ဆူးပုတ် ကြက်ဥကြော်
မြန်မာစတိုင် ဆူပုတ်ရွက်ကို ကြက်ဥကြော်လေးပါ။ ဆူပုတ်ရယ်၊ ကြက်ဥ၊ ငရုတ်သီးနီ၊ ကြက်သွန်နီ၊ မဆလာတို့ဖြင့် ရောကြော်ထားတာပါ။ စားလို့လည်း ကောင်းတာမို့ ခုပဲ တူတူကြော်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၄လုံး
- ကြက်သွန်နီ – ၂လုံး (ပါးပါးလှီထားပါ)
- ဆူပုတ်ရွက် – ခွက်တ၀က်စာ
- ငရုတ်သီးနီ – ၃တောင့် (ပါးပါးလှီးပါ)
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
- ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန်လုံး ထဲတွင် (ကြက်ဥ၊ ဆူပုတ်၊ ကြက်သွန်နီ၊ ငရုတ်သီးနီ)တို့ကိုေ၇ာမွှေလိုက်ပါ။
၂။ ပြီလျှင် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မဆလာထည့်ပြီ ခလောက်ပါ။
၃။ ပြီနောက် ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်ဥများကို လောင်းထည့်လိုက်ပါ။
၎။ ကြက်ဥ တဖက်ကျက်မှ နောက်တဖက်ကို အသာလေးလှန်ပေးပါ။
၅။ ဆူပုတ်ကြက်ဥကြော် များ ရပြီဆိုလျှင် ၈ပိုင်းပိုင်းဖြတ်လိုက်ပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ..