ခရမ်းသီး ပါမုန့်ခြောက်ကပ် အကြွပ်ကြော်
အစာပြေ လုပ်စားနိုင်ဖို့ ခရမ်းသီး၊ ပါမုန့်ခြောက်ကပ်ကြော်ပါ။ လုပ်ရတာလည်း လွယ်ပြီ အချိန်တွင်းမှာပဲ လွယ်လင့်တကူ လုပ်စားနိုင်တာပါ။ အရသာက ပါမုန့်ခြောက်ကပ်ကြော် ထားမို့ အပြင်က ကြွပ်ရွပြီ အထဲ ခရမ်းသီးအိအိလေးနဲ့မို့ အရမ်းစားကောင်းပါတယ်။ ခုပဲ လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ခရမ်းသီး – ၁လုံး (၂လက်မ(အရှည်)၊ လက်မ၀က်(အထူ) လှီးပေးပါ)
- ဂျုံမှုန့် – ခွက်တ၀က်
- ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
- ပါမုန့်ခြောက် – ခွက်တ၀က်
- ငရုတ်သီး(အရောင်တင်)မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- Thyme(သို့) oregano – လက်ဖက်ရည်ဇွန်း ၁ဇွန်း (အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ခရမ်းချဉ်သီးဆော့ – စားပွဲတင်ဇွန်း ၂ဇွန်း (တွဲဖက် သုံးဆောင်ရန်)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခရမ်းသီးကို ၂လက်မ(အရှည်)၊ ၁/၂ လက်မ(အထူ) လှီးပေးပါ။
၂။ ပြီလျှင် ခရမ်းသီးပေါ်မှ ဆား(အနည်းငယ်) ဖြူးပေးပါ။
၃။ ပြီနောက် ခွက်တစ်ခုထဲ (ပါမုန့်ခြောက်၊ ငရုတ်သီးမှုန့်၊ oregano၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို ရောမွှေထားလိုက်ပါ။
၎။ အရင်ဆုံး ခရမ်းသီးကို ဂျုံမှုန့်များ ကပ်ပေးပါ။
၅။ ဂျုံကပ်ပြီလျှင် ကြက်ဥ ခွက်ထဲ ခရမ်းသီးများကို နှစ်စိမ်ပေးပါ။
၆။ ပြီနောက် ပါမုန့်ခြောက်ခွက်ထဲ ခရမ်းသီးများကို ထည့်ပြီ ပါမုန့်ခြောက်ကပ်ပေးပါ။
ရ။ ထို့နည်းအတိုင်း ကျန် ခရမ်းသီးများကို ပါမုန့်ခြောက်များ ကပ်ပေးပါ။
၈။ ပြီလျှင် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ခရမ်းသီးများကို ကြွပ်ရွသည်အထိ ထည့်ကြော်ပေးပါ။
၉။ ကြွပ်ရွပြီ စားလို့ ကောင်းတဲ့ ခရမ်းသီး နှင့် ပါမုန့်ခြောက်ကပ်ကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
ကျေးဇူးတင်ပါသည်
Welcome 🙂
အကြော်ကြော်စားသလိုမျိုးလေးတော့ ကြော်စားခဲ့ဖူးတယ် ဒီနည်းလေးက ကြည့်ပြီးစားချင်စရာလေးနော် အားရက်ကျကြော်စားမယ် နည်းသစ်လေးတခုရလို့ကျေးဇူးပါ။
ဟုတ်ကဲပ လုပ်စားကြည့်ပါနော် sis 🙂
ကျေးဇူးတင်ပါတယ်
so welcome 😉
ဟင်းချက်နည်းလေးတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ မ၀တ်ရည်
ဟင်းနည်းအသစ်လေးတွေဆို အားလုံးလိုလိုချက်စားဖြစ်တယ် 🙂
အချိန်ရရင် မုန့်ပဲဆုပ်နဲ့ မုန့်ဖက်ထုပ်လုပ်နည်းလေး ပြောပြပါဦးနော် 😉
ဟုတ်ကဲ့ ၀တ်ရည် ကလည်း ကျေးဇူးပါနော်.. Thanks 😀
ပါမုန့်ခြောက်ဆိုတာ ဘယ်လိုဟာမျိုးလဲဟင်။သိပါရစေ ။
oregano က ဘာလဲဟင် အစ်မ
အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် တမျိုးပါ sis..
ဝတ်ရည် တော်တယ်