သာခွေယိုင်
ဝတ်ရည် အမေလက်ရာ သင်္ကြန်အတက်နေ့ အတွက် သာခွေယိုင်လေးပါ။ ကောက်ညှင်းချိတ်(အမဲ)ရယ် အုန်းနို့ရယ် တွဲစားရတဲ့ မြိတ်ရိုးရာမုန့်လေးပါ။ ချိုစိမ့်နေမို့ စားလို့ အရမ်းကောငးပါတယ်။
ပါဝင်ပစ္စည်းများ
၁။ ကောက်ညှင်းချိတ် (အမဲ) – နို့ဆီဗူး ၃ဗူး
၂။ ဓနိပျား – ၂ခွက်
မှတ်ချက် ။ ။ ဓနိပျားဆိုတာ ထန်းလျက်လိုမျိုးပဲ။ ဒါပေမယ့် မြိတ်မှာတော့ ဓနိရည်နဲ့ လုပ်ထားတဲ့ ထန်းလျက်ကို ဓနိပျားလို့ ခေါ်တာပါ
၃။ သကြား – ၃၀ ကျပ်သား
၎။ အုန်းသီး – ၄လုံး (အရည်ညှစ်ထားပါ)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း
ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်းချိတ်များကို ရေဖြင့် ပြဲနေအောင် ပြုတ်ပေးပါ။ ပြုတ်နေစဉ်အတွင်း အိုးမကပ်အောင် အနည်းငယ် မွှေပေးပါ။
၂။ ကောက်ညှင်းချိတ်များ ပြဲသွားမှ ဓနိပျား၊ သကြား ထည့်ပေးပါ။
မှတ်ချက် ။ ။ ကောက်ညှင်းချိတ်တွင် ဆားမထည့်ရပါ။
၃။ ထို့နောက် ညှစ်ထားသော အုန်းနို့ရည် ကို ဆားဖြင့် ရောမွှေလိုက်ပါ။
၎။ ခွက်တစ်ခုထဲ တစ်ယောက်စာ ကောက်ညှင်းချိတ်များထည့်ပြီ အပေါ်မှ အုန်းနို့ရည်များ ဆမ်းလိုက်ပါ။
၅။ သင်္ကြန်အတက်နေ့အတွက် ချိုစိမ့်တဲ့ သာခွေယိုင်လေးကို သုံးဆောင်နိုင်ပါပြီ…
ဓနိပျားဆိုတာဘာလဲအစ်မ
ဓနိပျားဆိုတာ ထန်းလျက်လိုမျိုးပဲ။ ဒါပမေယ့် မြိတ်မှာတော့ ဓနိရည်နဲ့ လုပ်ထားတဲ့ ထန်းလျက်ကို ဓနိပျားလို့ ခေါ်တာပါ။ ရန်ကုန်မှာလည်း ဈေးမှာ ၀ယ်လို့ရပါတယ်.. 🙂
ဝတ်ရည်ရေ .. အရမ်းကြိုက်တဲ့ အစားစာထဲမှာ သာခွေယိုင်ပါတယ်..ဓနိပျားဆိုတာ ပအုန်းရည် နဲ့ တူတူပဲလား …ချဉ်တဲ့အရည်လေ..အဲ့ဒါဘယ်မှာဝယ်လို့ရလဲ ရန်ကုန်မှာဆိုရင်..အိမ်ကိုမှာမလို့း))
ဓနိပျားဆိုတာ ပအုန်းရည် မဟုတ်ပါဘူး။ ဓနိပျားက ထန်းလျက်လိုမျိုးပါ။ ဒါပမေယ့် မြိတ်မှာတော့ ဓနိရည်နဲ့ လုပ်ထားတဲ့ ထန်းလျက်ကို ဓနိပျားလို့ ခေါ်တာပါ။ ရန်ကုန်မှာလည်း ဈေးမှာ ၀ယ်လို့ရပါတယ်။ ၀ယ်လို့ရမယ့် နေရာကို အမေကို သေချာမေးကြည့်ြ့ပီ ပြန်ပြောပေးပါ့မယ်.. 😛
ညီမလေးရေ..အသံကြားတာနဲ့တင် ယိုင်တိုင်တိုင်ဖြစ်နေပြီ..
