ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော
ဗီယက်နမ်စတိုင် ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျော လုပ်နည်းပါ။ ကော်ဖီကြောင့် ခါးသက်သက် အရသာရယ်၊ အုန်းနို့ ကြောင့် ချိုစိမ့်တဲ့ အရသာရယ်၊ ဆူမွှေးကြောင့် မွှေးတဲ့ အနံ့လေးရယ် အရသာ ၂မျိုးနဲ့ အနံ့ ၁မျိုး ပေါင်းစပ်ထားတာပါ။ အရမ်းကောင်းတဲ့ အချိုပွဲလေး ဖြစ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကျောက်ကျော အမှုန့်ထုပ် – ထုပ်ဝက် (Telephone တံဆိပ် သုံးထားပါတယ်)
- ရေ – ၁လီတာ
- အုန်းနို့ ခရင်မ် – ၁ဘူး (၁၆၀ မီလီလီတာ)
- Instant ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
- အစိမ်းရောင် ဆိုးဆေးရည် – လက်ဖက်ရည်ဇွန်းတ၀က်
- သကြား – ၄၀၀ ဂရမ်
မုန့်လုပ်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန်လုံးတွင် ကျောက်ကျောမှုန့် နှင့် ရေ(၅၀၀ မီလီလီတာ) ကို ရောမွှေလိုက်ပါ။
၂။ ပြီနောက် ကျန် ရေ(၅၀၀ မီလီလီတာ)၊ သကြား(၄၀၀ ဂရမ်)ကို ဆူအောင် တည်ထားပါ။
၃။ ဆူလာလျှင် မီးလျှော့လိုက်ပြီ ကျောက်ကျောက်ရည်များ လောင်းထည့်ကာ ၁၅မိနစ်ခန့် တည်ထားပါ။ တခါတရံ မွှေပေးပါ။
၎။ ပြီနောက် ဇောက်ပန်းကန်လုံး တစ်ခုထဲ (ကျောက်ကျောရည်(၃ပုံ၁ပုံ)၊ ကော်ဖီမှုန့်) ထည့်ပြီ ကော်ဖီမှုန့်များ ပျောသွားသည်အထိ ရောမွှေပေးပါ။
မှတ်ချက် ။ ကျောက်ကျော အိုးကို မီးမပိတ်သေးပဲ မီးနည်းနည်း ဆက်တည်ထားပါ။
၅။ ပြီနောက် ကော်ဖီ ကျောက်ကျောရည်များကို မိမိကြိုက်နှစ်သက်ရာ ပုံစံခွက် ၃ပုံ၁ပုံစာ ထည့်ပေးပါ။
၆။ ပြီလျှင် နောက်ပန်းကန်လုံးထဲ အိုးထဲမှ ကျန်ကျောက်ကျောရည်ထဲ တ၀က်ကို ထည့် အုန်းနို့ထည့်ကာ သမအောင် ရောမွှေပေးပါ။
ရ။ ပြီနောက် ကော်ဖီကျောက်ကျောထည့် ထားသောပုံစံခွက်ထဲသို့ အုန်းနို့ ကျောက်ကျောရည်များကို အပေါ်မှ နောက်တစ်လွှာ လောင်းထည့်လိုက်ပါ။
၈။ ထို့နောက် ကျောက်ကျောရည်များကို အစိမ်းရောင် ဆိုးဆေးရည် ထည့်၊ ဆူမွှေးရွက်ထည့်ပြီ ရောမွှေလိုက်ပါ။
၉။ ပြီလျှင် အပေါ်ဆုံးမှ ပုံစံခွက်ထဲ အစိမ်းရောင် ကျောက်ကျောရည်များကို ထည့်ပေးပါ။
၁၀။ ကျောက်ကျောများကို အခန်းအပူချိန်ဖြင့် နာရီဝက်ခန့် အအေးခံပေးပြီမှ ရေခဲသေတ္တာထဲ ၁၀မိနစ် ထည့်ပြီ အရသာရှိသော ကော်ဖီ၊ အုန်းနို့၊ ဆူမွှေး ကျောက်ကျောကို သုံးဆောင်လို့ရပါပြီ…
ဆူမွှေးရွက်ဆိုတာ ဘာလဲဟင် အစ်မ… ဘယ်မှာ ဘယ်လို ရှာဝယ်ရမလဲ ပြောပြပါအုံး
ဆူမွှေးရွက်ဆိုတာ ဘာလဲဟင် အစ်မ… ဘယ်မှာ ဘယ်လို ရှာဝယ်ရမလဲ ပြောပြပါအုံး
can u tell me English how to call.
thanks
ဆူမွှေးရွက်က သံဈေးမှာ မေးဝယ်လို့ရပါတယ်။ ဆူမွှေးရွက်က အနံ့အတွက် ထည့်သုံးတာပါ။ မရရင် Padan flour အစိမ်းရောင် Citymart မှာ ၀ယ်လို့ရပါတယ်. 🙂
ဆူမွှေးရွက်ဆိုတာ မုန့်လက်ဆောင်းဖတ်လုပ်ရင် ထည့်တဲ့
မုန့်လက်ဆောင်းအနံထွက်တဲ့ အရွက်။ ဆူမွှေးအရွက်မရ ရင်လည်း
city martကနေ pandan flavour ဆိုပြီး ဆူမွှေးအနံဆီ သုံးရင်လည်း
အဆင်ပြေနိုင်ပါတယ်
Thanks for info 😀
မဝတ်ရည်ရေ ဆရာဝင်လုပ်တာ မဟုတ်ပါဘူး
စိတ်မဆိုးနဲ့နော် hehe
ကျေးဇူးတင်ရမှာပါကို.. Thanks 😀
မဝတ်ရည်ရဲ့ကျောက်ကျောလေးက လှလို့ စားတောင်မစားရက်ဘူး
Hee ကျေးဇူးပါရှင် 😉
သကြား 400gm မှာ ဘယ်နှစ်ကျပ်သား ရှိလဲ ရှင့်…မသိလို့ ပါနော်
100 ဂရမ်က 6.5 ကျပ်သားခန့်ရှိတယ်
ကျောက်ကျောက အရမ်းလှ