ရုံပတေသီး ကြော်ချက်
ရုံပတေသီးကို ခရမ်းချဉ်သီး၊ မဆလာ၊ တို့နဲ့ ဆီပြန်လေး ချက်ထားတာပါ။ ချက်ရတာလည်း လွယ်ပြီ အရသာ ကောင်းမွန်တဲ့ ဟင်းတခွက်မို့ ခုပဲ လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ရုံပတေသီး – ၈တောင့်
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အတုံးသေးများတုံးပါ)
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
- မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၃ပုံ
- မုန့်ညှင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- နံနံပင် (အနည်းငယ်)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ရုံပတေသီးကို ရေစင်အောင်ဆေးပြိ ၃ပိုင်းပိုင်းဖြတ်ပါ။
၂။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်နီ ထည့်၊ နွှမ်းသည်အထိ ဆီပူထိုးပေးပါ။
၃။ ပြီနောက် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်၊ မုန့်ညှင်းစေ့ တို့ကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။
၎။ ပြီလျှင် ခရမ်းချဉ်သီး ထည့် ၁မိနစ်ရောမွှေ။ ရုံပတေသီးထည့် နောက်ထပ် ၂မိနစ်ခန့် ရောမွှေပါ။
၅။ ရေ(ခွက်တ၀က်)၊ ဆား၊ ငရုတ်ကောင်းမှုန့် ထည့်ပြီ မီးအတင့်သင့်ဖြင့် အဖုံးအုပ်ကာ တည်ထားပေးပါ။
၆။ ဆီပြန်လာလျှင် မဆလာဖြူး၊ နံနံပင်အုပ်ကာ မီးပိတ်လိုက်ပါ။
ရ။ အရသာရှိသော ရုံပတေသီး ဆီပြန် ဟင်းကို ဟင်းရံအဖြစ် သုံးဆောင်နိုင်ပါပြီ…
နောက်ဆိုအသီးအရွက်ချက်တာလေးတွေထပ်တင်ပေးအုံျးနာ်
ဟုတ်ကဲ့ bro 😀
သတ်သတ်လွတ်အတွက်အဆင်ပြေတယ်နော်။ပုဇွန်ဆိတ်ကလေးတွေနဲချက်ရင်လည်းကောင်းမယ်နော်။
hote kae.. ကြိုးစားပြီ တင်ပေးပါ့မယ်.. 😀
Thank you for Recipes.I like it:)
မ၀တ်ရည် fb မှာ ဟိုတယ်ဟင်းချက်ပြုတ်သင်တန်း (Star Resource Management)
သင်တန်းနာမည်နဲ့ ဖုန်းနံပါတ်ရေးထားတာတွေ့လို့ စိတ်ဝင်စားတာနဲ့ခေါ်ကြည့်တာ မရလို့ပါ။
အဲဒါ ကျေးဇူးပြုပြီး တခြားဆက်သွယ်လို့ရမဲ့ နည်းလမ်းရှိရင် သိချင်ပါတယ်ရှင့်..
ညီမသင်တန်းတက်ချင်လို့ပါ…
ကျေးဇူးတင်လျက်
Star Resource ဖုန်းနံပါတ် 523 623 ပါ sis.. လိပ်စာက No. 267, Room. 202, Pyay Road, Sanchaung Township ပါ 🙂
စားလို့အဆင်ပြေမယ့်
ဟင်းလျာလေးပဲ
နောက်ထပ်လာမယ့်ဟင်းလျာတွေကိုလည်း
စောင့်ပြီးအားပေးဦးမယ်နော်
ကျေးဇူးတင်ပါတယ်
ကျေးဇူးပါနော် 🙂
ဒီနေ့အဲဒ်ီရုံးပတ်ီသီးဟင်းလေးချက်စားဖြစ်တယ်
ခလေးတွေလည်းကြိုက်တယ်စားကောင်းတယ် အန်တီ
လည်းကြိုက်ပါတယ် ခါတိုင်းကတော့ပါးပါးလှီးပြီးကြော်တာ
ဆိုတော့အဆန်းလေးမို့ပိုကြိုက်ကြပါတယ်
ကျေးဇူးပါတူမလေးဝတ်ရည်