ကြက်တောင်ပံ ပျားရည်ဆမ်းကင် (Triangle Lunch Box)
Triangle ထမင်းဘူး နံမည်ပေးထားတဲ့ ထမင်းဘူးလေးမှာ ထမင်းကို ပုံဆန်းမလုပ်ထားပဲ တြိဂံပုံသာ ဖော်ထားပြီ ရေညှိပတ်ထားတာပါ။ ထို့ပြင် သားသားမီးမီးတို့ အကြိုက် ကြက်တောင်ပံကို ပျားရည်ဆမ်းကင် တင်ဆက်ပေးထားပါတယ်။ ကြက်သား အစိတ်အပိုင်းမှာ ကင်လို့ ကောင်းတဲ့ ကြက်တောင်ပံ၊ ဆီဘူး၊ ပေါင်ရင်းတို့ကိုပါ ၀ိုင်နဲ့ နုပ်ပြီ ကင်ထားတာမို့ အရသာက နူးညံ့ပြီ ချိုစိမ့်ပါတယ်။ ထို့ပြင် ကျန်းမာရေးနဲ့ လျော်ညီအောင် ကညွတ်ကြော် ချက်နည်းလေးပါ ထည့်သွင်းထားပါတယ်။ ထမင်းဘူးလေး ပြင်ရအောင်…
ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ – ၁၀ခု (သို့) မိမိကြိုက်နှစ်သက်ရာ ကြက်သားအစိတ်ပိုင်းများ
ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
နုပ်ထားရန် ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပေးပါ)
- ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပြီသား)
- ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပေးပါ)
- ဆန်ဝိုင် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် (အကြည်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်တောင်ပံများကို နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီ၊ ဆန်ဝိုင်၊ ပဲငံပြာရည်၊ သကြား၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် နာရီဝက်ခန့် နုပ်ထားပေးပါ။
၂။ ပြီနောက် ကြက်တောင်ပံများကို ပျားရည်များ ဆမ်းပေးပြီ မိမိကြိုက်နှစ်သက်ရာ မီးကင်ပြား (သို့) Oven ကို ဆီသုတ်ပြီ တဖက်ကို မိနစ်၂၀ခန့် ကျက်သည်အထိ ကင်ပေးပါ။
၃။ ကြက်တောင်ပံကင်ပြီလျှင် ကညွှတ်ကြော်ပါမည်။
၎။ ကညွတ် ၁စည်းကို ၃ပိုင်းပိုင်းပေးပါ။ ရင့်တဲ့အပိုင်းတွေကို ဖယ်ပြီ ထပ်ခြမ်းခြမ်းပေးပါ။
၅။ ထို့နောက် ဒယ်ထဲဆီထည့် ကြက်သွန်ဖြူ ဆီသပ်ကာ ကညွတ်၊ ထောင်းထားသော ပုဇွန်ခြောက်၊ ဆား ထည့်ကာ ရောမွှေပြီ ကညွှတ်ကြော် နှင့် ကြက်တောင်ပံကင်ကို ထမင်းဘူးထည့်နိုင်ပါပြီ…
လုပ်စားကြည့်မယ် sis ရေ…ဒိန်ချဉ်လုပ်နည်းသိချင်လို့တင်ပေးပါနော် sis
ok Plz try sis.. I will post later sis 🙂
မရေဒီမှာကညွှတ်ကဈေးကြီးတယ်
အရမ်းကြိုက်တယ်
လုပ်စားကြည့်နော် ညီမ
ကျေးဇူးတင်ပါတယ်နော်…(Y)
Thanks also par 😀
ညီမလေးေ၇ ကျေးဇူးနော်။ လုပ်စားဦးမယ်။
Plz try it sis
tal tal lay healthy pyit peee sar chin sa yar lay bar lar
စားလို့ အရမ်းကောင်းတယ်၊ လုပ်ရလွယ်တယ် ကိုယ်အားရင် လုပ်စားကြည့်
Thank you sis.. 🙂
You r welcome 😛
လုပ်နည်းလွယ်တော့ အရမ်းကြိုက်တယ်
Yeah it is easy one.. good one. Thanks
I like Wutyee Food House web site.
Thanks 😀
a ma wutyee what is the rice oil ?
