အုန်းနို့ ပုဇွန်ရနံ့သင်း ဟင်းလျာ
ပုဇွန်ကို အုန်းနို့ဖြင့် ရောချက်ထားတာမို့ အရသာချိုစိမ့်ပြီ ထမင်းမြိန်စေတဲ့ ဟင်းလျာတမျိုးပါ။ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် အစုံအလင်နဲ့ ချက်ထားတာမို့ အရသာရော၊ အနံ့ပါ ထူးကဲ ကောင်းမွန်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပုဇွန်ကျား – အကောင် ၂၀ (အမြှီချန်ကာ အခွံနွှာ၊ ကျောခွဲထားပေးပါ)
- ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (မညက်တညက်ထောင်းပါ)
- ဇီယာ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သစ်ဂျပိုး – ၁ခု
- ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇါန်း
- ကလဝေရွက် – ၁ရွက်
- ခရမ်းချဉ်သီး – ၁လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
- အုန်းနို့ အနှစ်- ၁၆၀ မီလီလီတာ
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်း (ပါးပါးလှီးပါ)
- သံပရာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- ဂီ(သို့) ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ပုဇွန်ကျားကို ဆား၊ ကြက်သားမှုန့် (အနည်းငယ်)ဖြင့် သမအောင် ရောနုယ်ပေးပါ။
၂။ ပြီလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ထည့်ပြီ ဆီပူလာလျှင်ပုဇွန်ကျားများကို အရောင်ရသည်အထိ ဆီပူထိုးပေးပြီ ပြန်ဆယ်ထားပါ။
၃။ ပြီနောက် ဒယ်ထဲ ဂီထည့် ပူလာလျှင် ကြက်သွန်နီ ဆီသပ်ပေးပါ။
၎။ ပြီမှ ကြက်သွန်ဖြူ၊ ဂျင်းထောင်း၊ ဇီယာ၊ နနွင်း၊ ငရုတ်သီးမှုန့်၊ သစ်ဂျပိုး၊ ကလဝေရွက် တို့ကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၅။ ပြီလျှင် ခရမ်းချဉ်သီး၊ အုန်းနို့၊ ရေ(ခွက်တ၀က်)၊ ဆား၊ သကြားတို့ကို ထည့်ကာ မီးနည်းနည်းဖြင့် ၄မိနစ်ခန့်ထည်ထားပါ။
၆။ ထို့နောက် မီးပိတ်ကာ ခေတ္တအအေးခံပြီ blender (ကြိတ်စက်)ထည့် ကြိတ်ပေးပါ။ (သစ်ဂျပိုး၊ ကလဝေရွက် ဖယ်ပြီမှ ကြိတ်ပါ)
ရ။ ပြီမှ ကြိတ်ထားတဲ့ ဟင်းအနှစ်ကို ပြန်အပူပေးပါ။ ဆူလာလျှင် ပုဇွန်၊ သံပရာရည်၊ နံနံပင် အုပ်ပြီ မီးပိတ်လိုက်ပါ။
၈။ အရသာရှိသော အုန်းနို့ ပုဇွန် ဟင်းလျာကို အရသာရှိစွာ saffron ထမင်းဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
ကောင်းပါတယ်
Thanks 😀