ပုဇွန် ပဲကြာဇံ အကြွပ်ကြော်
ဗီယက်နမ်စတိုင် ပုဇွန်ကို ပဲကြာဇံနဲ့ ပတ်ပြီ အကြွပ်ကြော်ထားတာပါ။ ပဲကြာဇံက အကြွပ်ကြော်တာမို့ ကြွပ်ရွနေပြီ ပုဇွန်ရဲ့ ချိုစိမ့်တဲ့ အရသာကြောင့် အထူးကောင်းမွန်တဲ့ အစာပြေ ချက်နည်းပါ။ လုပ်ရတာလည်းပြီ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ပုဇွန်ကျား – ၂၅၀ ဂရမ် (အမြှီချန်ကာ အချွံနွှာထားပေးပါ)
- ပဲကြာဇံ – ထုပ်ဝက်(ရ၀ ဂရမ်) (ရေဖြင့် မိနစ် ၂၀ခန့် စိမ်ထားပေးပါ)
- ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်(အချို) – စားပွဲတင်ဇွန်း တ၀က်
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
- ဂျုံမှုန့် – စားပွဲတင်ဇွန်း ၅ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးထဲ (ပုဇွန်၊ ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ) တို့ကို သမအောင် ရောနုယ်ပေးထားပါ။
၂။ ပြီလျှင် ပုဇွန်များကို ဂျုံခွက်ထဲထည့်ပြီ ဂျုံကပ်ပေးပါ။
၃။ ပြီနောက် ကြက်ဥခွက်ထဲ ဂျုံကပ်ထားသော ပုဇွန်များကို နှစ်ပေးပါ။
၎။ နောက်ဆုံးမှ ပုဇွန်များကို ပဲကြာဇံများဖြင့် ပတ်ပေးပါ။ ထို့နည်းအတိုင်း ကျန်ပုဇွန်များကို ပြုလုပ်ပါ။
၅။ ပြီနောက် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ပုဇွန်၊ ပဲကြာဇံများကို ရွှေညိုရောင်သန်းသည်အထိ ကြော်ပေးပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
၆။ ပုဇွန် ပဲကြာဇံ အကြွပ်ကြော်များ ရပြီဆိုလျှင် ခရမ်းချဉ်သီးဆော့ဖြင့် အရသာရှိစွာ အစာပြေ သုံးဆောင်နိုင်ပါပြီ…