can i see bottle
bec need to buy
ဆန်ဝိုင် http://www.china-expats.com/HowTo/Images/RiceWine01.gif/ City Mart မှာ တရုတ် ဆန်ဝိုင်ဆိုပြီ မေးဝယ်လို့ရပါတယ်
ကျေးဖူးတင်တယ်ညီမငယ်
Welcome sis
ဆန်ပိုင်ဆိုတာဘာကိုပြောတာပါလဲ…ပြောပြပေးပါ…
ဆန်ဝိုင်ဆိုတာ ဟင်းချက်ရင် သုံးတဲ့ ၀ိုင်ကို ပြောတာပါ
ကျေးဇူးတင်တယ်နော်။ ကလေးတွေလည်း ကြိုက်ကြတယ်။
Glad to hear sis, they like it
မမ ၀တ်ရည် တင်ထားတာတွေက အရမ်းကိုပြည့်စုံပြီး ချက်ရလွယ်ကူအောင်လုပ်ပေးထားလို့ သမီး အရမ်းကြိုက်မိပါတယ် တခြားဆိုဒ်တွေထက်စာရင် မမ ဆိုဒ်က ဟင်းချက်နည်းတွေက ပိုပြီးရိုးရှင်းလွယ်ကူစွာ လုပ်စားနိုင်အောင် တင်ပြပေးထားတာကိုတွေ့ရပါတယ် အရမ်းလဲအားကျပါတယ် ပြီးတော့လေ မမရဲ့ ဟင်းတွေအရမ်းကောင်းတာ ဘယ်ဟင်းကို ဘယ်ဟာနဲ့တွဲပြီးချက်ရင် လိုက်ဖက်တယ်ဆိုတဲ့ ဥပမာ ငါးဖယ်သုတ်ဆိုရင် ၀က်လက်စွပ်ပြုတ်နဲ့ လိုက်ဖက်တယ်ပေါ့နော် အဲ့လိုမျိုးပဲ ဒီထဲမှာရှိတဲ့ဟင်းတွေကို တွဲပြပေးပါလားရှင် ပိုစ်ကလေးတစ်ခုလောက်လုပ်ပြီးတော့ပေါ့နော် ဟီးး အခုက ဟင်းတွေကအကုန်ကောင်းတော့ ဘယ်ဟာကိုဘယ်ဟာနဲ့ တွဲရမလဲဆိုတာ ခေါင်းစားနေလို့ တိတိက မမကို အမြဲအားပေးနေမှာနော် အရမ်းလဲချစ်တယ် 😀 😀 😀 😀
ဟုတ်ကဲ့ ညီမ။ လိုက်ဖက်တဲ့ ဟင်းအတွဲလေးတွေ ၀တ်ရည် ကြိုးစားပြီ တင်ပေးပါ့မယ်.. အားပေးလို့ ၀တ်ရည်ကလည်း ရှဲရှဲနီပါ.. <3
မမ ၀တ်ရည် တင်ထားတာတွေက အရမ်းကိုပြည့်စုံပြီး ချက်ရလွယ်ကူအောင်လုပ်ပေးထားလို့ သမီး အရမ်းကြိုက်မိပါတယ် တခြားဆိုဒ်တွေထက်စာရင် မမ ဆိုဒ်က ဟင်းချက်နည်းတွေက ပိုပြီးရိုးရှင်းလွယ်ကူစွာ လုပ်စားနိုင်အောင် တင်ပြပေးထားတာကိုတွေ့ရပါတယ် အရမ်းလဲအားကျပါတယ် ပြီးတော့လေ မမရဲ့ ဟင်းတွေအရမ်းကောင်းတာ ဘယ်ဟင်းကို ဘယ်ဟာနဲ့တွဲပြီးချက်ရင် လိုက်ဖက်တယ်ဆိုတဲ့ ဥပမာ ငါးဖယ်သုတ်ဆိုရင် ၀က်လက်စွပ်ပြုတ်နဲ့ လိုက်ဖက်တယ်ပေါ့နော် အဲ့လိုမျိုးပဲ ဒီထဲမှာရှိတဲ့ဟင်းတွေကို တွဲပြပေးပါလားရှင် ပိုစ်ကလေးတစ်ခုလောက်လုပ်ပြီးတော့ပေါ့နော် ဟီးး အခုက ဟင်းတွေကအကုန်ကောင်းတော့ ဘယ်ဟာကိုဘယ်ဟာနဲ့ တွဲရမလဲဆိုတာ ခေါင်းစားနေလို့ တိတိက မမကို အမြဲအားပေးနေမှာနော် အရမ်းလဲချစ်တယ် မမရဲ့ ဆိုဒ်ကိုနေ့တိုင်းပဲ ၀င်ကြည့်မယ်နော် တိတိ ပြောတာလေးကိုလဲ မမအလုပ်မရှုပ်ဘူးဆိုရင် Help ပေးဦးနော် မမ ဒါဆို ကျန်တဲ့သူတွေလည်းပိုပြီးတော့ တွဲစားရတာ အဆင်ပြေသွားမယ်နော့် I love you 😀 😀 😀 😀
ဟုတ်တယ် ညီမ.. Thanks too 🙂
ကျေးဇူးအရမ်းတင်ပါတယ် ၊ နောက် ကြာမဆိုင် ဟင်းရည်။ငါးခေါင်းဟင်းရည်၊၁၂ မျိုးဟင်းရည် လုပ်နည်းများလည်း
တင်ပေးပါအုံးနော်၊ကျေးဇူးတင်ပါတယ်။
အသစ်တင်တိုင်း ပို့ပေးပါနော် အမ။
ကျေးဇူးပါ။
Email Subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း အီးမေးပို့ပေးပါတယ် sis 🙂