မြိတ်မုန့်လုံးကြီး အုန်းနို့ဆမ်း
သင်္ကြန်နီးလာပြီမို့ သင်္ကြန်မှာ လုပ်စားနိုင်ဖို့ မြိတ်မုန့်လုံးကြီး အုန်းနို့ဆမ်းပါ။ မြိတ်မုန့်လုံးကြီး အုန်းနို့ဆမ်းမှာ ထန်းညက်နဲ့ မြေပဲကို ထောင်းပြီ အစာသွပ်ထားပြီ ပုံမှန် မုန့်လုံးရေပေါ် အရွယ်အစားထက် ပိုကြီးသည်။ အုန်းနို့အရည်မှာလည်း ပျစ်ပျစ်လေး ဖြစ်အောင် မုန့်သားလေး နည်းနည်း ထည့်ထားသည်။ ၀တ်ရည်က အရောင်ပါ ပိုလှသွားအောင်၊ သာကူ အစိမ်း၊ အနီလေးတွေပါ ထည့်ပြီ လုပ်ထားတာပါ။ အရမ်းစားကောင်းတာမို့၊ ခုပဲ သင်္ကြန်မှာ လုပ်စားကြည့်ရအောင်…
မုန့်လုံးကြီးတွင် ပါဝင်သောပစ္စည်း
- ကောက်ညှင်းမှုန့် – ၄၀၀ ဂရမ်
- ဆန်မှုန့် – ၁၀၀ ဂရမ်
- ရေ – ၄၀၀ မီလီလီတာ
- အစိမ်းရောင် အရည် – လက်ဖက်ရည်ဇွန်း တ၀က်
- အနီရောင် အရည် – လက်ဖက်ရည်ဇွန်း တ၀က်
အစာသွပ်ရန် ပါဝင်ပစ္စည်များ
- ထန်းလျက် – ၁၀ခု
- မြေပဲ(လှော်ပြီသား) – ၃၀ ဂရမ် (အခွံချွတ်ထားပါ)
အုန်းနို့ရည်တွင် ပါဝင်ပစ္စည်းများ
- အုန်းနို့ – ရ၀၀ မီလီလီတာ
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- သကြား – ၁၀၀ ဂရမ်
- မှုန့်သား – အနည်းငယ် (အရည်ပျစ်ရန်)
သာကူတွင် ပါဝင်ပစ္စည်းများ
- သာကူစေ့ – ၂၅ ဂရမ်
- ရေ – ၂လီတာ
- အစိမ်းရောင်၊ အနီရောင် အရည် – လက်ဖက်ရည်ဇွန်း တ၀က်
သာကူ ကြိုနည်း
၁။ အရင်ဆုံး ရေ(၂လီတာ) ကို ပွက်ပွက်ဆူအောင် တည်ထားထားပါ။
၂။ ပြီမှ သာကူများကို ထည့်ပြီ မွှေပေးပါ။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။
၃။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရေအေးပြန်စိမ်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၎။ သာကူကို ပန်းကန်နှစ်ခုထဲ ညီညီမျှမျှ ခွဲထည့်ပါ။ ပန်းကန်တစ်ခုထဲကို အစိမ်းရောင် အရည် နှင့် တခြား ပန်းကန် တစ်ခုကို အနီရောင် အရည်များ သာကူအားလုံး ဖုံးသွားသည်အထိ သမအောင်မွှေပေးပါ။
မုန့်လုပ်နည်း
၁။ ကောက်ညှင်းမှုန့် နှင့် ဆန်မှုန့်ကို ခွက်တစ်ခုထဲထည့်၍ ရောမွှေလိုက်ပါ။
၂။ ရေကို နည်းနည်းခြင်းဆီ ထည့်ပေးပြီး မပျော့မမာ အနေထားထိ ရောက်အောင် သမအောင် နုယ်ပေးပါ။
