အုန်းထမင်းနှင့် ကြက်သားဟင်း (ရယောက်စာ)
မြန်မာနှစ်သစ်ကူး နှစ်ဆန်း၁ရက်နေ့နဲ့ အကြိုနေ့မှာ လုပ်စားဖို့ပါ။ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ထပ်မန်ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။ အုန်းထမင်းနှင့် ကြက်သားဟင်းက မြန်မာရိုးရာ ဟင်းလျာတစ်ခုလည်း ဖြစ်ပြီ လုပ်ရလည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို တူတူကြည့်ရအောင်…
ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ
၁။ ကြက်သား – ၄၀ကျပ်သား (အတုံးကြီးများ တုံးပါ)
၂။ ကြက်သွန်နီ – ၆လုံး (နှုတ်နှုတ်စဉ်းပါ)
၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
၎။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ)
၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၈။ နံနံပင် – ၁စည်း
ကြက်သားဟင်း ချက်ပြုတ်နည်း
၁။ ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ကြက်သွန်နီ(တ၀က်)၊ ကြက်သွန်ဖြူ(တ၀က်)၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် ၁နာရီမျှ နုပ်ထားပေးပါ။
၂။ ပြီမှ မချက်ခင် ၅မိနစ်လောက် အပြင်ကို ကြိုထုတ်ထားပေးပါ။
၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တ၀က်)ကို ဆီသပ်ပေးပါ။
၎။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။
၅။ ထို့မှ နုပ်ထားသော ကြက်သားများကို ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။
၆။ ကြက်သားနူးရန် ကြက်သားမြုပ်ရုံ ရေထည့်ပေးပြီ အဖုံးအုပ်ထားပါ။ မနူးသေးလျှင် နောက်တစ်ရေ ထပ်ထည့်ပါ။
ရ။ ကြက်သားနူးပြီဆိုမှ နံနံပင်များကို အပေါ်မှ အုပ်ပေးပြီ မီးပိတ်လိုက်ပါ။
၈။ ကြက်သားဟင်းရပြီဆိုလျှင် အုန်းထမင်းစချက်ပါပြီ…
အုန်းထမင်းအတွက် ပါဝင်ပစ္စည်းများ
၁။ အုန်းနို့နှစ် – ၂၀၀ဂရမ်
၂။ ရိုးရိုးဆန်(သို့) ဆီချိုဆန် (Basmati Rice) – နို့ဆီဗူး ၄လုံး
၃။ ရေ – နို့ဆီဗူး ၆လုံး
၎။ ဆနွင်း – လက်ဖက်ရည်ဇွန်း တ၀က် (အ၀ါရောင်ဖြစ်ချင်က ထည့်နိုင်သည်)
၅။ ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
၆။ ဆား – လက်ဖက်ရည်ဇွန်း ၄ဇွန်း
ရ။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
အုန်းထမင်း ချက်ပြုတ်နည်း
၁။ အုန်းထမင်းကို ချက်ရာတွင် ရိုးရိုးထမင်းချက်သလိုပင် ချက်ပြုတ်ရမည် ဖြစ်သည်။
၂။ အရင်ဆုံး ဆန် နို့ဆီဗူး ၄လုံးကို ရေစဉ်အောင် ဆေးပါ။
၃။ ပြီမှ ဆား၊ သကြား၊ ဆနွင်း(ထည့်လိုက ထည့်နိုင်သည်)၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ အုန်းနို့အနှစ်(၂၀၀ဂရမ်) တို့ဖြင့် ရောမွှေလိုက်ပါ။
၎။ ပြီနောက် ထမင်းချက်သလိုပင် ရေ(နို့ဆီဗူး ၆လုံး)ထည့်၍ RiceCooker ဖြင့် ချက်ထားပါ။
၅။ အုန်းထမင်း ရရချင်း မခူးပဲ warm ထားပြီ ခဏနုပ်ထားပေးပါ။
၆။ ပြီမှ အုန်းထမင်းနှင့် ချက်ထားသော ကြက်သားဟင်း၊ ငပိကြော်တို့ဖြင့် မြိန်ရှပ်စွာ စားသုံးနိုင်ပါပြီ…..
Tks WutYee, I am really looking for this recipe exactly like cooking in real Coconut rice in Myanmar way. Here all the coconut rice selling outside, can’t even taste of coconut. 🙂
Thanks Dare also! Plz try it… 😛
ကျေးဇူးတင်ပါတယ် မမ၀တ်ရည်။
နောက်လည်း ဟင်းကောင်းကောင်းလေးတွေ တင်ပေးပါဦးနော်။
ဟုတ်ကဲ့ တင်ပေးပါ့မယ်… အားပေးတာ ကျေးဇူး….
နောက်လဲကောင်းတာလေးတွေချက်ပြအုံးနော်။မမ
ဟုတ်ကဲ့ တင်ပေးပါ့မယ်နော်… 😀
ဝတ်ရည်
ကျွန်မမျက်စိများလျှမ်းနေတာလားမသိဘူး။ ဖတ်တာ ၃ခေါက်ရှိပြီ။ အုန်းနို့ ၂၀၀gက ရေ နို့ဆီဘူး၆ဘူးနဲ့အတူတူထည့်ရတာလား။ အုန်းနို့ကိုဘယ်နေရာမှာထည့်ရမလဲမသိလို့။ အုန်းထမင်းအရမ်းစားချင်တာ။ အခုတွေ့လိုက်တော့ပျော်သွားတာဘဲ။ ၀တ်ရည်စိက အဖြေပြန်လာတာနဲ့ ချက်စားမယ်။ ကျေးဇူးပါ။
စန်းစန်းရေ ဆော်ရီးနော်… ရေးဖို့ မေ့ကျန်ခဲ့လို့ပါ။ ရေ နို့ဆီဘူး ၆ဘူးမထည့်ခင်၊ အုန်းနို့နှစ်ကို ဆား၊ ဆနွင်းတို့နဲ့တူတူ ထည့်ရမှာပါ.. .ချက်စားကြည့်ပါနော်.. ကျေးဇူးပါ…
[…] April 19, 2011 အုန်းထမင်းနှင့် ကြက်သားဟင်း […]
ကြက်သားဟင်းနဲ့ အုန်းထမင်းကို ချက်စားချင်နေတာ ကြာပြီ အသိတွေကိုမေးတော့လည်း ရေရေရာရာ ကိုယ်နားလည်အောင် ဘယ်သူမှ မပြောနိုင်ကြဘူး ကျေးဇူးပဲ မ၀တ်ရည် ချက်စားဖြစ်အောင် ချက်စားလိုက်မယ်နှော် ….
Thanks also sis.. plz try it…
[…] အုန်းထမင်း နဲ့ ကြက်သားဟင်း […]
ကျေးဇူးပဲ မဝတ်ရည် သီးစုံပဲဟငါးချက်နည်းသိချင်ပါတယ် တင်ပေးပါနော်
ok I will try post 🙂
ကျေးဇူးပါမဝတ်ရည်နည်းအတိုင်းချက်စားကြည့်ပါ့မယ်ရှင်
အိမ်နဲ့ ဝေးနေပြီး အချက်အပြုတ် သင်ယူချိန်မရခဲ့တဲ့ ညီမတို့လို
ကျောင်းသားလူထွက် တွေ အတွက်ကတော့ မမကိုပဲ အားကိုးရတော့မယ်။အရမ်းကျေးဇူးတင်ပါတယ်မမ။
မနက်ခင်း တယောက်စာ အလွယ်တကူ စားဖို့ နည်းလေးတွေလဲ တင်ပေးပါနော်။