flour နဲ့လုပ်ကြည့်တာ မာလို့စားမရဘူး…..super market တွေအပြင် ဘယ်မှာ ၀ယ်လို့ ရသေးလဲ ဆိုတာ သိချင်လို့ပါ….ကျေးဇူးပြုပြီး ဖြေပေးပါအုံး………….
Wheat Strach ဆိုပြီ ရှာလို့ရတယ် ညီမ… City Mart မှာ ဂျုံတွေ ရောင်းတဲ့ အတန်းမှာ ရောင်းတယ်
Wheat Strach ကို ဗိုလ်အောင်ကျော်အောက်ဆုံးဘလောက်က Royal Market မှာ ၀ယ်လို့ရတယ်..
Thanks for info 🙂
Topical Flour မပါလဲ လုပ်လို့ ရပါလား၊ ရှာတာ မတွေ့လို့ပါ၊ ဘာ အမည် ရှိပါသေးလဲ။
လုပ်လို့တော့ရတယ်။ ဒါပေမယ့် နည်းနည်းမာသွားမယ်..
ညီမ အမ မေးလ်ကို နေတိုင်းလာဖတ်ချင်တယ်…..
အမဒီနေ့  သူများပို့ ပေးတဲ့ မေးလ်လေးကနေလာကြည့်ရင်
နဲ့  ရောက်လာတာ….. အမြဲတမ်း အမ လာကြည်ချင်တယ်….
မရေ ဒီဘလောက်မှာ email subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း မဆီ အီးမေးပို့ပေးပါတယ်.. 🙂
ဘယ်လိုလုပ်ရမလဲ….
မ၀တ်ရည်ရေ အဆင်ပြေရင် dim sum အခြားအမျိုးအစားတွေလည်းတင်ပေးအုန်းနော်…ကျေးဇူးပါ..အားပေးနေပါတယ်..
ဟုတ်ကဲ့ တင်ပေးပါ့မယ်နော်
မ၀တ်ရည်ရေ နိုင်လွန်ပုဇွန်က အဆင်လည်းမပြေဘူး …..ညီမ ညံ့လို့ ပဲဖြစ်မှာပါ…transparent မဖြစ်ပဲ ထူထူကြီးဖြစ်နေတယ်…ဖြူဖြူလေးလည်မဖြစ်ဘူး..၀ါဝါကြီး…စိတ်ညစ်ပါတယ်…ဘယ်လိုလုပ်ရမလဲဟင်…ပြောပြပေးပါအုန်း..ကျေးဇူး…..
ဂျုံတစ်မျိုးလိုနေတာ ဖြစ်ဖို့များတယ် ညီမ။ သူမှာ ပါတဲ့ပစ္စည်းတွေက ရှာရလည်း ခက်တော့ လုပ်တဲ့နေရာမှ အခက်တွေ့တာ ဖြစ်မယ်.. အမှန်က ကြည်ကြည်လေးဖြစ်ရမှာ..
အမ ညီမကကျတော့လုပ်လို့ကို မရတာ။ဂျုံကလည်း wheat flour ပဲ tropica flour နဲ့ အဲဒါ ဂျုံက ဖွယ်ဖွယ်ကြီးဖြစ်နေတယ် ဆွဲလိုက်ရင်ပါမလာပဲလေ. ပြတ်ပြတ်သွားတယ် အတုံးက ဘာလို့လည်းမသိဘူး။အဖြေရှာမရဖြစ်နေတယ်။
ဂျုံနုယ်တဲ့အခါ တူနဲ့ ကြာကြာလေး နုယ်ပေးပါ။
ကျေးဇူးတင်ပါတယ်………….
🙂
နိုင်လွန်ပုဇွန်ကို ကျွန်တော်လည်း အားရင် လုပ်စားလိုက်ပါဦးမယ် အမရယ်… အမ website ထဲ ၀င်ကြည့်ရင် သရေကျစရာတွေချည်းဘဲ… ထိုင်ကြည့်နေရင်းနဲ့ laptop ကြီးကိုတောင် ကောက်ဝါးချင်လာပြီ… 😀
အားကြောက်စရာကြီးပဲနော်.. စိတ်ထိန်းပါဦး..
