ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ
ဆောင်းရာသီ ခေါက်ဆွဲ နှင့် ၀က်အာပူလျှာပူလေးပါ။ ၀က်ရိုးကို ပြုတ်ပြီ ခေါက်ဆွဲ၊ ပဲပင်ပေါက် တို့နဲ့ ပူပူစပ်စပ်လေး သုံးဆောင်ရမှာပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ဝက်ပြုတ်ရည်တွင် ပါဝင်ပစ္စည်းများ
- ၀က်ရိုး – ၄ခု
- နတ်နတ်ပွင့် – ၂ခု
- သစ်ဂျပိုး – ၁ခု
- ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)
- ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
- သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
- ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
- ဆန်ခေါက်ဆွဲ – ၃၀၀ ဂရမ်
- ၀က်အူ – ၁၅၀ ဂရမ် (ကျက်အောင် ပြုတ်ပြီ ပါးပါးလှီးပါ)
- ၀က်သားလုံး – ၁၀လုံး (ကျက်အောင်ပြုတ်ပြီ ပါးပါးလှီးပါ)
- ၀က်အသဲ – ၁၀၀ ဂရမ် (ကျက်အောင် ပြုတ်ပြီ ပါးပါးလှီးပါ)
- ၀က်လျှာ – ၅၀ ဂရမ် (ကျက်အောင်ပြုတ်ပြီ ပါးပါးလှီးပါ)
- ပဲပင်ပေါက် – လက်တဆုတ်စာ (ရေနွေးဖျော်ပေးထားပါ)
- တရုတ်နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
- မုန့်ညှင်းစိမ်း – ၁စည်း
- ငရုတ်သီးစိမ်း – ၆တောင့် (ညက်အောင် ထောင်းထားပါ)
ဝက်ရိုး ပြုတ်နည်း
၁။ ၀က်ရိုးကို အရင်ဆုံး ဒယ်အိုးထဲ ရေများများထည့်ပြီ ၅မိနစ်ခန့် ပြုတ်ပြီ ပြန်ဆယ်ထားပေးပါ။
၂။ ပြီမှ Pressure cooker ထဲ သစ်ဂျပိုး၊ နတ်နတ်ပွင့်၊ ကြက်သွန်ဖြူ၊ ဂျင်း တို့ကို ၁မိနစ်ခန့် ရောမွှေပါ။
၃။ ပြီနောက် ရေ(၁လီတာခွဲ)၊ ၀က်ရိုး၊ သကြား၊ ဆား၊ ငါးငံပြာရည်၊ ပဲငံပြာရည် တို့ကို ထည့်ပြီ ၄၅မိနစ်ခန့် တည်ပေးပါ။
၎။ ၀က်ရိုးပြုတ်ရပြီဆိုလျှင် ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ။
ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ
၁။ ဇောက်ခွက်ပန်းကန်ထဲ ခေါက်ဆွဲဖတ်၊ ၀က်အူ၊ ၀က်အသဲ၊ ၀က်သားလုံး၊ တရုတ်နံနံပင်၊ ပဲပင်ပေါက်၊ မုန့်ညှင်းစိမ်း တို့ကို ထည့်ပါ။
၂။ ပြီနောက် အပေါ်မှ ပူနေသော ၀က်ပြုတ်ရည်(ယောက်ချိုဇွန်း ၂ဇွန်း)၊ ငရုတ်သီးစိမ်း(၁တောင့် မညက်တညက်ထောင်း) တို့ကို ရောမွှေပြီ အရသာရှိစွာ ခေါက်ဆွဲ နှင့် ၀က် အာပူလျှာပူ သုံးဆောင်နိုင်ပါပြီ…
——————————————————————————————————————–
ဒါလေးလဲတစ်မျိုးကောင်းတာဘဲနော်
ဝတ်ရည်ရေကျေးဇူးတင်တယ်
so welcome sis.. Plz try 😉
ဝတ်ရည်တင်သမျှ
အားလုံးအားပေးပြီး
ကိုယ်တိုင်လုပ်ကြည့်ဖြစ်တယ်
ကျေးဇူးပါပဲ နော်
ဝတ်၇ည်ကလည်း ကျေးဇူးပါနော် sis 😀
မဇာကြိုက်တယ်။
Thanks sis 😉