ပြောင်းဖူးကော်ရည်ဟင်းချို
ပါဝင်သောပစ္စည်းများ
၁။ ပြောင်းဖူး – ၃ဖူး ( ပြုတ်ပြီးသား)
၂။ ကြက်သွန်နီ – ၁လုံး ( နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ကြက်ဥ – ၂လုံး (ကြက်ဥ အကာကို ခလောက်ပါ)
ချက်ပြုတ်နည်း
၁။ ပြုတ်ထားသော ပြောင်းဖူးကို ခြစ်တံဖြင့် ခြစ်ပါ။ ပြီးလျှင် ခြစ်ထားသော ပြောင်းဖူးများကို ဘန်လ်တာ (blender) ထဲထည့်၊ ရေကို ပြောင်းဖူးနှင့် အချိုးဆတူထည့် ကြိတ်ပေးပါ။
၂။ ထို့နောက် ဒယ်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ပေးပါ။ ကြက်သွန်ဖြူ ၊ နီထည့် ၁မိနစ်ခန့် မွှေပေးပါ။
၃။ ပြီးလျှင် ကြိတ်ထားသော ပြောင်းဖူးကို ထည့် ၂မိနစ်ခန့် မွှေပေးပါ။
၎။ ဆား( လက်ဖက်ရည်ဇွန်း ၃ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း ၄ဇွန်း)၊ ထည့်ပါ။
၅။ ပွက်ပွက်ဆူလာလျှင် ကော်ရည် (စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)ကို ရေဖျော်ပြီး ထည့်မွှေပေးပါ။
၆။ ထို့နောက် ခလောက်ထားသော ကြက်ဥအကာကို ထည့်ကာ နားနားလေး မွှေပေးပါ။
ရ။ ပြောင်းဖူးဟင်းချိုကို ပူပူနွေးနွေး စားသုံးနိုင်ပါပြီး။
ဟင်းအကြောင်း
– ပြောင်းဖူကော်ရည် ဟင်းချိုက ချက်ရလွယ်ကူပါတယ်။ အရသာ ချိုပျစ်တဲ့ ပါတယ်။ တရုတ်စားသောက်ဆိုင်များမှာ မှာယူစားသုံးနိုင်ပါသည်။
de soup lote sar chin tar kyae pe…here that soup is very famous in every chinese restaurant thx for adding 😉
haaa it is good.. don’t forget to try it!
I like this soup very much. Thanks. chowutyee.
Thanks 🙂
[…] December 29, 2009 ပြောင်းဖူး ကော်ရည်ဟင်းချို […]
a yan like tal
😀
ညီမလေးရေ
ဂဏန်းသားပြောင်းဖူးကော်ရည် ဆိုရင်ရော ဂဏန်းထည့်လိုက်ရင် ရပြီးလားဟင်။ ဘာတွေ ထပ်ပြင်ဖို့ ရှိသေးလဲ။ ကူညီပါဦးနော်။
ဂဏန်းချောင်းမှာ အနီပိုင်းကို ဖယ်ပြီ အဖြူချောင်းကို နွှင်ပြီ ထည့်ရင်ရပါပြီ… ကျန်တာတော့ တူတူပါပဲ… တချို့လည်း မှိုပွင့်ကို(ပြုတ်ပြီ) အရှည်လှီးပြီ ထည့်ပါတယ်..
I have never had this soup. I think It is delicious. I will try,sis. Thanks for sharing ur knowledge.