( မမ၀တ်ရည်အစားပြောပေးတာ) 😛
dim sum လုပ်နည်းလေးတွေ မျှော်နေဦးမှာနော်…
ဟုတ်ကဲ့ပါ။ အားတာနဲ့ တင်ပေးပါ့မယ်
ဟင်းချက်နည်းကို ပရင့်တွေလဲ တော်တော်များများထုတ်ပီးနေပီ…တော်တော်များများလဲ ချက်ပီးနေပီ…
အရည်သောက်မပါရင် ထမင်းမစားတတ်လို့ အရည်သောက်ချက်နည်းလေးတွေ တင်ပေးပါဦးနော်…:)ကျေးဇူးတင်ပါတယ်..မ၀တ်ရည်ရေ…:D
နောက်ပိုင်းကျရင် ဟင်းချိုချက်နည်းလေးတွေလည်း ကြိုးစားပြီ တင်ပေးသွားပါ့မယ်
ဝတ်ရည်ရေ ကျေးဇူး အရမ်းတင်ရပြီကွယ်… စားအုံးမှာ စိတ်ချ တူနာ ပန်ကိတ်လုပ်စားဖြစ်တယ် အိမ်က လူတွေလားအုံး သားသားကစ ကြိုက်ကြတယ် ထမင်းပေါင်းလည်းလုပ်ပြီးပြီ မအိက မျှစ်မထည့်ဖူးဘူး ထည့်ကြည့်တော့ မွှေးသားပဲနော်… ကျေးဇူး
Plz try Ma 🙂
အမကအရမ်းတော်တာပဲ။သမီးတို့လိုဝါသနာပါသူတွေ အတွက်တော့ သိခွင့်ရတာအရမ်းကျေးဇူးတင်ပါတယ်။
You r so welcome sis 😛
အမ Wheat Starch (or) Wheat Flour က ကော်မှုန့်ကိုပဲပြောတာလားမသိဘူး…
အဲ့လိုကြည်ကြည်လေးဖြစ်အောင်တော့ လုပ်တတ်တယ်..အခုလို နည်းစနစ်ကျကျ ကျွန်တော်မလုပ်တတ်ဘူး
အဲ့ဒါကြောင့် Wheat Starch (or) Wheat Flour ဆိုတာ ဂျုံကော်မှုန့်ကိုပြောတာလားမသိဘူး…. ပြောပြစေချင်ပါတယ်… 🙂 Thanks u so much!! for recipe 🙂
ဟုတ်။ ကော်မှုန့်တော့ မဟုတ်ဘူး။ နိုင်လွန်ပုဇွန်၊ chinese dumpling တွေမှာ Wheat Starch ကိုသုံးတာ။ Wheat starch လို့ City Mart မှာမေးဝယ်ရင် အလွယ်တကူ ၀ယ်နိုင်ပါတယ်။ နိုင်လွန်ပုဇွန်ပုံလေးတွေလည်း အထုပ်မှာ ပါပါတယ်။
ကောင်းတယ် ( အရမ်းကောင်းပါတယ် )
ဆက်ပြီးတော့ဖေါ်ပြပေးပါအုံး
ဂဏန်းလက်မပေါင်းလို ဟာမျိုးလေးတွေလည်းရေးပေးဖို့မမေ့နဲ့အုံး
နောက်ထပ် ကျန်နေသေးတဲ့ Din Sun လေးတွေလည်း ဖေါ်ပြပေးအုံးနော်
မဝတ်ရည်ရဲ့ ဖြူစင်မေတ္တာ စေတနာကို အမြဲလေးစားနေပါတယ် ။
သာယာခမ်းမြေ့ပါစေ ။
ဟုတ်ကဲ့ ဒင်းဆမ်းလုပ်နည်းသစ်လေးတွေ ဆက်တင်ပေးဖို့ရှိပါတယ်။ ကျေးဇူးပါ
ညီမလေးရေ..
ကျေးဇူး
ကောင်းလိုက်တာမှအရမ်းပဲ..
ကိုယ့်ဟာကိုယ်လုပ်စားကြည့်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားတယ်..
