ရွှေဖရုံသီး ဟင်းချို
အရသာက ချိုစိမ့်ပြီ သောက်လို့ကောင်းတဲ့ ရွှေဖရုံသီး ဟင်းချိုပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ရွှေဖရုံသီး – ၁စိတ်(၁၀၀၀ ဂရမ်) (ပေါင်းအိုးပြီ မိနစ် ၂၀ ပေါင်းပေးထားပါ)
- အာလူး – ၁လုံး (ပြဲအောင် ပြုထားပေးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ကလဝေရွက် – ၁ရွက်
- နွားနို့ – ၁ခွက်
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ရေ – ခွက်၃ပုံ၂ပုံ
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပေါင်းအိုးဖြင့် ပေါင်းထားသော ရွှေဖရုံသီး အသားများကို ဇွန်းဖြင့် ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။
၂။ ပြီနောက် ကြိတ်စက် ဖြင့် ရွှေဖရုံသီး၊ အာလူး(ခြေထည့်)၊ ရေ တို့ကို ထည့်ပြီ blender ဖြင့် ကြေညက်အောင် ကြိတ်ပေးပါ။
၃။ ထို့နောက် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကလဝေရွက်ထည့်ကာ ဆီသပ်ပေးပါ။
၎။ ပြီနောက် နွားနို့ထည့် နွားနို့ ဆူလာလျှင် ရွှေဖရုံသီးများကို ထည့်ပြီ ရောမွှေလိုက်ပါ။
၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်(နည်းနည်း) ထည့်ပေးပါ။
၆။ အရသာ အနေတော်လျှင် မီးပိတ်လိုက်ပါ။
ရ။ ရွှေဖရုံသီး ဟင်းချိုကို ဇောက်ခွက်တစ်ခုထဲ ထည့်ပြီ အပေါ်က နွားနို့အနည်းငယ်ဖြူးကာ၊ oregano အရွက်အလှဆင်ပြီ အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
Yes,I love it.
Dear Ma Wut Yee
Good , Very good your soup .But I would to know some one ,It that western style ? Suitable or not using chicken powder if that western style soup ?
Thank
မမကို မိုးကျေဇူးအများကြီးတင်ပါတယ် နောက်လဲ အနောက်တိုင်းအစားအသောက်တွေ တင်ပေးအုံးနော်
မမအောင်မြင်ကျော်ကြားပြီး အမြဲတမ်းပျော်ရွင်တဲ. မိသားစုဘ၀ကို ပိုင်ဆိုင်ပါစေနော်
thank you so much dear sis
Yes that is a little different. In Europe use Butter, Carrots,Cream,Parsley, and when you like with a little ginger.
Thank you.
Share for every update curry.
ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ နောက်ထပ် နောက်ထပ်လည်းတင်ပေးပါလို့တောင်းဆိုပါတယ်