ပြည်ကြီးငါးအသွပ်ကြော် နှင့် ကျောက်ပွင့်သုပ်
တရုတ်စတိုင် ပြည်ကြီးငါး အစာသွပ်ကြော်နှင့် ကျောက်ပွင့်သုပ်ပါ။ ပြည်ကြီးငါးထဲကို ၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ် အစာသွပ်ပြီ အကြွပ်ကြော်ထားတာမို့ ကြွပ်ရွပြီ စားလို့ အရမ်းကောင်းပါတယ်။ ကျောက်ပွင့်သုပ်ကို မြန်မာစတိုင် ပဲမှုန့်လေးနဲ့ သုပ်ထားပါတယ်။ တူတူလုပ်စားကြည့်ရအောင်…
ပြည်ကြီးငါးတွင် ပါဝင်ပစ္စည်းများ
- ကင်ပွန်း(သို့) ပြည်ကြီးငါး – ၃၀ကျပ်သား (အစာသွပ်ရန် အကောင်ကြီးရလျှင် ပိုကောင်းသည်)
- ၀က်သား – ၂၀၀ ဂရမ် (နှုတ်နှုတ်စင်းပါ)
- မုန်လာဥနီ – ၁ခု (နှုတ်နှုတ်စင်းပါ)
- ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှတ်စင်းပါ)
- ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
- ခရုဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ကြက်ဥ – ၁လုံး
- ဂျုံမှုန့် – စားပွဲတင်ဇွန်း ၃ဇွန်း
- ပါမုန့်ခြောက် – ၂ခွက်စာ
ပြည်ကြီးငါး အစာသွပ် ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပြည်ကြီးငါး ပေါ်မှ အညှိုအချွဲ၊ အရည်ခွံ၊ ခေါင်းအားလုံးကို ဖယ်ရှားပြီ သန့်စင်ထားပေးပါ။
၂။ ထို့နောက် ခွက်တစ်ခုထဲတွင် (၀က်သား၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ခရုဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောမွှေပေးပါ။
၃။ ပြီနောက် ပြည်ကြီးငါးထဲ နုယ်ထားသော ၀က်သားများကို အစာတ၀က်သွပ်ပေးပါ။
၎။ ပြီနောက် ပြည်ကြီးငါး လက်များကို ပုံတွင် ပါသည့်အတိုင်း ထည့်ပြီ သွားကြာထိုးတံဖြင့် ပိတ်ပေးပါ။
၅။ ထိုနည်းအတိုင်း ကျန်ပြည်ကြီးငါးများကို အစာသွပ်ပေးပါ။ ထို့နောက် ပေါင်းအိုးဖြင့် ပြည်ကြီးငါး အစာသွပ်ကို ၁၅မိနစ်ခန့် ပေါင်းပေးပါ။ ပေါင်းပြီလျှင် သွားကြာထိုးတံများကို ပြန်ဖယ်ပေးပါ။
၆။ ပြီလျှင် ခွက်တစ်ခုထဲ (ကြက်ဥ၊ ဂျုံမှုန့်) ထည့်ပြီ သမအောင် ခလောက်ပေးပါ။
ရ။ ကြက်ဥခလောက်ထားသော ခွက်ထဲသို့ ပြည်ကြီးငါး အစာသွပ်ကို စိမ်ပေးပါ။
၈။ ပြီနောက် ပါမုန့်ခြောက်များ ကပ်ပေးပြီ ဒယ်ထဲ ဆီများများထည့်ပြီ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၉။ ပြီနောက် ပြည်ကြီးငါးအစာသွပ်ကြော်များကို အကွင်းလေးများ လှီးပေးပြီ ကျောက်ပွင့်သုပ်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
ကျောက်ပွင့်တွင် ပါဝင်ပစ္စည်းများ
- ကျောက်ပွင့် – ၂ခု (ရေစိမ်ပြီမှ တကိုက်စာ အရွယ်လေးများ ပိုင်းဖြတ်ထားပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေံထုတ်ပြီ အရှည်ပါးပါးလှီးပါ)
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
- ပုဇွန်ခြာက် – စားပွဲတင်ဇွန်း ၁ဇွန်း
- ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
- နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
- ပဲမှုန့်(အကျက်မှုန့်) – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ကြက်သွန်ဖြူ ဆီချက် – စားပွဲတင်ဇွန်း ၂ဇွန်း
ကျောက်ပွင့်သုပ်နည်း
၁။ ခွက်တစ်ခုထဲတွင် (ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူဆီချက်၊ ပုဇွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ပဲမှုန့်၊ ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်) တို့ကို သမအောင် ရောနယ်လိုက်ပါ။
၂။ အရသာအပေါ့အငံ့ အနေတော်လျှင် အပေါ်မှာ နံနံပင် ဖြူးပြီ ကျောက်ပွင့်သုပ်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..
Thanks a lot for your full post.. 🙂
Welcome par sis! 🙂
Ma Wutyee ,
Thanks you for sharing me and I will try it .
I became a housewife one years ago and before i have never cooked and known how to cook.Now I see your web and cook so my cooking level is better than before.Thanks You!
Glad to hear you like my recipe, sis 😉
thanks. i will try it.
Plz try it, sis 🙂
thanks ma wutyee
Welcome sis 😀
Looks delicious.. Must try it!! Thank you a lot for sharing sis.. very useful and interesting site for me..
Yeah it is good one, plz try 🙂
အမလေးလေးးးး သရေတောင် တောက်တောက်ကျတယ်
Hee Thanks:D
I already cooked. I like very much . Sent me other curry as like as this curry .
Thanks a lot.
Very glad to hear you like it 😀
အမရေ..
ပါမုန့်ခြောက်ဆိုတာ ဘယ်လိုဟာမျိုးပါလဲရှင့်၊ English လို ဘယ်လိုခေါ်လဲဆိုတာ ပြောပြပေးပါလားရှင့်၊
ကျေးဇူးပါနော် အမ 🙂
အိ
ပါမုန့်ခြောက်ကို breadcrumb လို့ခေါ်ပါတယ်… City Mart မှာ ၀ယ်လို့ရတယ် sis..
ကောက်ညှင်းနဲ့အစာသွပ်နည်းလေးတင်ပေးပါဦး။
အမ,ထိုင်ဝမ်ကြက်သားပြားကြော်တဲ့နည်းသိရင် တင်ပေးစေချင်ပါတယ်ခင်ဗျာ ကျေးဇူးတင်စွာဖြင့်