ကြက်သားကင်၊ ဟင်းရွက်စုံဆလတ်သုပ်
ကြက်သားကင် နှင့် ဟင်းရွက်စုံ ဆလတ်သုပ်လေးပါ။ ကြက်သားကင်ရယ်၊ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်ဖြူ ပါမုန့်ကင် တို့ကို ဂေါ်ဖီနဲ့ ထုပ်ပြီ သုံးဆောင်ရတာပါ။ ဆော့အနေနဲ့ အီတလီယျံ ဆော့ရည်ကို သုံးထားပါတယ်။ တလုပ်စားရုံနဲ့ ချို၊ချဉ်၊ စူးရှတဲ့ အရသာအားလုံးကို တခါတည်းခံစား ရရှိစေမယ့် ဟင်းလျာတစ်ခုပါ။
အသုပ်တွင် ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ အတုံးသေးများ တုံးပါ)
- ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ)
- ဆလတ်ရွက် – လတ်တဆုပ်စာ (ရေစင်အောင် ဆေးပြီ ပါးပါးလှီးပါ)
- ဂေါ်ဖီခရမ်း – တစိတ် (ခြစ်တံဖြင့် ခြစ်ပေးထားပါ)
- ဂေါ်ဖီထုပ် – တ၀က် (ရေစင် အောင် ဆေးထားပါ)
ကြက်သားကင်တွင် ပါဝင်ပစ္စည်းများ
- ကြက်ရင်ဗုံသား – ၂၀၀ ဂရမ် (၁ခု)
- ပဲငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
- ပျားရည် – စားပွဲတင်ဇွန်း ၂ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ရေ – စားပွဲတင်ဇွန်း ၂ဇွန်း
- နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်ဖြူပါမုန့် မီးကင် (Garlic Croutons)တွင် ပါဝင်ပစ္စည်းများ
- ပါမုန့် – ၃ချပ် (လက်မ၀က်အရွယ် အတုံးများတုံးပါ)
- ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းပါ)
- ထောပတ် – စားပွဲတင်ဇွန်း ၄ဇွန်း
အီတာလီယျံ ဆော့ရည်
- ဆန်ဝိုင်ရှာလကာရည် – စားပွဲတင်ဇွန်း ၈ဇွန်း
- သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
- စပါးမုန်စပါးစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ညက်အောင် ထောင်းပါ)
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
- ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (ပါးပါးလှီးပါ)
- တရုတ်နံနံပင် – စားပွဲတင်ဇွန်း တ၀က် (ပါးပါးလှီးပါ)
မှတ်ချက် ။ ။ ဆော့ရည်အတွက် ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် အရည်ပျော်သည်အထိ ရောမွှေပေးပါ။
ကြက်သွန်ဖြူပါမုန့် မီးကင်လုပ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ထောပတ်ထည့်ပြီ အရည်ပျော်အောင် အပူပေးလိုက်ပါ။
၂။ ပြီလျှင် မီးပတ်ပြီ ကြက်သွန်ဖြူ၊ ပါမုန့်ထည့်ပြီ ထောပတ်များဖြင့် ရောမွှေလိုက်ပါ။
၃။ ထို့နောက် Oven (သို့) AirFryer ထဲထည့်ပြီ ၁ရ၀ ဒီဂရီဖြင့် ရမိနစ်ခန့် ကင်ပေးပါ။
၎။ ကြွပ်ရွတဲ့ ကြက်သွန်ဖြူ ပါမုန့်မီးကင်ကို ရရှိပါပြီ..
ကြက်သား ကင်နည်း
၁။ အရင်ဆုံး ဇောက်ခွက်ထဲတွင် (ကြက်သား၊ ပဲငံပြာရည်၊ ပျားရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ရေ၊ နှမ်းဆီ) တို့ကို ရောနုယ်ပြီမှ နာရီဝက်ခန့် နုပ်ထားပေးပါ။
၂။ ပြီလျှင် ဒယ်ကို အပူပေးပြီ နုပ်ထားသော ကြက်သားကို ထည့်ပြီ အဖုံးအုပ်ကာ မီးနည်းနည်းဖြင့် pan-grilled ကင်ပေးပါ။
၃။ ကြက်သားကင်ရပြီဆိုလျှင် ၁လက်မအရှည် ပါးပါးလှီးပေးပါ။
ဆလတ်သုပ်နည်း
၁။ ဂေါ်ဖီထုပ်ကို ခင်းပြီ အပေါ်မှ(ဆလတ်ရွက်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီခရမ်း၊ ကြက်သားကင်၊ ကြက်သွန်ဖြူပါမုန့် မီးကင်) တို့ကို ထည့်ပေးပါ။
၂။ ပြီမှ အပေါ်မှ ဆော့ရည်ကို စားပွဲတင်ဇွန်း(တ၀က်)စီ လောင်းထည့်ပေးပြီ အရသာရှိသော ကြက်သားကင်၊ ဟင်းရွက်စုံ ဆလတ်သုပ်ကို သုံးဆောင်နိုင်ပါပြီ…
After reading the recipe, decided to cook some day and then watch the photos of the dishes, oh..oh, nearly water at the mouth (salivate ), Yum Yum . Thank you.
Thanks a lot 😀 Plz try par naw 🙂