ရန်ကုန်မှာတုန်းကစားဖူးတယ်..ကြိုက်တယ်..
ကောက်ညှင်းအဖြူနဲ့ရော လုပ်စားလို့ရတယ်မှလား..ဒါပေမယ့် တစ်မျိုးကြီးဖြစ်နေမှာနော်..
ညီမလေးလုပ်ထားတာပဲ စားသွားပါပြီကွယ်..
ကျေးဇူး ကျေးဇူး
🙂
ကောက်ညှင်းချိတ်နဲ့က ပိုစားကောင်း မခင်ယမုံ.. စားသွားပါနော်.. 😛
sha lut, sha lut, sha lut ,very delicious.thank u too much.
ွှThanks 🙂
အစ်မ..ဓနိပျားမထည်.ရင်စားလို.ကောင်းလားဟင်
စလုံးမှာဘယ်လိုဝယ်ရမှန်းမသိလို.
ဓနိပျားက အဓိကဖြစ်နေတော့။ ရပါတယ် ဓနိပျားအစား သကြားများများထည့်ရင်လည်း စားလို့ကောင်းမှာပါ.. 🙂
အစ်မ ဓနိပျား ရဲ့ ဓါတ်ပုံလေးပါတင်ပေးပါ။
အိမ်မှာ ဓနိပျားကုန်သွားလို့။ ၀ယ်ပြီရင် တင်ပေးလိုက်မယ်နော်.. 🙂
ရန်ကုန်မှာ မြိတ်ကအစ်မကြီးတစ်ယောက်ရောင်းတာ စားဖူးတယ် ညီမ အရမ်းကြိုက်တယ် ဒါပေမဲ့ အဲဒီအစ်မကြီးက ရောင်းတော့ဝူး ………အစ်မလုပ်ပြတဲ့နည်းအတိုင်း အိမ်မှာပဲလုပ်စားတော့မယ် ………အစ်မ ဓနိပျားအစား ထန်းလျက်ကိုကျိုပြီးထည့်လို့ရလားအမ
အုန်းနို့က ကျိုစရာမလိုဘူးလား အစ်မ…
အုန်းနို့ကိုဆူပွက်နေတဲ့ရေနွေးနဲ့စိမ်ထားလိုက်။နွေးနွေးလေးဖြစ်မှအုန်သီးဖတ်တွေကိုညှစ်ပြီးဆားနည်းနည်းထဲ့။အုန်နို့ကိုကျိုလိုက်ရင် အချဉ်ဖောက်တတ်တယ်။
ွှThanks for info!
အစ်မရေ ညနေခင်းအစာပြေလုပ်စားဖြစ်တယ်။
ဓနိပြာမရလို့ ထန်းလျက်နဲ့ လုပ်တယ်။အစ်မလက်ရာလိုတော့ မဖြစ်ဘူးထင်တယ်။
စားလို့ တော့ ကောင်းတယ် ဟဲဟဲ….
ကျေးဇူးနော်အစ်မ။
Thanks also sis 😛
ကျေးဇူးတင်ပါတယ်၊ ရှလွှတ်…ရှလွတ်…အရမ်းကြိုက်တယ်
😀
[…] သာခွေယိုင် […]
သိပ်သောက်လို့ကောင်းမှာပဲနော်
Yeah it is!!
Sis I don’t think I can find dani pyar in Australia. So which one shall I put instead of dani pyar? Thank u.
You can use substitute Sugar.. ဓနိပျားမရရင်တော့ သကြားများများ ထည့်ပေးပါ။
ဓ နိ ပျား ၂ ခွက် ဆို တာ ဘာ ခွက် နဲ့ လဲ
အမ..mdy မှာဆို ဓနိပျားကို ဘယ်မှာသွားဝယ်ရမလဲရှင်
အမ ဓနိပျားအစားထန်းရက်ရည်ကြိုထည့်ရမလားမမ
good