ကြက်သားအကြွပ်ကြော်၊ အုန်းနို့ဟင်း
ကြက်သား အကြွပ်ကြော်တွင် ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံ – ၂ခု (၂၅၀ ဂရမ် (သို့) ၁၅ကျပ်သား)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – အနည်းငယ် (ဖြူးပေးရန်)
- ဂျုံမှုန့် – ၁၀၀ ဂရမ်
- ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
- ပါမုန့်ခြောက် – ရ၀ ဂရမ်
- ဆီ – များများ
အုန်းနို့ဟင်းတွင် ပါဝင်ပစ္စည်းများ
- အုန်းနို့နှစ် – ၁၀၀ မီလီလီတာ
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
- ကြက်သွန်နီ – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
- နံနံစေ့ – လက်ဖက်ရည်ဇွန်း တ၀က်
- ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
- သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သား အကြွပ်ကြော်နည်း
၁။ အရင်ဆုံး (ကြက်ရင်ဗုံ၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။
၂။ ပြီနောက် ကြက်သားများကို ဂျုံမှုန့်ကပ်ပေးပြီ ကြက်ဥစိမ်ထားသော ခွက်ထဲသို့ တူလေးဖြင့် စိမ်ပေးပါ။
၃။ ကြက်ဥစိမ်ထားသော ခွက်ထဲမှ ပါမုန့်ခြောက်ထည့်ထားသော ပန်းကန်ထဲသို့ ထည့်ကာ ကြက်သားများကို ပါမုန့်ခြောက် ထပ်ကပ်ပေးပါ။
၎။ ပြီနောက် ဒယ်ထဲ ဆီများများထည့်ပြီ ၀က်သားများကို မီးအသင့်တင့်ဖြင့် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။ ပြီလျှင် ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။
၅။ ထို့နောက် ကြက်သား အကြွပ်ကြော်ကို ဓားဖြင့် အရှည် လှီးပေးပါ။
၆။ ကြက်သား အကြွပ်ကြော် ရပြီဆိုလျှင် အုန်းနို့ဟင်းကို စချက်ပါတော့မည်။
အုန်းနို့ဟင်း ချက်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီပူထိုးပေးပါ။
၂။ ပြီမှ ဇီယာ၊ ဆနွင်းမှုန့်၊ နံနံစေ့မှုန့် တို့ကို ထည့်ပေးပြီ ခရမ်းချဉ်သီးများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပါ။
၃။ ထို့နောက် အုန်းနို့နှစ်၊ ရေ(ခွက်၃ပုံ၁ပုံ)ထည့်ပြီ ၂မိနစ်ခန့် တည်ထားပါ။
၎။ ပြီနောက် အရသာအတွက် ဆား၊ သကြား တို့ကို ထည့်ပြီ မီးပိတ်လိုက်ပါ။
၅။ အုန်းနို့ဟင်းရပြီဆိုလျှင် ကြက်သား အကြွပ်ကြော်ဖြင့် အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ..
———————————————————————————————————————
This post provides clear idea for the new people of blogging,
that truly how to do blogging and site-building.