ဌက်ပျောဖူးဟင်း
မွန်ဟင်းလျာ တစ်ခုဖြစ်တဲ့ ဌက်ပျောဖူးဟင်းလျာပါ။ ဈေးမှာလည်း ဌက်ပျောဖူး ၁ဖူးကို ၂၀၀၀န်းကျင်နဲ့ အလွယ်တကူ ၀ယ်လို့ရပါတယ်။ ဌက်ပျောဖူးကို အရသာက နူးညံ့ပြီ တအား စားလို့ ကောင်းပါတယ်။ ဟင်းကောင်းကြိုက်သူတွေ ချက်စားကြည့်ဖို့ ညွှန်လိုက်ပါရစေ…
ပါဝင်ပစ္စည်းများ
- ဌက်ပျောဖူး – ၁ဖူး
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
- ငရုတ်သီး(အေ၇ာင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပုဇွန်ခြောက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ငပိ (စိမ်းစား) – လက်ဖက်ရည်ဇွန်း တ၀က်
- မရမ်းပြား – ၃ပြား (ရေစိမ်ထားပြီ လက်ဖြင့် ဖြစ်ပေးပါ)
ချက်နည်း
၁။ အရင်ဆုံး ဌက်ပျောဖူးကို ရင့်တဲ့ အပိုင်းနဲ့ အဖြူရောင်အတံများကို ဖယ်ပေးပါ။ ကျန်တဲ့ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)။ ဌက်ဖျောဖူးများ မမဲသွားစေရန် ဖြစ်သည်။ ချက်ခါနီး ဆနွင်းအရည်များသွန်ပြီ အရည်စစ်ပြီမှ ထည့်ပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ။ ကြက်သွန်နီ ဆီသပ်ပေးပါ။
၃။ ပြီမှ ငရုတ်သီး အရောင်တင်မှုန့်ထည့်၊ ပုဇွန်ခြောက်မှုန့်၊ ဌက်ပျောဖူးများ ထည့်ပြီ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၎။ ပြီနောက် ရေ(ခွက်တ၀က်)၊ ဆား၊ ကြက်သားမှုန့်၊ ငပိ၊ မရမ်းပြားရည်တို့ကို ထည့်ပြီ ဆီပြန်သည်အထိ တည်ထားပါ။
၅။ ဆီပြန်လျှင် အရသာကောင်းမွန်သော ဌက်ပျောဖူး ဟင်းလျာကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…
thanks
၇ ရက်နေ့က မ၀တ်ရည် ရဲ့ မုန့်ဟင်းခါးချက်နည်း ၄မျိုး ရန်ကုန်၊ ဟင်္သာတ၊ မြောင်းမြ နဲ့ မော်လမြိုင် ဆိုပြီး Face Book မှာ တွေ့လိုက်တယ်။ ခု ရှာလို့မရတော့လို့ ပြန်တင်ပေးပါလား။
ကျေးဇူးတင်လျှက်
Sis ..can we eat Banana Bloom as a raw? I heard that it can eat raw when we make it salad. Is that right?
ဝတ္တုတွေ စာပေ Post တွေ အရမ်းကြိုက်လို့  အကုန်လုံး ကူးယူထားပါတယ် ။