၃။ ပြီးလျှင် အရောင်ထည့်ချင်က မုန့်သားကို တ၀က်စီခွဲပြီ အစိမ်းရောင်၊ အနီရောင် (လက်ဖက်ရည်ဇွန်း တ၀က်) စီထည့်ပေးပြီ သမအောင် ရောနုယ်ပါ။
မှတ်ချက် ။ ။ အုန်းနို့ရည်ချက်ရာတွင် ထည့်ရန် မုန့်သားဖြူ (စားပွဲတင်ဇွန်း တ၀က်)စာ ချန်ထားပေးပါ။
၎။ ပြီလျှင် အစာသွပ်ရန် မြေပဲနဲ့ ထန်းလျက်ကို ရောပြီ ထောင်းပေးပါ။
၅။ ပြီလျှင် မုန့်ဒိုးများထည့်ကို အနေတော် အရွယ်များလုံးပြီ လက်ဖြင့် အ၀ိုင်းပြားလုပ်ကာ မြေပဲ၊ ထန်းလျက်များကို အစာသွပ်ပေးပါ။
၆။ ပြီလျှင် အလုံးလေးများ ပြန်လုံးပေးပါ။ ထိုနည်းအတိုင်း ကျန်မုန့်လုံးများကို အစာသွပ်ပြီ လုံးပေးပါ။
ရ။ ပြီနောက် ဒယ်အိုးကြီးကြီး တစ်ခု ရေတစ်ဝက်ကျော်ကျော်ထည့်ပြီး မီးမီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီး တည်ထားပေးပါ။
၆။ ဒယ်အိုးထဲမှ ရေပွက်ပွက်ဆူလာလျှင် လုံးထားသော မုန့်လုံးများကို ဖြည်းဖြည်းခြင်းထည့်ပေးပြီ အဖုံးအုပ်ထားပါ။
၇။ မုန့်လုံးများ သူအလိုလို ရေပေါ်ပေါ်လာမှ ဇကာလေးဖြင့် ဆယ်ပေးပြီး ရေထည့်ထားသော ခွက်ထဲ မုန့်လုံးကြီးများကို ထည့်လိုက်ပါ။
၈။ ပြီးမှ ရေစစ်ရန်အတွက် ဇကာထဲ ပြန်ဆယ်ထည့်ထားပါ။ ရေစစ်ပြီးလျှင် ပန်းကန်ထဲသို့ မုန့်လုံးရေပေါ်များထည့်လိုက်ပါ။
အုန်းနို့ရည်ဆမ်း ချက်နည်း
၁။ ဒယ်ထဲသို့ အုန်းနို့ ၊ ဆား၊ သကြားများကို ပျော်သည်အထိ တည်ထားပေးပါ။
၂။ ပြီးလျှင် မီးအတင့်သင့်ဖြင့် စက္ကန့် ၂၀မျှ တည်ပေးပြီ အရည်ပျစ်ရန် မုန့်သားဖြူ အနည်းငယ် ထည့်လိုက်ပြီ မီးပိတ်လိုက်ပါ။
၃။ ပန်းကန်လုံးတစ်ခုထဲသို့ မုန့်လုံးကြီး၊ သာကူ၊ အုန်းနို့ရည်များ လောင်းထည့်ကာ အရသာရှိသော မုန့်လုံးကြီး အုန်းနို့ဆမ်းကို သုံးဆောင်နိုင်ပါပြီ…
—————————————————————————————————-
ဝတ်ရည်ရေ
စားတောင်မစားရက်စရာလေး
လှလိုက်တာ
အဲဒီမုန့်လေးလည်း စိတ်ဝင်စားတယ် လုပ်စားဦးမယ်။
ဟီးဟီး။ မချော သင်္ကြန်မှာ လုပ်စားကြည့်ပါနော်.. အရမ်းစားကောင်းတယ်..
ဝတ်ရည်ရေမြေပဲမထည့်ရင်ရောရလား။
မြေပဲ မထည့်ပဲ၊ ထန်းညက်နဲ့ လုပ်လည်းရပါတယ်.. မုန့်လုံးရေပေါ်နဲ့ ပိုတူသွားမှာပေါ့
a yan mike tar…see tar nae sar chin lar tal…ae loe creative pyit ma kaung tar
haa ကိုယ်အမွှာပဲ ကိုယ်မြှောက်ပြောနေ.. 🙂
That great!
