ကြက်သား ပလာတာ
ဒါကတော့ မနေ့ညနေစာ အဖြစ် လုပ်စားဖြစ်တဲ့ ကြက်သားပလာတာပါ။ ပလာတာကို အရင်က အပြင်က ၀ယ်စားလေ့ရှိပေမယ့် အိမ်မှာ ကိုယ်တိုင် လုပ်စားကြည့်ချင်တာနဲ့ လုပ်စားဖြစ်သွားပါတယ်။ ဒါကြောင့် ကြက်သားဟင်းချက်နည်းရော၊ ပလာတာ လုပ်နည်းပါ မျှဝေလိုက်ပါတယ်နော်…
ကြက်သားတွင် ပါဝင်သောပစ္စည်းများ
၁။ ကြက်သား – ၂၀ကျပ်သား (အတုံးလေးများ တုံးပါ)
၂။ မာဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၃။ နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ ဆား – စားပွဲတင်ဇွန်း ၃ပုံ၂ပုံ
၅။ ကလဝေရွက် – ၂ရွက်
၆။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
ရ။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)
၈။ ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်ဆင်းပါ)
၉။ ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
ကြက်သားဟင်း ချက်ပြုတ်နည်း
၁။ ကြက်သားအတွက် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံ တစ်ခုထဲ ထည့်ပြီ ရောနုယ်လိုက်ပါ။
၂။ ပြီလျှင် ရေခဲသေတ္တာထဲထည့်၍ ၂နာရီခန့် နုပ်ထားပါ။
၃။ ထို့နောက် နုပ်ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ နုယ်ထားသော ကြက်သားများကို ဒယ်ထဲထည့်လိုက်ပါ။
၎။ ဆီပြန်လာလျှင် ကြက်သားနူးအိစေရန် ကြက်သားမြုပ်ရုံရေထည့်၍ အဖုံးအုပ်ထားပါ။ ထို့အတိုင်း ရေ ၃ကြိမ်ထည့်ပေးပါ။
၅။ ပြီးနောက် အရသာအပေါ့အငံ့မြည်း၍ စားသုံးနိုင်ပါပြီ။
ပလာတာ လုပ်နည်းတွင် ပါဝင်သော ပစ္စည်းများ
၁။ ဂျုံ – ၂၀၀ ဂရမ်
၂။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၃။ ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၎။ ထောပတ်
၅။ ရေ – ဆန်ချိန်ခွက် တ၀က်
ပလာတာ လုပ်နည်း
၁။ ပါဝင်ပစ္စည်းများ ဖြစ်သော ဂျုံ၊ ဆား၊ ဆိုဒါ၊ ထောပတ် အားလုံးကို သမအောင် ဇလုံ တစ်ခုထဲတွင် ရောနုယ်လိုက်ပါ။
၂။ ပြီးလျှင် ရေကို ချိန်ဆပြီ ဂျုံသားမပျော့၊ မမာ အနေထားရအောင်ထိ ထည့်ပေးပြီ နုယ်သွားပေးပါ။ (ဂျုံပျော့သွားလျှင် ဂျုံမှုန့် အနည်းငယ် ထပ်ထည့်ပေးပါ)
၃။ ဂျုံဒိုးသားကို သမအောင် နုယ်ပြီလျှင် ၂နာရီခန့် ကြာအောင် နုပ်ထားပေးပါ။ ဇလုံအပေါ်မှ ဂျုံဒိုးသား မခြောက်အောင် ရေစုတ်ထားသော အ၀တ်ဖြင့် အုပ်ထားပေးပါ။
၎။ ၂နာရီခန့် ထားပြီနောက် ဂျုံဒိုးသားကို ၄၀ဂရမ် အလုံးလေးများ လုံးလိုက်ပါ။
၅။ ထို့နောက် ဒလိမ့်တုံးဖြင့် မလိမ့်ခင် ခံပြားကို ဆီသုတ်ပေးပါ။ ပြီမှ အ၀ိုင်းပုံ အပြားဖြစ်သွားအောင် လှိမ့်ပေးပါ။
၆။ ပြီးလျှင် အပေါ်မှ ထောပတ်(စားပွဲတင်ဇွန်း တ၀က်)ကို Brush ဖြင့် သုတ်ပေးပါ။
ရ။ ထို့နောက် ဒိုးသားကို အောက်ပုံတွင် ပါသည့် အတိုင်း လိမ့်လိုက်ပါ။
၈။ ပြီးလျှင် အောက်ပုံတွင် ပါသည့်အတိုင်း ခရုပုံ ပြန်ခွေလိုက်ပါ။
၉။ ပြီးနောက် တလိမ့်တုံးဖြင့် အ၀ိုင်းပုံ ပြန်လိမ့်လိုက်ပါ။
၁၀။ ခု ပလာတာ စကြော်လို့ ရပါပြီ။ ဒယ်ထဲ ဆီ (သို့) ထော်ပတ် စားပွဲတင်ဇွန်း ၂ဇွန်း ထည့်လိုက်ပါ။
၁၁။ ဆီပူလာလျှင် ဂျုံဒိုးကို ဒယ်ထဲ ထည့်ပေးပြီ လှည့်ပေးပါ။ တဖက်ကျက်သွားလျှင် နောက် တစ်ဖက်သို့ ပြန်လှန်ပေးပါ။ မီးအသင့်တင့် အနေထားထားပေးပါ။
၁၂။ အညှိရောင်သန်းလာပြီဆိုလျှင် ပြန်ဆယ်၍ ပလာတာ မအေးခင် အထပ်များမွစေရန် လက်ဖြင့် ပလာတာကို ဖြည်းဖြည်း မွမွပေးပါ။
၁၃။ ခုကြက်သားဟင်းနှင့်တွဲစားရန် ပရာတာရပါပြီ…
good good….khl bd kha yin lote yin kaung ma lar hee
khl မွေးနေ့က ဘယ်တော့လဲ… ကောင်းသားပဲ.. ဒါပေမယ့် မွေးနေ့ မရောက်ခင် တစ်ခါလောက် အရင်အစမ်းလုပ်ကြည့်အုန်းနော်… ဟီးဟီး
ပလာတာဟုတ်ဘူးလားလို့လေ.
အထပ်တွေနဲ့မို့ ထပ်တစ်ရာလို့ ခေါ်တယ် ထင်တာဘဲ
သေချာတော့ မသိ..
ဒါပေမဲ့ လုပ်စားကြည့်ချင်တယ်
လဘက်ရည်ဆိုင်မှာတွေ ကြော်တာဘဲစားဖူးတယ် အပြင်မှာ ကိုယ့်ဟာကို မလုပ်စားဖူးဘူး
စားဦးမယ်း) ကျေးကျေး
မချော၊ ၀တ်ရည်က ပလာတာပဲ သိတာ.. ဟီးဟီး.. အထပ်တရာ ပလာတာတော့ မဟုတ်လောက်ဘူး။ သကြားနဲ့ တွဲစားတဲ့ ပလာတာ ပုံစံမျိုး လုပ်ထားတာပါ.. အားရင် လုပ်စားဖြစ်အောင် လုပ်စားကြည့်ပါနော်… 🙂
အညာမှာ ပလာတာလို့ ခေါ်တဲ့ဟာကို ရန်ကုန်မှာ ထပ်တရာခေါ်တယ်၊ ရန်ကုန်က ပလာတာကို အညာမှာ ထပ်တရာခေါ်တယ်။ 😉
့ပလာတာဖြစ်ဖြစ် ထပ်တရာဖြစ်ဖြစ် ကြိုက်တယ်ဗျာ
စားစေသတည်း… 😀
ထောပတ်ကအတုံးလိုက်လား …အရည်ဖျော်ပြီးထည့်ရမှာလား….သေသေချာချာပြောပြပါဦး…..မ၀တ်ရည်
အရည်ဖျော်ပြီသားပါ..
Butter…1 tablespoon? alittle or …
စားပွဲတင်ဇွန်း ၁ဇွန်းဆိုရပါပြီ
ma Wutyee yay lu 60, 70 sar so bal lout buy ya ma lal
ခုချက်နည်းက ၄ယောက်စာလောက်ပဲ ချက်ထားတာ။ ၆၀စာဆိုရင် ခု ပါဝင်ပစ္စည်းတွေကို ၁၂ဆလောက် ၀ယ်မှ ရမယ် 🙂