ထောပတ် ကြက်သားဟင်း
အိန္ဒိယကို ဗုဒ္ဓဂါယာသွားတုန်းက ထောပတ် ကြက်သားဟင်းလေး စားခဲ့ဖူးတယ်။ ခုမှ ကိုယ်တိုင် ပြန်ချက်စားဖြစ်တာပါ။ ထောပတ်ရနံ့လေးသင်းပြီ ကြက်ရင်ဗုံသားကို ဒိန်ချဉ်နဲ့ နုပ်ထားမို့ နူးအိပြီ စားလို့ကောင်းပါတယ်။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံသား – ၈၀၀ ဂရမ်
- ဒိန်ချဉ် – ၂၀၀ မီလီလီတာ
- ထောပတ် – ၁၅၀ ဂရမ်
- သီဟိုဌ်စေ့ – ၁၀၀ ဂရမ် (မညက်တညက်ထောင်းပါ)
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ကလဝေရွက် – ၁ရွက် (ခြေထားပါ)
- လေညှင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သစ်ဂျပိုးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- မဆလာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဖာလာစေ့ – ၄ခု
- ဂျင်း (သို့) ဂျင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်နီ – ၄လုံး (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- နံနံပင် – စားပွဲတင်ဇွန်း ၄ဇွန်း (ပါးပါးလှီးပါ)
- ခရင်(cream) – စားပွဲတင်ဇွန်း ၄ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဇလုံထဲတွင် (ဒိန်ချဉ်၊ ငရုတ်သီးမှုန့်၊ သစ်ဂျပိုးမှုန့်၊ မဆလာ၊ ဖာလာစေ့၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ဆား) တို့ကို ရောမွှေပြီ ကြိတ်စက်(blender) ဖြင့်ကြိတ်ပေးပါ။
၂။ ပြီလျှင် ကြက်သား နှင့် ကြိတ်ထားသော ဒိန်ချဉ်၊ ကလဝေရွက်တို့ကို သမအောင် ရောမွှေပြီ နာရီဝက်ခန့် နုပ်ထားပါ။
၃။ ဒယ်ထဲ ထောပတ်ထည့် ထောပတ်အရည်ပျော်လျှင် ကြက်သွန်နီများကို ၂မိနစ်ခန့် ဆီသပ်ပေးပါ။
၎။ ပြီမှ နုပ်ထားသော ကြက်သားကို ထည့်ပြီ အဖုံးအုပ်ကာ ရမိနစ်မှ ၁၀မိနစ်အတွင်း မီးအသင့်တင့်ဖြင့် ထည်ထားပေးပါ။
၅။ နောက်ဆုံး အပေါ်မှ သီဟိုဌ်စေ့ဖြူး၊ နံနံပင်အုပ်၊ ခရင်ကို အလှဖြူးပြီ ထောပတ်ကြက်သားဟင်းကို သုံးဆောင်လို့ရပါပြီ။
မမဝတ်ရည် မင်္ဂလာပါနော်။ အစ်မရဲ့ website ကိုမကြည့်ဖြစ်ဘူးဆိုရင်တောင် တစ်နေ့ကို၂ခါလောက်ကြည့်ဖြစ်ပါတယ်။ ညီမလည်း ဟင်းချက်အရမ်းဝါသနာပါလို့လေ။ အစ်မရဲ့ ဟင်းချက်နည်းတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အိမ်ရှင်မပီသတဲ့ အစ်မကိုလည်း အားကျမိပါရဲ့။ အခုဆို ဒီwebsite ကိုကြည့်ပြီးမှ ဈေးသွားတတ်တော့တယ်။ နောက်လည်းအားပေးနေမှာပါ။ ဟင်းအသစ်လေးတွေလည်းတင်ပေးပါဦးနော်။ အခုဟင်းကိုလည်း ချက်စားကြည့်ချင်ပါသေးတယ်။ဒါပေမယ့်လခရင်းဆိုတာကိုမသိဘူးဖြစ်နေပါတယ်။ အဲဒါကိုဘယ်မှာဝယ်လို
cream ကိုပြောတာပါ sis။ City Mart မှာဝယ်လို့ရပါတယ်။ cream မ၀ယ်ချင်ရင် ကော်ဖီဖျော်ရင်သုံးတဲ့ creamမှုန့်များများကို ရေနွေးနည်းနည်းနဲ့ဖျော်ပြီ သုံးလို့ရပါတယ်။ အမြဲအားပေးနေတယ်ဆိုလို့ ကျေးဇူးပါနော်..
ရနိုင်မလဲရှင့်။
ခရင် cream ဖြစ်ပါလိမ့်မယ်ညီမရေ
ဟုတ်ကဲ့ cream ကို ပြောတာပါ…:)
The taste is really extraordinary!!!! Very good Thanks a lot Ma Wut Yee.
ခုလို ထောပတ်ကြက်သားဟင်းလျာကို ကြိုက်နှစ်သက်လို့ ကျေးဇူးတင်ပါတယ်..
ွှဝတ်ရည်ကလည်း ကျေးဇူးပါနော်..
အစ်မရေ သမီး ဒီနည်းကိုကြည့်ပြီး အိမ်မှာချက်ကြည့်တယ်….တော်တော်တော့ အီတယ်နော် စားရတာ….ထူးဆန်းတာတစ်ခုက ချက်တုန်းက မြည်းကြည့်တော့ ငံနေသလိုပဲ အေးသွားတော့ အငံလျော့သွားရော…..ဘာ့ကြောင့်လဲတော့ မသိပါဘူး….အိမ်ကလူတွေကတော့ တော်တော်ကြိုက်ကြတယ်……သမီး ဆိတ်သားကို ဒီလိုမျိုးချက်ကြည့်ချင်တယ်…ဒါပေမယ့် ညှီနံ့ပျောက်အောင် ဘယ်လိုလုပ်ရမလဲ မသိလို့ ပြောပြပါဦး။
ထောပတ်နဲ့ဆိုတော့ နည်းနည်းတော့ အီတယ် sis.. ဆိတ်သားကို မချက်ခင် ကြက်သွန်နီ၊ ဂျင်း၊ စပါးလင်တို့နဲ့ နုပ်ပြီ ချက်ရင် အညီပျောက်ပါတယ်။
India မှာသင်တန်းသွားတက်တုံးကစားဖူးခဲ့တယ်အရမ်းစားလို့ကောင်းလို့ချက်နည်းသိချင်နေတာကျေးဇူးအများကြီးတင်ပါတယ်ချက်စားကြည့်အုံးမယ်