ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်
နေ့လည်စာ အဆာပြေအဖြစ် လုပ်စားနိုင်အောင်ပါ။ အရသာလည်း ရှိပြီ စားလို့ ကောင်းတဲ့ ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်လေးပါ။ ချက်နည်း တူတူ ကြည့်ရအောင်..
ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ – ၃လုံး (ခလောက်ပေးပါ)
၂။ ငါးဖယ် – ၁၀ကျပ်သား (ညက်အောင် ထောင်းပါ)
၃။ ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
၎။ ကြက်သွန်မြိတ် – ၄ချောင်း (၂လက်မ အရွယ် ပိုင်းဖြတ်ပါ)
၅။ ဆား၊ ကြက်သားမှုန့််
၆။ မုန်လာဥနီ – ၂ခု (အရှည် ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ ငါးဖယ်ခြစ်ထောင်း ထားတဲ့ထဲကို ကြက်ဥနှစ် (စားပွဲတင်ဇွန်း တ၀က်)၊ ဆား (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း)၊ ဂျုံ (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)အနည်းငယ်ထည့်ပြီ သမအောင် နုယ်ပေးပါ။
၂။ ဒယ်ထဲ ဆီအနည်းငယ် ထည့်ပြီ ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥ ၃လုံးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ အ၀ိုင်းပြားဖြစ်အောင် ကြော်ပေးပါ။
၃။ ကြက်ဥအပြား အလယ်ထဲသို့ – (ငါးဖယ်အပြား၊ မုန်လာဥနီ၊ နံနံပင်၊ ကြက်သွန်မြိတ်) ထည့်လိပ်ပေးပါ။
၎။ ထို့နောက် တန်ပူရာမှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း) +ဆား (လက်ဖက်ရည်ဇွန်း တ၀က်)+ရေ အနည်းငယ်ထည့် (ပျစ်ပျစ်)ရောဖျော်ပြီး ကြက်ဥအလိပ်ပေါ်လောင်းချပေးပါ။
၅။ ထို့နောက် ကြက်ဥအလိပ်ကို ဒယ်ထဲ ဆီများများထည့်ပြီး ဆီထဲ နှစ်ကြော်ပေးပါ။
၆။ ကြော်ပြီးသား ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်ကို ဓားဖြင့် အ၀ိုင်း လှီးပေးပါ။
ရ။ စားချင်စဖွယ်ကောင်းပြီး အနံသင်းနေသော ငါးဖယ်အစာသွပ် ကြက်ဥလိပ်ကြော်ကို စားသုံးနိုင်ပါပြီ။
so good;i will try it..thanks
I will try it! thanks sis….
thank u
SO GOOD THANKS
Thanks Wutyee lay ,I ‘ll try.
မဝတ်ရည်ချက်ပြုတ်နည်းတွေအရမ်းကြိုက်ပါတယ်။ကြက်သွန်နီကဘယ်မှာထည့်ရမှာလဲ
I always thank for you.
ဝတ် ရည်
တန်ပူရာအမှုန့်ဆိုတာ ဘယ်လိုဟာကိုပြောတာလဲ
မသိလို့နော်
Thanks so much for ur sharing
တန်ပူရာမှုန့်က ဘယ်လိုမျိုးလဲ
အကြော်မှုန့်ကို ပြောတာလား
မသိလို့ပါ ပြန်ပြောပေးနော်
လုပ်စားချင်လို့.ဘယ်လိုပြောပြီးမေးဝယ်ရမလဲ.
အစ်မရေ … လုပ်စားတာ အစ်မလိုပဲ တစ်ထေရာတည်း ထွက်လာတယ်. .. ။ တော်တော်လည်း စားလို့ကောင်းတယ်. . ။ ကြက်ဥကြော်တာပဲ အချိုးမပြေလို့ အလယ်နည်းနည်းပေါက်သွားတယ်. .။ 🙂
Very glad you like it sis 😀
Thk