သစ်တော်သီး ပျားရည်ပေါင်း
ထမင်းစားပြီ အချိုတည်းဖို့ အတွက် သစ်သီးသီးကို ပျားရည်၊ ၀ိုင်၊ သစ်ဂျပိုးတို့ဖြင့် နူအိသည်အထိ Poached ပြုတ်ထားပေးထားပါ။ Vanilla ရေခဲမုန့်နှင့် သစ်တော်သီးပျားရည်ပေါင်း နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ချက်နည်း ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- သစ်တော်သီး – လုံးကြီး ၂လုံး (သို့) လုံးသေး ၄လုံး
- ၀ိုင်အနီ – ၂ခွက် (၄၀၀ ဂရမ်)
- ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
- ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
- သစ်ဂျပိုး – ၁ခု
- သကြားရေ – ၁ခွက် (ရေ ၁ခွက် + သကြား(စားပွဲတင်ဇွန်း ၄ဇွန်း))
- လေညှင်းပွင့် – ၂ပွင့်
- Vanilla ရေခဲမုန့် – ၂တုံး
ပြုလုပ်နည်း
၁။ သစ်တော်သီး ဆံ့တဲ့ အိုးထဲ ပါဝင်ပစ္စည်းများဖြစ်သော (၀ိုင်နီ၊ ပျားရည်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သစ်ဂျပိုး၊ လေညှင်း၊ သကြားရည် )တို့ကို ထည့်ကာ ဆူအောင် တည်လိုက်ပါ။
၂။ ဆူလာလျှင် သစ်တော်သီး ထည့်ပြီ အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် ၁နာရီခန့် တည်ပေးပါ။
၃။ ထို့နောက် သစ်တော်သီးကို ထပ်ခြမ်းခြမ်းပြီ Vanilla ရေခဲမုန့်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ..
————————————————————–
အထူးအဆန်းလေးပဲနော်။ အမ
လုပ်စားကြည့်ပါနော် … 🙂