Please also try it.. Really good one
Thank you.
Very Welcome!
ကောင်းတယ် မဝတ်ရည်..
အရမ်းကောင်းပါတယ်..အခုလို သင်္ကြန်ကာလနဲ့ နီးလာတဲ့အခါမှာ.. သင်္ကြန်အစား အစာလေးတွေကို အခုလို ဝေမျှပေးတဲ့အတွက်လည်း.. အထူးပဲကျေဇူးတင်ပါတယ်မဝတ်ာရည် ။ တစ်ခုလောက်တောင်းဆိုပရစေ။ ( HACCP ) Standards အကြောင်း လေးလဲ.. ဖြစ်နှိုင်ရင်. ရှင်ပြပေးပါအုံး..သိချင်ပါတယ်..
( လေးစားလျှက်ပါ မဝတ်ာရည် ။)
Thanks 🙂
လုပ်စားကြည့်လိုက်ဦးမယ် thanks a lot
ဟုတ်ကဲ့ လုပ်စား ကြည့်ပါ.. 🙂
[…] မုန့်လုံးကြီး အုန်းနို့ဆမ်း […]
I want to try. Very nice.
Thank you.
လုပ်စားကြည့်ပါနော်…
စားချင်စရာလေး အမရေ လုပ်စားမယ်
ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်.. 🙂
မမရေ ဒီနေ့ channel 7 မှာတွေ့ တယ် မမပဲမဟုတ်လား။မုန့် လုပ်တာအဆင်ပြေတယ်။အိမ်သားအားလုံးလဲကြိက်တယ်။ကျေးဇူးတင်ပါတယ်နော်။စိတ်ဆင်းရဲခြင်း ကိုယ်ဆင်းရဲခြင်းကင်းပါစေ။
ပေးတဲ့ဆုနဲ့ ပြည့်ရပါစေနော်…
Thanks a lot for sharing how to make delicious food… 😛
😀
အနီရောင်အရည်နဲ့ အစိမ်းရောင် အရည်ဆိုတာ ဆိုင်တွေမှာ ဘယ်လိုပြောပြီးဝယ်ရမလဲရှင်။
ဝယ်ရမည့်တံဆိပ်လေးပါပြောပြပေးပါ။ကျေးဇူးတင်ပါတယ်ရှင်။
City Mart ဂျုံမှုန့် ရောင်းတဲ့ အတန်းမှာ မုန့်လုပ်ရင် ထည့်တဲ့ ရောင်စုံရည်တွေလို့ မေးဝယ်လို့ရပါယတ်
သိပ် စိတ် ၀င် စား ပါတယ်
🙂
မမ သင်္ကြန် ရက်ကမုန့် လုပ်ပြီ face book ပေါ်တင်လိုက်တယ်။မမကိုခွင့် တောင်းတာ။ဟီးဟီး တင်ပြီမှ ကျေးဇူးနော်မမ
No Problem sis 🙂
အမရေ.. ဒီမုန့်မျိုး ခုမှပဲမြင်ဖူးတော့တယ်… စားချင်စဖွယ်လေး…
လုပ်စားလို့လဲလွယ်မဲ့ပုံပဲ။ ကျေးဇူးပဲနော… လုပ်ရလွယ်ကူပြီး စားလို့ကောင်းတဲ့ တခြားစိတ်ဝင်စားစရာကောင်းတဲ့ မုန့်လုပ်နည်းကိုလဲ တင်ပေးပါအုံးနောအမ…
အမ လက်ရာစိတ်ဝင်စားလို့ပါ။
Thanks 😉
အစ်မအရောင်ကအစိမ်းအနီရောင်ကိုဘယ်လိုမေးဝယ်ရမလဲပြောပေးပါအုံးကျေးဇူးတင်ပါတယ်
Can I use only glutinous powder only?
Thank you very much.