ကညွှတ် နှင့် တို့ဟူး အချိုကြော်
သက်သက်လွတ် ကညွှတ် နှင့် တို့ဟူးကို အချိုကြော်ထားတာပါ။ ကညွှတ်က ဗီဒမင်-ဘီဓာတ်ပါဝင်တာမို့ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ဟင်းလျာ တစ်ခုပါ။ ဆော့ကြောင့် အရသာက ချိုစိမ့်ပြီ ထမင်းနဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ခုပဲ တူတူ ချက်ကြည့်ရအောင်..
ပါဝင်ပစ္စည်းများ
- ဂျပန် တို့ဟူး(အ၀ါ) – ၂ခု (လက်မ ၃ပုံ၂ပုံ အရွယ် ပိုင်းဖြတ်ထားပါ)
- ကညွှတ် – ၁စည်း (၃၈၀ ဂရမ်၊ ၁လက်မခွဲရွယ် ပိုင်းဖြတ်ထားပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်နီ – ၁လုံး (၈စိပ်စိပ်ပေးပါ)
- ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း (ရေ(စားပွဲတင်ဇွန်း ၂ဇွန်း) ဖြင့် ရောဖျော်ထားပါ)
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
ဆော့ရည်တွင် ပါဝင်ပစ္စည်းများ
- Vegetarian ခရုဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
- ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
- ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
- ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီများများထည့်ပြီ တို့ဟူးများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
၂။ ပြီလျှင် ခွက်တစ်ခုထဲတွင် ဆော့အတွက် ပါဝင်ပစ္စည်းများဖြစ်သော (ခရုဆီ၊ ရှာလကာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်၊ ဆန်ဝိုင်၊ ရေ) တို့ကို သမအောင် ရောမွှေလိုက်ပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။
၂။ ပြီနောက် တို့ဟူး၊ ကညွှတ်၊ ဆော့ရည်များကို လောင်းထည့်ပြီ သမအောင် ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ပေးပါ။
၃။ ပြီနောက် ကော်ရည်၊ နှမ်းဆီ ထည့်ပြီ ရောမွှေကာ မီးပိတ်လိုက်ပါ။
၎။ အရသာရှိသော ကညွှတ် နှင့် တို့ဟူး အချိုကြော်ကို ထမင်းပူပူလေးနဲ့ တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ…
အစ်မ သက်သက်လွတ် ဟင်းလေးတွေ များများ တင်ပေးပါ
ဟုတ်ကဲ့ တင်ပေးပါ့မယ် sis 🙂
I like to eat, ah ma. thanks par shin….
thank a lot!!
Thanks you