ဒါပေမယ့် မလုပ်ဖြစ်ပါကွယ်..ဝယ်ပဲစားနေရတယ်..ညီမလေးကိုအားကျလိုက်တာ
တော်လိုက်တဲ့ ဝတ်ရည်လေး 😀
မခင်ယမုံ၊ အားရင် လုပ်စားကြည့်ပါနော်။ အရမ်းမခက်ပါဘူး၊ လုပ်သားကျသွားရင် လွယ်သွားရော… ကျေးဇူးပါ
ညီမလေးရေ..
ညီမလေးရေ..
in stead of gram or ounce
,i want to know the measurement with cup or spoon and for water or liquid pl shown as cup instead of liter
.
ဟင်းချက် အချိန်အတွယ် တွေကို ဒီလင့်မှာ http://www.wutyeefoodhouse.com/?page_id=4254 ကြည့်နိုင်ပါတယ်
Wutyee,
Thanks a lot.
I already tried many of yrs and mostly are ok.
For this prawn dimsum still the outer is a little bit hard.Not like the ones made by the chinese done it.
But i will try again.
Again thank u.
for me yr web site is the one which i always and everyday look at it.
ွှTopica ဂျုံနဲ့ ပြောင်းလုပ်ကြည့်ပါ. ၀တ်ရည် လုပ်တဲ့ နိုင်လွန်ပုဇွန်က ဆိုင်ကအတိုင်းပဲ စားလို့ကောင်းတယ်။ အမြဲအားပေးလို့ ကျေးဇူးးပါနော်.. 🙂
မ၀တ်ရည်ရေ ကျွန်တော်က ဟင်းချက်ရတာ ၀ါသနာအရမ်းပါတယ်ဗျ … တော်ရုံအိမ်မှာချက်တဲ့ဟင်းလောက်တော့ အေးဆေးပဲ.. ဟဲဟဲ (ကြွားပြီ) … ခုလို ဟင်းချက်နည်းမျိုးစုံလေးတွေကို လေ့လာခွင့်ရတဲ့အတွက် မ၀တ်ရည်ကို ကျေးဇူးအရမ်းတင်တယ်ဗျာ
အွန်လိုင်းမှာတော့ လေ့လာလို့ရတာမှန်ပေမယ့် … ခုလိုမျိုးတော့ ဖတ်ရတာ ဘယ်လွယ်ကူပါ့မလဲ.. ကိုယ်မှ အင်္ဂလိပ်လို မဖတ်နိုင်တာ… အချိုပွဲလုပ်နည်းတို့ .. အင်္ဂလိပ်လို ဘာတဲ့ အက်ပီတိုက်ဇာ ဆိုလား အဲ့ဒါမျိုးလေးတွေ ရှိရင်လည်း ရှဲပါဦးလို့ … အမြဲအားပေးနေတယ်နော….
appetizer လုပ်နည်းတွေရော၊ အချိုပွဲ လုပ်နည်းလေးတွေပါ တင်ပေးပါ့မယ်. ကျေးဇူးပါ
မဝတ်ရည်ရေ
လုပ်ကြည့်ပြီးပြီ
ဂျုံအခွံသားက မာပြီး ကြည်ကြည်လေးလဲ
မဖြစ်ဘူး ဂျုံများသွားလို့လား
Wheat starch လဲ သေချာပါတယ်
နာရီဝက်လောက်ပေါင်းလဲ မာတာတာ ဘဲ
အကြံလေးပေးပါအုံး အမရေ
Wheat Starch နဲ့ Topical Flour နဲ့ ရောပြီ လုပ်ရမှာပါ။ ရိုးရိုးဂျုံနဲ့ ရောလုပ်ရင် မာသွားတတ်ပါတယ်.. Plz try again :0
ကျေးကျေးပါ ဝတ်ဝတ်ရေ
နောက်ရက်လခထုတ်ရက် အလုပ်နားရက်မှ စမ်းတော့မယ်
ဒီမှာက ပုဇွန်ဈေးကြီးလို့
တစ်ကီလို ၁၂$$
ဟုတ်ကဲ့ လုပ်စားကြည့်ပါ။ ပုဇွန်က ဘော်ကျိစ်ပုဇွန်လေးတွေပဲ ထည့်ရမှာပါ။ ပြီတော့ နိုင်လွန်တစ်ခုကို တကောင်ဆိုရင် ရပါပြီ
