ပုဇွန်ကင်
ပုဇွန်လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစာသွပ်ပြီမှ ကင်ထားတာမို့ အရမ်းစားကောင်းပါတယ်။ ခုပဲ တူတူ ကင်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
- ပုဇွန်ကျား(အကောင်ကြီး) – ၅ကောင်
- မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)
- ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)
- ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
- ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
- သကြား – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်ဥ – တ၀က် (ခလောက်ပါ)
- ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
ဆော့ရည်တွင် ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ – ၃မွှာ (နှတ်နှုတ်စဉ်းပါ)
- ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)
- ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း တ၀က်
မှတ်ချက် ။ ။ ဆော့ရည်တွင် ပါဝင်ပစ္စည်းများ အားလုံးကို သမအောင်ရောမွှေပေးပါ။
ချက်ပြုတ်နည်း
၁။ ပုဇွန်ကျားကို ရေစင်အောင် ဆေးပြီ ခေါင်းဖယ်၊ အခွံကို အလယ်ကနေ ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ပြီလျှင် ဓားဖြင့် အလယ်ကြောကို အနည်းငယ် လှီးလိုက်ပါ။
၂။ ပြီလျှင် အပေါ်မှ ဆား၊ ငရုတ်ကောင်းမှုန့် များဖြူးပေးပါ။
၃။ ပြီးလျှင် ပါဝင်သောပစ္စည်းများ ဖြစ်သော (ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ ဟင်းခတ်မှုန့်၊ သကြား၊ ခရုဆီ၊ ကြက်ဥ၊ ဂျုံ) တို့ကို ခွက်တစ်ခုထဲ ရောနယ်လိုက်ပါ။
၎။ ပြီးလျှင် ရောနယ်ထားသော အစာများကို ပုဇွန်ထဲသို့ အစာသွပ်ပေးပါ။
၅။ မီးကင်ပြားကို မကင်ခင် ဆီသုတ်ပေးပါ။ ပြီမှ ပုဇွန်များကို တဖက် ၄မိနစ်နှုန်းဖြင့် နှစ်ဖက်လှန်ပြီ ကင်ပေးပါ။
၆။ အရသာရော၊ အနံ့ပါ သင်းသည့် ပုဇွန်ကင်ကို ဆော့ရည်ဖြင့် သုံးဆောင်နိုင်ပါပြီ…
ပါပလာလုပ်နည်းလေးသိခြင်ပါတယ်။ မျှဝေပေးပါအုံးနော်။:-)
http://www.food.com/recipe/papadum-lentil-crackers-469897