ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento
ဒီတစ်ခါတော့ သားသားမီးမီးတွေ အကြိုက် ကြက်သား နှင့် ကြက်ဥမရိုနိစ် ဆမ်ဝေ့ Bento လေးပါ။ ကြက်သားရယ်၊ ကြက်ဥကို မရိုနစ်နဲ့ ရောမွှေပြီ ဆမ်ဝေ့ပြုလုပ်ထားတာပါ။ ဆမ်ဝေ့နဲ့ တွဲဖက် သုံးဆောင်ဖို့အတွက် ကြက်ဥ နှင့် အာလူးကြော်ကို ထည့်သွင်းပေးထားပါတယ်။ ချစ်စဖွယ် ကြက်ဥလေးကိုလည်း ပုံဖော်ပေးထားတာမို့ သားသားမီးမီးတွေ ကြိုက်နှစ်သက်ကြမှာပါ။
ဆမ်ဝေ့တွင် ပါဝင်ပစ္စည်းများ
- ပါမုန့် – ၃ချပ်
- ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း (သုပ်ရန်)
- ကြက်ဥ – ၁လုံး (ပြုတ်ထားပေးပါ)
- ကြက်ရင်ဗုံ – ၁ခု (ပြုတ်ပြီ အသားများ နွှင်းထားပါ)
- မရိုနိစ် – စားပွဲတင်ဇွန်း ၂ဇွန်း
- ၀က်သားပြား – ၄ပြား (ဆီဖြင့် ကြော်ထားပေးပါ)
- ချိစ် – ၄ချပ်
- ဆလတ်ရွက် – စည်းဝက် (ရေစင်အောင် ဆေးထားပါ)
ဆမ်ဝေ့ပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ပန်းကန်ထဲ ပြုတ်ထားသော ကြက်ဥကို ကြေအောင် ခြေပေးရမှာပါ။
၂။ ပြီနောက် ပြုတ်ထားသော ကြက်သား၊ မရိုနိစ်၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ငရုတ်ကောင်းမှုန့်(အနည်းငယ်) ထည့်ပြီ သမအောင် ရောနုယ်လိုက်ပါ။
၃။ ပြီနောက် ပါမုန့်ကို ထောပတ်အနည်းငယ်သုပ်ပြီ ကြက်သား၊ ကြက်ဥ မရိုနိစ် တ၀က်ကို တင်လိုက်ပါ။
၎။ ပြီလျှင် ၀က်သားပြား၊ ချိစ်၊ ဆလပ်ရွက် တင်ပြီ ပါမုန့်တချပ် အုပ်လိုက်ပါ။ ထို့နည်းအတိုင်း ထိုပါမုန့်ပေါ်မှ ကြက်သား၊ ကြက်ဥ မရိုနိစ်၊ ဆလတ်ရွက်၊ ချိစ်၊ ၀က်သားပြားတို့ကို ထည့်ပေးပြီ အပေါ်မှ ပါမုန့် ပါအုပ်လိုက်ပါ။
၅။ ပြီလျှင် သွားကြာထိုးတံများဖြင့် ပါမုန့်ကို ထိုးပြီ ပါမုန့်ဘေးများကို ဓားဖြင့်လှီးပေးပြီ ထပ်ခြမ်းခြမ်းပေးပါ။
၆။ အရသာရှိသော ကြက်သား၊ ကြက်ဥမရိုနိစ် ဆမ်ဝေ့ကို ရရှိပါပြီ။
အာလူးကြော်နည်း
၁။ အရင်ဆုံး အာလူး ၂လုံးကို အခွံနွှာပြီ အရှည်လှီးပေးပါ။
၂။ ပြီလျှင် ဒယ်အိုးထဲ ရေများများ ဆူအောင် တည်ထားပြီ လှီးထားသော အားလူးများ ၄မိနစ်ခန့် ထည့်ပြုတ်ပါ။
၃။ ပြီလျှင် ဇကာဖြင့် ပြန်ဆယ်ပြီ ရေစစ်ထားပါ။ ဒယ်ထဲ ဆီများများထည့် ဆီပူလာလျှင် ရေစစ်ထားသော အာလူးများကို ရွှေညို ရောင်သန်းသည်အထိ ကြော်ပေးပါ။
၎။ အာလူးများ ကြော်ပြီလျှင် ဆားဖြူးပေးပါ။
ကြက်ဥ ပုံဖော်နည်း
၁။ အရင်ဆုံး ကြက်ဥ တစ်လုံကို ပြုတ်ပြီ ခေတ္တ အအေးခံထားပါ။
၂။ ပြီလျှင် သွားချွန်ပါသော ပုံဖော်တံဖြင့် ကြက်ဥအလယ်ကို ချွန်တံဖြင့် ပုံဖော်ပေးပါ။
၃။ ပြီနောက် အလယ်မှ ကြက်ဥအကာကို ဖယ်လိုက်ပါ။
၎။ ထို့နောက် မျက်လုံးအတွက် ရေညိုရွက်ဖြင့် အ၀ိုင်းသေးပြုလုပ်ပါ။ နှာခေါင်းကို မုန်လာဥနီ ဖြင့် အတုံးသေး ပြုလုပ်ပါ။
၅။ ကြက်ဥ ပုံဖော်ထားတာ ရရှိပြီဆိုလျှင် ဆမ်ဝေ့ bento စပြင်ပါတော့မည်။
ဆမ်ဝေ့ bento လုပ်နည်း
၁။ အရင်ဆုံး မုန့်ဘူးထဲ ဆမ်ဝေ့ထည့်၊ အာလူးချောင်းကြော်၊ ကြက်ဥ ထည့်ပြီ စားချင်စဖွယ်ကောင်းတဲ့ ဆမ်ဝေ့ bento ကို ရရှိပါပြီ…
It’s really nice post..
It is really interesting for my children. I want to do like this.
မရိုနိစ် ဆိုတာ ဘာလဲဟင် မသိလို့ပါ လုပ်စားချင်လို့ပြောပြပေးပါနော်