ဟုတ်တယ်အမရယ်။ပြောတဲ.အတိုင်းလုပ်တာပါ။မာမာကြီးဘဲဖြစ်နေတယ်။ဂျူံနယ်နည်းလေးမှားလို.လား။ပြောပေးပါအုံးအမရယ်။ကျေးဇူးတင်ပါတယ်။
Wheat Starch နဲ့ Topical Flour နဲ့ ရောပြီ လုပ်ရမှာပါ။ ရိုးရိုးဂျုံနဲ့ ရောလုပ်ရင် မာသွားတတ်ပါတယ်.. Plz try again 🙂
[…] နိုင်လွန်ပုဇွန် […]
ညီမရေ topical flour က၀ယ်လို့မလွယ်ပါ။ လိုက်ရှာတာလည်းမတွေ့ဘူး။ wheat starch (အစား) wheat flour (or)Self raising flour ဆိုရင်ကောမရဘူးလား။ topical flour ၀ယ်လို့မရရင်သူ့အစားဘာထည့်လို့ရမလဲ တစ်ချက်ပြောပြပါနော်။
Wheat Flour က ရှာလို့လွယ်ပါတယ်။ နိုင်လွန်ပုဇွန်ပုံလေးတွေနဲ့ City Mart မှာ ရှိပါတယ်။ Topical flour အစားတော့ ပေါက်စီလုပ်နည်း Super lite flour ကို အစားသုံးလို့ရပါတယ်
ဒိုး အတွက်တစ်ခြားဂျုံနဲ့လုပ်လို့အဆင်ပြေသလား၊ ကျနော်တို့နေတဲ့နေရာကCity Mart အရှိဘူးလေ။
တခြားဂျုံနဲ့လုပ်ရင် မာတယ်။ နိုင်လွန်ပုဇွန် လုပ်တဲ့ ဂျုံက နူညံ့တယ်။ မတူဘူး
I like this nylon prawn very much. Now I got the method. On holiday ,I’ll try it and later reply my experience ..
Plz try 🙂
ကျေးဇူးတင်ပါတယ် dim sum သင်တန်းရှိရင်လဲပြောပါဦး လာတက်ချင်လို့ပါ
Dim sum သီးသန့် Mr.Cook မှာ သင်ပါတယ်..
tapioca flour နဲ့ corn flour ဘယ်ဟှာကို မြန်မာလို ကော်မှုန့်လို့ခေါ်တာပါလဲ။
Corn flour ပါ… 🙂
လုပ်စားဖြစ်အောင်လုပ်စားကြည့်အုံးမယ်ညီမလေးရေ။ ကျေးဇူးအများကြီးတင်ပါတယ်နော်။
အရမ်းကျေးဇူးတင်ပါတယ်ဗျာ
Dimsum မျိုးစုံလုပ်နည်းလေးတင်ပေးပါဦးနော်။ တွဲဖက်စားရတဲ့အချည်စပ်နည်းလေးပါတင်ပေးစေချင်ပါတယ်။ မျှော်နေမယ်နော် ဝတ်ရည်ရေ။ အသစတင်တဲ့ ဟင်းတွေကိုဘယ်မှာကြည့်ရမလဲ ဝတ်ရည်ရေ
sis ရေ
ဒိုး လုပ်တာ အ ဆင် မ ပြေ လို့
တွဲ တွဲ ကြီး ဖြစ် ပြီး နယ် ရင် ပြတ် သွား တာ ဘာ လို့ လဲ အ ကြံ လေး ပေး ပါ အုံး
မ၀တ်ရည်ရေမင်္ဂလာ
ပါပါကျေးဇူးအများကြီးတင်ပါတယ်
မနက်ဖြန် ချက်စားကြည့်မယ်နော် မ၀တ်ရည်ရေ အဲလို ဖက်ထုပ်ခေါက်တာ မလုပ်တတ်လို့ မ၀တ်ရည်လိုတော့လှလှလေးစားချင့်စဖွယ်ဖြစ်မယ်တော့မထင်ဘူး ကြိုးစားကြည့်ပါမယ်
အမရေ ဂျုံကပြတ်ပြတ်နေတယ် အရွက်ဖြစ်အောင်လိမ့်လို့မရဘူး ရေကရေနွေးလား ရေပူပူလား ရေအေးလား ဖြေပေးပါနော်
အစ်မရေTapioca Flour ကဘယ်မှာရနိုင်လဲ